Up to Top 6

ဒီနေ့ မနက် 2 နာရီခွဲမှာတော့ EPL Round 15 ၏ နောက်ဆုံး ကျန်ရှိနေသည့် ပွဲစဉ် တပွဲ ကစားသွားခဲ့၏။ Wolves vs United ၏ ပွဲစဉ် ဖြစ်လေ၏။ United က 1-4 ဖြင့် အနိုင်ရရှိသွားခဲ့လေ၏။ နိုင်လည်း နိုင်ဦးမှ။ Wolves က လက်ရှိမှာ ဇယား အောက်ဆုံးမှာ ရပ်တည်နေ၏။ ဒီအသင်းကိုမှ မနိုင်ရင် United အနေဖြင့် ပိုပြီး ပြောစရာ ဖြစ်သွားပေလိမ့်မည်။

ဂိုးပြတ် အနိုင်ရတယ် ဆိုပေမယ့် ခြေစွမ်းအရ အရမ်းအကောင်းကြီးတော့ မဟုတ်သေးပေ။ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်၏။ ဘာပဲပြော နိုင်သင့်သည့်ပွဲ နိုင်ခဲ့သည်မို့ အသိအမှတ်တော့ ပြုရပေလိမ့်မည်။ ရှေ့ပွဲစဉ်တွေမှာသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အမှတ်တွေလည်း ပိုရပေလိမ့်မည်။ လက်ရှိ ရပ်တည်နေတဲ့ အဆင့်ထက်ကို ပိုမြင့်သည့် နေရာမှာ ရပ်တည်နိုင်ပေလိမ့်မည်။

ယခု နိုင်ပွဲကြောင့် United အနေဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့၏။ အဆင့် ၁ က Arsenal နဲ့ ၈ မှတ်တိတိ ကွာနေပါသေး၏။ အဆင့် ၁ ကတော့ မမှန်းရဲပါဘူး။ ဒီအတိုင်း အမှတ် ကွာဟချက်ကို တွက်ချက်ပြရုံသာ။ ဒီနှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရရင်ကို ကျေနပ်စရာ ကောင်းနေပါပြီ။

ဒီကြားရက်ထဲမှာ ချန်ပီယံလိဂ် ပွဲစဉ်များ ကစားသွားဖို့လည်း ရှိနေပါသေးတယ်။ United မကန်ရတဲ့ ပွဲစဉ်တွေပေါ့။ Round 6 ပွဲစဉ်တွေ ဖြစ်ပါတယ်။ ခု Round ပြီးသွားရင် နောက်ထပ် ကစားဖို့ ၂ ပွဲပဲ ကျန်ပါမယ်။ ဒီ Round ကစားပြီးရင် Round of 16 တိုက်ရိုက် တက်နိုင်တဲ့ အသင်းတွေ ပေါ်ထွက် လာနိုင်ပေမယ့် အများစုကတော့ Round 7 ပြီးမှပဲ ပြောနိုင်ပါမယ်။ သေချာတာကတော့ နောက်ဆုံးပွဲစဉ်တွေထိ အကြိတ်အနယ် ရှိနေမှာပါ။

Round 5 ကစားပြီးချိန်ထိ England အသင်းတွေ အခြေအနေ ကောင်းနေဆဲပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ တိုက်ရိုက် တက်ရောက်မယ့်အသင်း၊ playoff ကစားရမယ့်အသင်း အစရှိသဖြင့် ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာမလဲက စိတ်ဝင်စားစရာပါ။ United အနေဖြင့် ဒီနှစ် EPL မှာ Top 4 ဝင်ပြီး လာမယ့်နှစ်မှာ UCL ကစားခွင့် ရမယ်ဆိုရင် United fan တွေ အတွက် ပိုပြီး ပျော်ဖို့ ကောင်းမှာ အသေအချာပါပဲ။

(photos from Premier League Page)



0
0
0.000
0 comments