Together

ဒီရက်ပိုင်းထဲ Delegate လုပ်ထားတဲ့ Hive power အချို့ကို undelegate လုပ်ရ၏။ Project developer ကိုယ်တိုင်က undelegate လုပ်ဖို့ ပြောထားသောကြောင့် ဖြစ်၏။ ပုံစံအသစ်၊ အသွင်ပြောင်းပြီး လာမှာမို့ စောင့်မျှော်ပေးဖို့ကိုလည်း သူက တပါတည်း မှာထားသေး၏။ ပိုကောင်းလာမယ် ဆိုရင်တော့ ကောင်းပါ၏။ တော်နေကြာ tokens တွေ ပိုက်ဘောမိနေသလို ဖြစ်သွားမှဖြင့်။
နို့ Hive မှာက အသုံး မဝင်၊ သုံးမဖြစ်ဘူးဆိုတဲ့ tokens တွေမှ မရှိတာ။ အားလုံးက သူ့နေရာနဲ့သူ အသုံးဝင်သည် မဟုတ်လား။ ဈေးနှုန်းအားဖြင့် မများတာပဲ ပြောစရာ ရှိ၏။ သူ့ ဈေးတန်းနဲ့သူတော့ မဆိုးဟု ပြောလို့ရပါ၏။ Tag အဖြစ်ထည့်ရင်းကနေ ရသည့် tokens တွေ၊ Staking လုပ်ထားခြင်းကနေ ရတဲ့ tokens တွေ၊ Power delegate လုပ်ထားခြင်းကနေ ရတဲ့ tokens တွေ၊ အချင်းချင်း လက်ဆောင် ပေးရင်းကနေ ရတဲ့ tokens တွေ အစရှိသဖြင့် တဖြည်းဖြည်း tokens တွေ များတော့ များလာခဲ့လေပြီ။
တချို့တွေကို ထုတ်ရောင်းပြီး တချို့တွေကိုတော့ ဆက်ကိုင်ထားပြီး အနာဂတ်အတွက် မျှော်မှန်းထားလို့ ရသည် မဟုတ်လား။ TribalDex ထဲ ရက်ခြား ဝင်ဝင်ကြည့်ရတာလည်း အမော။ ဘယ် tokens လေးတွေ ဘယ်လောက်ရှိနေပြီး ဘယ်ဈေးပေါက်နေလဲ အစရှိသဖြင့်ပေါ့လေ။

စာရေး ပိုစ့်တင်သည့် အပိုင်းကိုလည်း တချက် ပြန်သုံးသပ်ဖို့တော့ လိုမည်။ မြန်မာလိုပဲ ရေးတင်နေတာက ထင်တာထက်၊ မျှော်မှန်းထားသလောက် vote မရနေပေ။ မြန်မာ အဖွဲ့မှာ power အများကြီးရှိသူတွေ များများလေး ရှိလာရင်တော့ တမျိုးပေါ့။ ဂိမ်းပိုစ့် ဘာညာတွေ ရေးရင်တော့ အဆင်ပြေလောက်၏။ ကျနော်တို့ မြန်မာအဖွဲ့ထဲမှာလည်း ဂိမ်းပိုစ့်တွေ ရေးတင်နေကြသူတွေ အတော်လေးများ၏။
အဲ ကျနော်လည်း ဆော့ပေမယ့် ကျနော်ကစားသည့် MOON ဂိမ်း ပိုစ့်တွေက vote support မပေးပေ။ နောက်တော့ ပေးလာမလားတော့ မပြောတတ်သေးပေ။ လောလောဆယ်မှာ pizza က vote လာပေးနေတယ် ဆိုတာက pizza staking လုပ်ထားသောကြောင့် ဖြစ်၏။ MOON ဂိမ်းအကြောင်းကို pizza community မှာ သွားတင်ပေမယ့် သိသိသာသာ vote ရနေတာမျိုးတော့ မရှိပေ။
Rising Star ဂိမ်းပိုစ့်တွေကတော့ သိသိသာသာ vote ရလေ့ ရှိ၏။ Card တွေ ဝယ်ရတယ် ဆိုပေမယ့် ဂိမ်းအကြောင်း ပိုစ့်တင်ရင်းကနေ vote ရသဖြင့် ဘဲစား ဘဲချေတော့ ဖြစ်နေသေးတာပါပဲ။ အမြတ် အနေနဲ့ Hive power စုလို့ ပိုကောင်းလာနိုင်တာပေါ့။ လှေကြီးထိုး ရိုးရိုးသွားနေတာထက် တီထွင် ကြံဆမှု ရှိဖို့ လိုလာပြီ ဖြစ်၏။ ကိုယ့် မိတ်ဆွေတွေ ဘယ်လို လုပ်နေလဲ ဆိုတာကို လေ့လာရပေလိမ့်မည်။
Hive မှာ လျှောက်လှမ်းနေတာ ကြာခဲ့ပြီ ဖြစ်ပေမယ့် မသိသေးတာတွေက အများသားလား။ တနေ့က မြန်မာကိုကိုရဲ့ ပိုစ့်ပဲ ကြည့်။ Hive မှာ တလ income ဘယ်လောက်ရလဲ ဆိုတာ ကြည့်လို့ရသည့် နည်းကို မျှဝေထား၏။ ဒါကိုသာ ခပ်စောစောလေး သိခွင့်ရခဲ့ရင် ကောင်းမှာ။ ခုတော့ ပြီးခဲ့တဲ့ တလလုံး တနေ့ ဘယ်လောက်ရတယ်ဆိုတာ note ထဲ လိုက်ရေးမှတ်နေခဲ့ရတာ။ ဒီနည်းကိုသာ သိခဲ့ရင် ပိုပြီး လွယ်ကူအဆင်ပြေမည် မဟုတ်လား။ ခုလည်း နောက်တော့ မကျသေးပါဘူး။
Hive မှာက ဒီလိုပါပဲ အချင်းချင်း ကိုယ်မသိတာ သူပြောပြ၊ သူ မသိတာ ကိုယ်ပြန်ရှင်းပြနဲ့ ချစ်ဖို့ကောင်း၏။ Steemit ကနေ စခဲ့တဲ့ ဒီအစုအဖွဲ့လေး ခုထိ တစုတစည်းထဲ ရှိနေသေးတာကကို ဝမ်းမြောက် ဂုဏ်ယူမိပါ၏။
ကိုယ်တွေတော့ ဘာမှမသိ။
သိသူတွေ ဝေမျှတာ ကြည့်နေရတာ။
!LOLZ
!MEME
lolztoken.com
Lots of training
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!