United is Eliminated by Brighton

United တို့ရဲ့ FA Cup ခရီးစဉ်ကတော့ Round 3 အဆင့်မှာပဲ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ည ၁၁ နာရီဆိုတော့ ကြည့်မိ၏။ နောက်ဆို United ပွဲတွေကို မနက် ၁ နာရီ နောက်ပိုင်းသာ ရှိစေချင်၏။ အိပ်ချိန်နဲ့ တိုက်နေတော့ မကြည့်ဖြစ်တော့လောက်ပေ၊ မကြည့်ဖြစ်ရင် စိတ်မညစ်ရတော့ပေ။ ခုတော့ ကိုယ်တွေမှာ ဝဋ်ကြွေး ဆပ်နေရသည့်နှယ်။

မနေ့ညက ပွဲစဉ်မှာ ပြောစရာတွေမှ အများကြီး များလွန်းလို့ ပြောကို မပြောချင်တော့ပေ။ အသိသာဆုံး အချက်က ကစားသမားတွေ ဖြစ်၏။ ဒီကစားသမားတွေနဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ တခုထဲ တလုံးထဲသော ဖလား မျှော်လင့်ချက်‌သည်လည်း ရေစုန်မျောလို့ သွားခဲ့ရ၏။ ကိုယ့်အိမ်ကွင်းမှာ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် ကောင်းစွာ အသုံးမချနိုင်ခြင်းက အတော်ဆိုးလှ၏။ အားကြိုးမာန်တက် မရှိလှသော ကစားသမားတွေကြောင့် come back နိုင်ခဲ့ခြင်းလည်း မရှိတော့ပေ။ ကံကြမ္မာ မျက်နှာသာ မပေးဘူး ဆိုတာထက် ကိုယ်တွေ၏ ခြေစွမ်းကကို ညံ့နေခဲ့ခြင်း ဖြစ်၏။

ဒီကစားသမားတွေနဲ့ ဘယ်နည်းပြလာလာ ဘာမှ ထူးခြားလာဖို့ မရှိတော့ပေ။ Darren Fletcher အနေနဲ့ နှစ်ပွဲသာ ကိုင်တွယ်ခွင့် ရမယ် ဆိုထား၏။ ခုတော့ တပွဲသရေ တပွဲရှုံး ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရလေတော့၏။ လက်ရှိ နာမည်ထွက်နေသည့် နည်းပြတွေကလည်း United ၏ ဂန္တဝင်ကစားသမားဟောင်းတွေချည်းပင် ဖြစ်၏။ အဆိုပါ ကစားသမားဟောင်းကြီးတွေ အနေနဲ့ United ကို တကျော့ပြန်လာပြီး တောက်ပဖို့ထက် အဆူအဆဲ အပြောအဆို ခံကြရမှာ မြင်ယောင်နေပါသေး၏။

Series A ဖက် ကြည့်ရင် မနက် ၂ နာရီ ၁၅ မိနစ်မှာ Round 20 ပွဲစဉ် အဖြစ် Inter Milan vs Napoli တို့ ကစားခဲ့၏။ တဖက် ၂ ဂိုးစီ သရေကျသွားခဲ့လေ၏။ လက်ရှိမှာ Inter Milan က ၄၃ မှတ်ဖြင့် အဆင့် ၁ Napoli က ၃၉ မှတ်ဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့၏။ AC Milan က အမှတ် ၄၀ ဖြင့် အဆင့် ၂ နေရာမှာ ရပ်တည်နေ၏။ လက်ကျန် Series A ပွဲစဉ်တွေကလည်း ကြည့်လို့ ကောင်းပေလိမ့်မည်။

မနက် ၁ နာရီခွဲမှာ နောက်ထပ် ပွဲစဉ် ပွဲကောင်းတပွဲလည်း ရှိနေခဲ့၏။ စပိန် Super Cup Final အဖြစ် Barcelona vs Real Madrid တို့ ယှဉ်ပြိုင်ကစားကြ၏။ အပြန်အလှန် သွင်းဂိုးတွေနှင့် 3-2 ဖြင့် Barcelona က အနိုင်ရသွားခဲ့လေ၏။ ၂ နှစ်ဆက် ချန်ပီယံ အဖြစ် Barcelona တို့ အောင်ပွဲ ခံသွားခဲ့လေ၏။ Real Madrid အနေဖြင့် ဗိုလ်လုပွဲမှာ ၂ နှစ်ဆက် ရှုံးနိမ့်သွားခဲ့ရလေ၏။

နက်ဖြန် မနက် ၁၂ နာရီမှာတော့ Al Hilal vs Al Nassr တို့၏ Saudi Arabia Pro League ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ အမှတ်ကွာဟမှု လျော့ချနိုင်ဖို့ ယခုပွဲစဉ်ကို Al Nassr တို့ အနိုင်ကစားသွားဖို့ လိုမည် ဖြစ်၏။ ယခု ပွဲစဉ်ကိုသာ ထပ်မံ ရှုံးနိမ့်သွားမယ် ဆိုရင် အမှတ် ဒီထက် ပိုပြတ်သွားနိုင်၏။ အဓိက ကစားသမား တဦး ဖြစ်သည့် Mane လည်း AFCON ပြိုင်ပွဲကနေ ပြန်လာပြီ ဆိုတော့ ယခုပွဲစဉ်မှာ ပါဝင်သွားမယ် ထင်ပါရဲ့။

_(photos from Man United & Al Nassr pages)



0
0
0.000
2 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000