Target to 6000 Points
Ecency points 5000 တော့ ရှိလာခဲ့ပြီ။ 6000 ပြည့်ရင် boost လုပ်မယ်ဆိုသည့် ရည်ရွယ်ချက်နဲ့ စုလာခဲ့ခြင်း ဖြစ်၏။ အရင်ကတော့ 1500 ပြည့်တာနဲ့ boost လိုက်တာပါပဲ။ 1500 နဲ့က တပတ်ပဲ ရ၏။ 6000 နဲ့ဆိုရင် တလ ရ၏။ ထို့ကြောင့် 6000 နဲ့ ပြောင်းပြီး boost ကြည့်မို့။ ဘာပိုပြီး ထူးလဲ သိချင်တာလည်း ပါ၏။ 17000 နဲ့ဆိုရင်တော့ ရက်ပေါင်း 90 တနည်းအားဖြင့် သုံးလ ရ၏။ ထိုအထိတော့ မသွားတော့ပေ။ 6000 လောက်နဲ့ပဲ တော်ပြီ။
Ecency အနေဖြင့် Ecency points တွေကို promote & boost တို့အတွက် သုံးလို့ရအောင် လုပ်ထားပေး၏။ ကြားထဲ သူတို့ရဲ promote & boost ပုံစံတွေ ဘာတွေ ပြောင်းသွားတာမျိုးတွေတော့ ရှိ၏။ တခါတလေတော့လည်း တွေးကြည့်မိသား။ Points တွေကို exchange လုပ်ခွင့် ပေးလိုက်ရင် ဆိုပြီးပေါ့။ Ecency points ကို HIVE အဖြစ် ပြောင်းလို့ ရတာမျိုး ဖြစ်ဖြစ်ပေါ့။
တနည်းအားဖြင့် Ecency points တွေကို Ecency tokens အဖြစ် အသွင်ပြောင်းလိုက်မယ် ဆိုရင်ပေါ့။ ဒီအတိုင်း စိတ်ကူး ကြည့်မိရုံပါ။ ခုလိုလေး boost ခွင့်ရနေတာလည်း မဆိုးပါဘူးလေ။ အမယ် ခုကြည့်မိတော့ Ecency points 5000 က 10$ နဲ့ ညီတယ်ဆိုပဲ။ လျှော့တွက်လို့တော့ မရပေ။
Ecency အနေဖြင့် တဖြည်းဖြည်း ပိုကောင်းလာသည်ကို သတိထားမိ၏။ Ecency Team က အတော်လေး အလုပ် လုပ်သည်ထင်ပါ၏။ တခါတလေ ပိုစ့်တင်လို့ မရတာမျိုးတွေလည်း ကြုံရလေ့ ရှိ၏။ သူတို့ sever ကျနေချိန်၊ system update လုပ်နေချိန်မျိုးတွေပေါ့။ ထိုအခါမျိုးမှာ hive.blog ကနေ ဒါမှမဟုတ် PeakD ကနေ သွားပြီး တင်ရလေ့ ရှိ၏။
PeakD ကိုတော့ သိပ်မသုံးဖြစ်ပေ။ Ecency ကို ပိုပြီး သုံးဖြစ်၏။ တလောက မြန်မာကိုကိုမှ PeakD မှာ AI နဲ့ photos တွေ ထည့်လို့ရနေပြီ ပြော၏။ ကျနော်တော့ မစမ်းကြည့်ရသေး။ သူတင်ထားသည့် ပိုစ့်ကိုတော့ တွေ့၏။ သူ၏ ပိုစ့်မှာ PeakD ၏ AI သုံးပြီး ပုံတွေ ထည့်ပြထား၏။ တရက်မှ စမ်းကြည့်ပါဦးမည်။
လောလောဆယ်တော့ Ecency points 6000 ပြည့်ဖို့ အရင် လုပ်ပါဦးမည်။ Boost ကြည့်ချင်လို့ပါ။ 1500 တပတ်နှင့် 6000 တလ points ပိုပြီး မသက်သာ၊ ကုန်တာခြင်း အတူတူဆိုပေမယ့် ငါကွ 6000 နဲ့ boost ထားတယ် ဆိုပြီး မော့တော့တော့လေး လုပ်ချင်လို့ပါ။
ကျွန်တော့်မှာ Boost မရလို့ အခက်တွေ့။
!LOLZ
!MEME
ဘ
6000 နဲ့ ဘုဘု 17000 နဲ့ ဘုဘု HP200 delegation ပဲ ရတာပါ။
အလုပ်မရှုတ်အောင်သာ ရက် ၉၀ ဘုထားလိုက်တာ။ !LOLZ
!MEME
ဟာ
အဲ့လိုကြီးလား။
17000 ပြည့်ဖို့ ထပ်စုရဦးမှာပေါ့။
!PIZZA
$PIZZA slices delivered:
@phyowinkoko7(3/10) tipped @donjaun
Come get MOONed!