The Top One

EPL Round 20 ၏ ပွဲစဉ်အချို့ကို မနေ့က ကစားသွားခဲ့၏။ ကစားသွားသည့် ပွဲစဉ် ၄ ပွဲလုံး အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ Aston Villa က Nottm Forest ကို 3-1 ဖြင့်၊ Brighton က Burnley ကို 2-0 ဖြင့်၊ Wolves က West Ham ကို 3-0 ဖြင့်၊ Arsenal က Bournemouth ကို 2-3 ဖြင့် အသီးသီး အနိုင်ရယူသွားခဲ့ကြ၏။ မနေ့က ၄ ပွဲမှာ အိမ်ရှင် အသာစီးရသည့်ပွဲစဉ် ၃ ပွဲတိတိ ပါဝင်နေခဲ့၏။ ထူးခြားတာကတော့ Wolves အသင်း ဖြစ်လေ၏။

Old Trafford မှာ သင်တန်းများ တက်လာခဲ့လေသလားပေါ့။ ပြီးခဲ့သော အဝေးကွင်း ပွဲစဉ်မှာ United ကို သရေကစားနိုင်ခဲ့ပြီး ဒီတပတ်မှာတော့ နိုင်ပွဲတွေ ဘာတွေတောင် ရသွားခဲ့၏။ ယခုပွဲစဉ်က သူတို့၏ EPL ပထမဆုံး နိုင်ပွဲလည်း ဖြစ်ချေ၏။ ရာသီဝက် ပြီးချိန် ရောက်မှ သူတို့ နိုးထဖို့ ပြင်ဆင်ကြပြီ ထင်ပါရဲ့။ Old Trafford ကွင်းကြီးကနေ ဘာတွေ သင်ယူခဲ့လေသလဲဟုလည်း တွေးနေမိ၏။ ပထမပိုင်းမှာတင် အဆိုပါ ၃ ဂိုးလုံးကို သွင်းယူထားခဲ့ခြင်း ဖြစ်၏။ ယခု အရှုံးကြောင့် West Ham အနေဖြင့် ရုန်းလေ နစ်လေ ဖြစ်နေပြီ ထင်ပါရဲ့။ လက်ရှိမှာ အဆင့် ၁၈ နေရာမှာ သူတို့ ရပ်တည်နေ၏။

West Ham နောက် လိုက်လာသည့်အသင်းက Nottm Forest ဖြစ်၏။ Aston ကို ရှုံးပြီး အဆင့် ၁၇ နေရာသို့ သူတို့ ရောက်ရှိနေခဲ့ပြီ။ တန်းဆင်းဇုန်က West Ham နဲ့ ၄ မှတ်သာ ကွာသည်မို့ ဂရုစိုက်ရမယ့် အနေအထားပင်။ နောက်ပွဲစဉ်တွေကို အာရုံစိုက်ထားဖို့ လိုမည်။ Burnley ကလည်း Brighton ကို ရှုံးနိမ့်သွားသည်မို့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေ၏။ Bournemouth ကို 2-3 ဖြင့် အနိုင်ယူပြီး Arsenal ကတော့ နိုင်ပွဲဆက်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထား၏။

ဒီနေ့မှာ Round 20 ၏ ကျန်ပွဲစဉ် 6 ပွဲ ကစားသွားဖို့ ရှိနေ၏။ ည ၇ နာရီမှာ အစောဆုံး ပွဲစဉ်အဖြစ် Leeds vs Man United တို့၏ ပွဲစဉ် ကစားသွားမည် ဖြစ်၏။ ခုနောက်ပိုင်း ပွဲစဉ်တွေမှာ form ပြန်မှန်နေပြီး အိမ်ကွင်းမာသည့် Leeds ကို United တို့ ကျော်ဖြတ်နိုင်ဖို့ရာ ခက်ခဲလှပေ၏။ ဘာတွေ ဆက်ဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပင်။

မနက် ၁၂ နာရီမှာတော့ Super Sunday ၏ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမယ့် Man City vs Chelsea တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ ရှေ့ပွဲစဉ်မှာ Sunderland ကို သရေကျပြီး Arsenal နဲ့ အမှတ် အနည်းငယ် ကွာဟသွားသည့် City တို့ အနေဖြင့် ဒီတပတ်မှာ Chelsea အသင်းကို ဖြတ်ကျော်ရပေလိမ့်ဦးမည်။ ယခု ပွဲစဉ်မှာပါ အမှတ်ခွဲဝေ ပေးရဦးမယ်ဆိုရင် Arsenal နဲ့ ယခုထက်ပိုပြီး အမှတ်ကွာဟသွားနိုင်၏။ Chelsea အနေနဲ့ကလည်း UCL ဝင်ခွင့်အတွက် တိုက်ပွဲ ဝင်ရဦးမှာဆိုတော့ ပွဲကောင်းတပွဲ ဖြစ်လာမှာ အသေအချာပင်။

(photos from Premier League Page)



0
0
0.000
0 comments