သုံး မှတ်တော့ ရပါရဲ့

ရှုံးတုန်းက ပြောဆိုနေပြီး နိုင်တော့ မချီးကျူးဘူးလားဟု မေးစရာ ရှိ၏။ ချီးကျူးရလောက်အောင်ထိ မဟုတ်သေးပေ။ Burnley ကို အိမ်ကွင်းမှာ ကစားရ၏။ သာသာယာယာ ဖြစ်ရမယ့်ပွဲကို အသည်းအသန်တွေ ကစားနေရ၏။ ကိုယ်က ဦးဆောင်ဂိုးတွေ သွင်းပေမယ့် တဖက်ကလည်း ပြန်လည် ချေပနိုင်နေတော့ ထင်သလောက် မလွယ်နေပေ။ နောက်ဆုံး မိနစ်မှာ ရသည့် ပင်နယ်တီလေးကြောင့်သာ အသက်ရှူ ချောင်သွားခဲ့ခြင်း ဖြစ်၏။ ယခုရာသီအတွက် ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့၏။ ၃ မှတ် ရဖို့ အတော်လေး ကြိုးစားခဲ့ရ၏။

နိုင်လို့ စိတ်သက်သာရာ ရပေမယ့် မပျော်နိုင်သေးပေ။ ခြေစွမ်းပိုင်းအရ အများကြီး လိုအပ်နေသေး၏။ ဘာပဲ ပြောပြော ယခုနိုင်ပွဲကြောင့် ကစားသမားတွေအဖို့ စိတ်ဓါတ်ပိုင်းအရ ပြန်လည် မြင့်တက်လာနိုင်တယ်လို့ မျှော်လင့်မိပါ၏။ ကစားသမား အသစ်တွေလည်း အကောင်းဆုံး ကစားသွားကြ၏။ အထူးသဖြင့် Mbeumo အတော်လေးရုန်းပေးသွား၏။ Cunha လေး ဒဏ်ရာ ရသွားတာကတော့ အဆင်မပြေ။ ကြီးကြီးမားမား မဖြစ်ဖို့ မျှော်လင့်ပါရဲ့။

Chelsea ကလည်း အိမ်ကွင်းမှာ Fulham ကို 2-0 ဖြင့် အနိုင်ရသွားခဲ့၏။ ဥရောပ ဖလားစုံ ရယူထားသည့် တသင်းထဲသော အသင်း Chelsea အနေဖြင့် ဒီနှစ်မှာ အတော်လေး ဟုတ်နေခဲ့၏။ Round 2 မှာတုန်းက City ကို အဝေးကွင်းမှာ 0-2 နဲ့ နိုင်ထားလို့ ဟုတ်နေတယ်ဟဆိုပြီး ချီးကျူးမိထားတဲ့ Tottenham က ဒီတပတ်မှာ ယောင်းမ မြင်းစီး ထွက်လေတော့၏။ အိမ်ကွင်းမှာ Bournemouth ကို 0-1 နဲ့ ရှုံးနိမ့်လို့ သွားခဲ့၏။

ဒီနေ့ မြန်မာစံတော်ချိန် ည 10 နာရီမှာတော့ Super Sunday ရဲ့ အကောင်းဆုံး ပွဲစဉ်ဟု ပြောလို့ရမယ့် Liverpool vs Arsenal တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ နှစ်သင်းလုံးက 2 ပွဲကစားပြီး 2 ပွဲလုံး နိုင်ထားတဲ့ အသင်းတွေ။ မနှစ်က ပထမနဲ့ ဒုတိယတွေ။ ဒီရာသီ Liverpool က မနှစ်က ချန်ပီယံ Liverpool ထက် အနည်းငယ် အားနည်းနေသလိုပဲ။ Arsenal ကတော့ မနှစ်ကထက်စာရင် နည်းနည်း ပိုကောင်းလာသလို ရှိ၏။

ရာနှုန်းပြည့်နိုင်ပွဲ၊ တနည်းအားဖြင့် အမှတ်ကို ရရင် ရသလို ရအောင်ယူထားနိုင်မှ ချန်ပီယံ အိပ်မက် မက်ခွင့်ရှိမှာမို့ နှစ်သင်းလုံး အကောင်းဆုံး ကြိုးစားကြပေလိမ့်မည်။ Round 1 မှာ United ကို အဝေးကွင်းမှာ အနိုင်ရခဲ့သည့် Arsenal တို့ ယခု Round 3 မှာကော Liverpool ကို အခက်တွေ့အောင် လုပ်နိုင်ဦးမလားပေါ့။ ဒါမှမဟုတ် အိမ်ရှင် Liverpool ကပဲ Arsenal ကို အနိုင်ယူသွားနိုင်မလား။ ဘယ်သူကမှ ဘယ်သူ့ကို အနိုင်မယူဘဲ တယောက် တမှတ်စီပဲ ခွဲဝေယူသွားမလား။

တဦးထဲ အမြင်အရ သရေကျခဲ့ရင်တော့ ပိုကောင်းပါတယ်လေ။ အသင်းတွေကြား အမှတ် သိပ်မပြတ်တော့ဘူးပေါ့။

(photos from Manchester United page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.
You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the September edition of the Hive Power Up Month!
Hive Power Up Day - September 1st 2025
0
0
0.000