Top One

avatar

ဆင်ပျံကြီး Arsenal လန်ဒန် ဒါဘီမှာ Tottenham ကို ဂိုးပြတ်နှင့် အနိုင်ယူကာ သို့လော သို့လော ဖြစ်မှုတွေကို အဆုံးသတ်စေခဲ့၏။ ယခု နိုင်ပွဲ နှင့်အတူ နှစ်ပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့လေ၏။ ဆန့်ကျင်ဘက် အနေနဲ့ Tottenham ကတော့ ၉ ပွဲဆက် နိုင်ပွဲမရသည့် စံချိန်ကို ရသွားခဲ့လေ၏။ ဒါဘီပွဲ ဖြစ်သည်နှင့်အညီ ပွဲက အကြိတ်အနယ် ရှိလှ၏။ ပထမပိုင်းမှာ တဖက် ၁ ဂိုးစီဖြင့် သရေကျနေခဲ့၏။ အပြန်အလှန် တိုက်စစ် ဆင်မှုတွေနှင့် ပွဲက ပြိုင်ဆိုင်လှ၏။

ဒုတိယပိုင်းမှာတော့ Arsenal တို့ ဦးဆောင်ဂိုးတွေ ၁ ဂိုးပြီး ၁ ဂိုး ထပ်မံ ရယူသွားခဲ့လေ၏။ သွင်းဂိုးတွေ နှင့်အတူ အနိုင် ၃ မှတ်ကို အရယူပြီး ၁ ပွဲ အသာဖြင့် Man City ကို ၅ မှတ် ဖြတ်ထားနိုင်ခဲ့၏။ Arsenal တို့ မနေ့က ကစားပုံက Wolves အသင်း ပွဲစဉ်တုန်းကနှင့် မတူတော့ဘဲ မနားတမ်း တိုက်စစ်ဆင် ကစား၏။ ၁-၃ ဖြင့် နိုင်နေချိန်မှာတောင် အချိန်ဆွဲခြင်း ပွဲကို ထိန်းကစားခြင်း မရှိဘဲ ပြိုင်ဘက်ကို တောက်လျောက် ဖိအားပေး ကစားခဲ့လေ၏။

အကယ်၍များ Man City နှင့် အမှတ်တူ ဂိုးကွာခြားချက်အရ ချန်ပီယံ ဖြစ်ခွင့် ဘာညာတွေ ရှုပ်လာမည်ကို စိုးရိမ်သဖြင့် ဂိုးတွေ ရသလောက် သွင်းနေခဲ့လေသလားတော့ မပြောတတ်ပေ။ လက်ရှိမှာ Arsenal က ၁ ပွဲ အသာနှင့် GD +35, City က GD +31 ဖြစ်လေ၏။ မနှစ်က နာကျင်ဖွယ် အမှတ်တရကြောင့် ဒီရာသီမှာ အမှတ် ဖြတ်နိုင်ဖို့ ဂိုးများများ သွင်းနိုင်ဖို့ကို သူတို့ ဦးတည် ထားသည့် ပုံပင်။ Arsenal အနေဖြင့် အမှတ်ဖြတ်ပြီး အဆင့် ၁ နေရာမှာ ဆက်၍ ရပ်တည်နေပေမဲ့ Tottenham အနေနဲ့ ယခု ရှုံးပွဲကြောင့် အဆင့် ၁၆ နေရာထိ ရောက်သွားခဲ့လေ၏။

Liverpool အသင်း အနေဖြင့် ပွဲပြီးခါနီး နာကျင်အချိန်ပို ရောက်ခါမှ Mac Allister ၏ သွင်းဂိုးဖြင့် Nottm Forest ကို အနိုင်ရယူကာ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့၏။ ယခု ရှုံးပွဲကြောင့် Nottm Forest အသင်း အနေဖြင့် တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေခဲ့၏။ အဆင့် ၁၆ နေရာက West Ham သာ ဒီတပတ်မှာ နိုင်ပွဲရခဲ့ရင် Nottm Forest တို့ အတွက် စိတ်ပူစရာ အခြေအနေ ဖြစ်လာနိုင်၏။

လက်ရှိမှာလည်း စိတ်သေလက်ချ နေလို့တော့ မရသေးပေ။ West Ham က ၂၅ မှတ်၊ Nottm Forest က ၂၇ မှတ်၊ Tottenham က ၂၉ မှတ်ဖြင့် အသီးသီး အစဉ်လိုက် ရပ်တည်နေ၏။ နိုင်ပွဲတွေ ပျောက်ဆုံးနေသည့် Tottenham အတွက် အခြေအနေက စိုးရိမ်ဖို့ ကောင်းနေ၏။ United အသင်းကတော့ နက်ဖြန် မနက် ၂ နာရီခွဲမှာ Everton အသင်းနှင့် အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ Amorim လက်ထက် ပ‌ထမကျော့ အိမ်ကွင်းမှာ တယောက်အသာနှင့်ကို ၀-၁ ဖြင့် ရှုံးနိမ့်ထားမှုကို ပြန်လည်လို့ ချေပသွားနိုင်မလားက စောင့်ကြည့်ရပေလိမ့်မည်။

(photos from Premier League Page)



0
0
0.000
0 comments