တက်မယ်ဆိုမှ မရှိသေး

တနေ့က အန်ကယ်ဆမ်တို့ အီရန်၏ နယူးကလီးယား ထုတ်လုပ်နေသည့် နေရာများကို လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည် ဆို၏။ ပေါင် သုံးသောင်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့သည် ဆို၏။ အောင်မြင်မှု ရှိတယ်၊ ကိုယ့်ဖက်က အထိအခိုက်မရှိ ဆုတ်ခွာ ပျံသန်းလာနိုင်ခဲ့သည်လို့လည်း ဒေါ်နယ်ထရွန့်က ဆိုလေ၏။ ဤနည်းဖြင့် အန်ကယ်ဆမ်တို့ပါ ပါဝင်လာခဲ့လေပြီ။

အစက အစ္စရေးကို နောက်ကွယ်ကနေပဲ မသိမသာ တမျိုး သိသိသာသာ တဖုံ ကူညီထောက်ပံနေခဲ့၏။ အစ္စရေးဆီမှာက အီရန်၏ နယူထုတ်လုပ်နေသည့် စက်ရုံ နေရာတွေကို တိုက်ခိုက်နိုင်ဖို့ အခက်အခဲ ရှိနေခဲ့၏။ ညီလေး မရရင်နေ ကိုကြီး ဝင်တီးပေးမယ်ဆိုပြီး လေကြောင်းတိုက်ခိုက်မှု တရပ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

အီရန်ဖက်ကလည်း ဒီအတွက် အမေရိကန်တို့ ပြန်လည်ပေးဆပ်ရမည်ဟု ခွန်းတုန့်ပြန်လေ၏။ ပြီး အမေရိကန် စစ်သားကော၊ အမေရိကန် ပြည်သူကော ငါတို့ ပစ်မှတ်ပဲဟု ထပ်လောင်း ပြောလေ ပြန်၏။ အိမ်း ခက်ချေပြီ။ အီရန်-အစ္စရေး ကြားထဲ အမေရိကန်က လုံးဝကို လူလုံးပြ ထွက်ပေါ်လို့ လာလေ၏။ ဘာတွေ ဆက်ဖြစ်ကြဦးမည် မသိပေ။

Stand Comedy သမားတယောက် ပြောဖူးသလိုပေါ့။ ဘာတဲ့ အီရတ်က ငါတို့မှာ နယူလက်နက်မရှိပါဘူးဆိုတာကို အမေရိကန်က ရှိတယ်ဆိုပြီး ဇွတ်တိုက်တယ်။ ပြီးဘာမှလည်း မယ်မယ်ရရ မတွေ့ရှိခဲ့။ မြောက်ကိုရီးယားက ငါတို့မှာ နယူလက်နက် ရှိတယ်လို့ ဒီလောက် တတွင်တွင် ပြောနေတာကြတော့ အမေရိကန်ကြီး ဘာလို့ မတိုက်တာလဲတဲ့လေ။ သူပြောလည်း ပြောချင်စရာပင်ကိုး။

ရရှား-ယူကရိန်းက မပြီးသေးဘူး။ အီရန်-အစ္စရေးက ထချ။ ဟောခု အီရန်-အစ္စရေးကြားထဲ အမေရိကန်ကပါ ပေါ်တင်ကြီး ပါလာ။ ဒေသတွေးမှာက ကမ္ဘောဒီးယားနဲ့ ထိုင်းက မာန်စောင်နေကြပြန်ရော။ ကိုယ်တွေနိုင်ငံမှာကလည်း ကိုယ့်အပူနဲ့ကိုယ်။

ဆရာသမားတွေ တိုက်ကြ ခိုက်ကြတော့ စိမ်းနေတဲ့ Crypto Market ကြီးက ရုတ်ခြည်း နီပါလေရော။ ဈေးကွက်ကို ကြည့်ရ မြင်ရတာ စိတ်မချမ်းသာလှပေ။ အထူးသဖြင့် ကိုယ့် Hive account လေးထဲ ဝင်ရင် ပြနေသည့် Estimate value က ယခင် $1000 ဝန်းကျင် ရှိတာကို ခုဆို $700 ဝန်းကျင်ပဲ ဖြစ်သွားရော။ Hive က သူ့သူကကို ကျချင်ရက် လက်တို့ပါ ဆိုနေ ခုတော့ အကြောင်းပြချက် ရသွားပြန်လေ၏။

နေ့စဉ် အခက်အခဲ ပင်ပန်းမှုတွေကို Hive လေးနဲ့ ကျားကန် ထားပါတယ် ဆိုမှ။ ဘယ်တော့ ပြန်တက်မှာလဲ မမေးရဲဘူး။ ထပ်မကျရင်ဘဲ တော်ပါပြီဟု ဆိုရမလားပဲ။ Hive ဈေးကျတော့ power ပိုပြီး စုလို့ကောင်းတာပေါ့ဟုသာ ဖြည့်တွေးလေး ဖြေတွေးရလေပြန်တော့၏။



0
0
0.000
5 comments
avatar

ငါလဲလေ နင့်လိုပဲ ဘဝတူချင်ပေါ့ကွာ။
!LOLZ
!MEME

0
0
0.000
avatar

နဂို မတက်တဲ့‌ဈေးက ဆက်ကျရုံသာ။

0
0
0.000