UCL Night's

Champion League ပွဲစဉ်များ ပထမရက်တော့ ကစားပြီးခဲ့ပြီ။ နက်ဖြန်မှာ ကျန်ပွဲစဉ်တွေ ကစားမည် ဖြစ်၏။ Liverpool vs Man United ပွဲပြီး မကြာမီမှာ UCL ကန်ကြရခြင်း ဖြစ်၏။ ထို့ကြောင့်လည်း troll, meme တွေနှင့် စနောက်နေကြတော့၏။ ငါတို့က ခုမှ လေတိုက်မလို့ လုပ်တုန်း ရှိသေး UCL က ကန်ကြတော့မှာလား အစရှိသဖြင့်ပေါ့။
အုပ်စု ပွဲစဉ်တွေကိုမှ ပွဲချိန်စောရင်တော့ ကြည့်ဖြစ်ပါ၏။ ည ၁၁ နာရီ ၁၅ မိနစ် ပွဲချိန်ဆိုရင် သိပ်မဆိုးပေမယ့် မနက် ၁ နာရီခွဲချိန်တွေကြ မကြည့်နိုင်တော့ပေ။ မနှစ်က United က Europa League ကန်နေရသေးတော့ ဥရောပ ပွဲစဉ်တွေကို စောင့်ကြည့် ဖြစ်သေး၏။ မနှစ်က Final မှာ Tottenham ကိုသာ နိုင်ခဲ့ရင် ခုချိန် UCL ကန်နေရပြီ။ ဒါပေမယ့် တမျိုးတော့လည်း ကောင်းပါတယ်လေ။ အိပ်ရေး မပျက်တော့ဘူးပေါ့။

United ပါပါ မပါပါ UCL ပွဲစဉ်တွေက ကြည့်ကောင်းနေမှာပါပဲ။ United ပါရင်တော့ ရုပ်သံ ကြည့်ရှုသူ ပိုများမှာပေါ့လေ။ ဒီတပတ်က Round 3 ပွဲစဉ်တွေ ဖြစ်၏။ ပထမနေ့မှာ ပွဲစဉ် ၉ ပွဲ၊ ဒုတိယနေ့မှာ ပွဲစဉ် ၉ ပွဲ၊ ပွဲစဉ် ၁၈ ပွဲ၊ ၃၆ သင်း ကစားကြခြင်း ဖြစ်၏။ ရှေ့ Round တွေထက် ဒီ Round 3 က ပိုလို့ပင် ကြည့်ကောင်းနေသည်ဟု ပြောရမယ်ထင်။ ဂိုးပြတ်တွေချည်းပဲ။ အနီကဒ်တွေလည်း များ၏။
ဂိုးမရှိ သရေကျသည့် Kairat Almaty vs Pafos FC ပွဲစဉ်ကလွဲလို့ ကျန်ပွဲစဉ်တွေက အနည်းဆုံး ၂ ဂိုးအထက် ပွဲစဉ်တွေ ချည်းပင် ဖြစ်၏။ Barcelona က Olympiacos ကို 6-1, Arsenal က Atletico Madrid ကို 4-0, PSG က Leverkusen ကို 2-7, PSV က မနှစ်က Series A ချန်ပီယံ Napoli ကို 6-2, EPL မှာ သိပ် အစွမ်း မပြထားနိုင်တဲ့ New Castle တောင် အိမ်ကွင်းမှာ Benfica ကို 3-0 ဖြင့် အနိုင်ရခဲ့၏။ Villarreal vs Man City တို့၏ ပွဲစဉ်က လွဲလို့ ကျန်ပွဲတွေက နှစ်သင်းပေါင်း သွင်းဂိုး 2 ဂိုး အထက်တွေ ချည်း ဖြစ်၏။
ဒုတိယနေ့မှာတော့ EPL က Chelsea, Liverpool, UCL ဘုရင်ကြီး Real Madrid, ဂျာမန် ဘီလူးကြီး Bayern Munchen တို့၏ ပွဲစဉ် တွေလည်း ကျန် ရှိနေပါသေး၏။ နောက်ဆုံး 4 ပွဲဆက် ရှုံး နိမ့်ထားသည့် Liverpool အသင်း အနေဖြင့် Frankfurt ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ ရှုံးပွဲဆက်နေမှုကို သူတို့ ရပ်တန့် နိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။