တက်ရင်လည်း ကောင်းတာပေါ့
Hive ဈေးက 0.3 $ ပတ်ခြာလည်မှာပဲ ဝဲနေ၏။ 0.4 $ ထိ ရောက်ခဲ့ဖူးတယ်ဟု ပြောရင် မည်သူမှ ယုံမယ် မထင်ပေ။ ပြီးခဲ့သောလနှင့် ဒီကြားထဲ တရက်သားက 0.39 $ လောက်ထိတော့ ရောက်လိုက်သေးသည် မလား။ လွန်ခဲ့သော လက 0.4 $ ဈေးတန်းမှာ အချိန်အတော်ကြာ နေခဲ့သလို ယခုလည်း 0.3 $ ဈေးတန်းမှာ အတော်လေး ကြာနေခဲ့ပြီ။ Hive က အဲ့လိုပဲ တက်ဖို့လည်း ကြာသလို ကျပြီးသွားရင်လည်း ပြန်တက်ဖို့ ကြာနေပြန်ရော။ ဘယ်အရာတွေကများ Hive ဈေး မတက်အောင် တားဆီးနေသည် မပြောတတ်တော့ပေ။
အချိန် ကာလ အားဖြင့်လည်း အတော်ကြာလာခဲ့ပြီမို့ hive ဈေးကို 1 $ အထက်မှာ ရှိစေချင်၏။ HBD လို 1 $ အောက် မကျသွားအောင် ညီနေအောင် ထိန်းထားသလိုမျိုးလေးပေါ့။ တဖက်က တက်စေချင်ပေမယ့် တဖက်မှာလည်း မတက်စေချင်သေးပေ။ ကိုယ့်မှာက ကိုယ်မျှော်မှန်းထားသည့် Hive power မရ၊ မရှိသေးဘူးကိုး။ တနေ့ တလံ ပုဂံ ဘယ်ရွေ့ ထုံး နှလုံးမူပြီး နေ့စဉ် ပိုစ့်တင်ရင်း ရသည့် ရလာသည့် မူးစေ့ ပဲစေ့ နှမ်းစေ့လေးတွေကို စုဆောင်းလာခဲ့ရသည် မဟုတ်လား။
ရသမျှကို power ချည်း ပြောင်းနိုင်ခဲ့ရင်တော့ ပိုပြီး ခရီးတွင်သွားနိုင်ပေမယ့် ကိုယ့်မှာကလည်း ကိုယ့် လိုအပ်ချက်နှင့် ကိုယ်ဆိုတော့ ရသမျှ power မ up နိုင်ဘဲ ထုတ်ရောင်း ရတာမျိုးတွေ ရှိခဲ့၏။ ကိုယ်ရောင်းချိန်မှာ ဈေးတက် စေချင်တာကတော့ ရောင်းသူအားလုံးရဲ့ ဆန္ဒပင် မဟုတ်လား။ တလောက Futsal ပြိုင်ပွဲ ကန်ဖို့ ဖိနပ်လိုသဖြင့် tokens အချို့ ရောင်းလိုက်ရသေး၏။ Hive က ရောင်းလောက်ရအောင် မရှိနေလို့ Freebit က BTC အချို့ ထုတ်ရောင်း လိုက်ရ၏။
0.0005 နှစ်ကြိမ် ဆိုတော့ 0.001 BTC ထုတ်ရောင်း လိုက်၏။ ပထမ တကြိမ်မှာက Ionomy exchange သို့ လွှဲပြီး BTC ကနေ hive ပြောင်းပြီး မိမိ hive account သို့ ပို့ပြီး ရောင်းမယ်ပေါ့။ BTC ကနေ hive ပြောင်းတာ အဆင်မပြေနေတော့ Blurt tokens ပြောင်းပြီး Tribaldex သို့ပို့ကာ Blurt to Hive တဖန် ထပ်ပြောင်းရပြန်၏။
ဒုတိယ တကြိမ်မှာတော့ BTC ကို Tribaldex သို့ တိုက်ရိုက် ပို့လိုက်၏။ အမှန်တော့ ပထမတကြိမ် ကတည်းက တိုက်ရိုက် ပို့လိုက်ရမှာ။ Ionomy ထဲ BTC တွေ ရောက်ပြီးသွားမှ Tribaldex ကို သတိရမိသွားတာ။ ထို့ကြောင့် ဒုတိယတကြိမ်မှာတော့ Tribaldex ကိုပဲ တိုက်ရိုက် ပို့လိုက်တော့၏။ BTC to Hive တခါထဲချိန်း နားကို အေးရော။ နှစ်ဆင့် သုံးဆင့် သွားစရာမလိုဘဲ တခါထဲနှင့် ပြီးရော။ တခါတလေ အဲ့လိုပါဆို လွယ်တာကို ခက်အောင် လုပ်မိနေတာ။ သတိ မမူဂူ မမြင်ပေါ့လေ။ သူများလို ရွှေ ငွေ လက်ဝတ် ရတနာတွေ မရှိပေမယ့်လည်း ထုခွဲ ရောင်းချစရာ tokens လေးတွေ ရှိနေလို့ တော်သေးသည်ဟု ပြောရပေလိမ့်မည်။
ထု ခွဲရောင်းချစရာတွေ ဈေးတက်စေချင်သပ။
!LOLZ
!MEME
!hiqvote
@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.
In addition, @donjaun gets !LOOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻