မပျော်ရာ လေပင့်
မနက်က ဆွမ်းလောင်းအပြီး Phone ခဏသုံးမိ၏။ အဲ့မှာ စိတ်ညစ်စရာနဲ့ တွေ့ရလေတော့၏။ တဒင်္ဂ ငြိမ်သက်သွားပေမယ့် ပြီးတော့လည်း ပုံမှန် ပြန်ဖြစ်သွားခဲ့၏။ စိတ်ညစ်ရတာ များလွန်းလို့ ကြာတော့လည်း အရေထူသွားခဲ့ပြီ ထင်ပါရဲ့။
ဒီနေ့ မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာ EFL Cup Round 2 ပွဲစဉ် အဖြစ် Grimsby Town vs Man United တို့ ယှဉ်ပြိုင်ကစား၏။ မိနစ် 90 ထိ 2-2 သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရာမှာ 12-11 ဖြင့် Grimsby Town က အနိုင်ရသွားခဲ့၏။ ဘောလုံးပွဲပဲ အရှုံးအနိုင် ရှိမှာပေါ့ ဆိုပေမယ့် England League two က အသင်းနဲ့ EPL က အသင်း ကစားတာလေ။ United အနေအထားက ဘယ်လိုများ ဖြစ်သွားခဲ့လေပြီနည်း။
ဦးဆောင်ဂိုးတွေကို အိမ်ရှင် Grimsby Town က အရင်သွင်း၏။ United တို့က နောက်ကနေ ပြန်လည် ချေပရခြင်း ဖြစ်၏။ ထို့နောက် ပင်နယ်တီမှာတော့ ပြန်မလာနိုင်တော့ဘဲ အရှုံးပေးလို့ ပွဲသိမ်း သွားခဲ့လေတော့၏။
EFL ပွဲတွေ ရှိမှန်းတော့ သိ၏။ ဒါပေမယ့် United ပွဲ ရှိတာကိုတော့ မေ့သွားခဲ့၏။ တော်နေကြာ ထကြည့်နေမိဦးမယ်။ ဒါပေမယ့် နောက်ပိုင်း အသင်း၏ ခြေစွမ်းကြောင့် ညနက်ပွဲတွေကို စောင့်ကြည့်တာမျိုး၊ ထပြီး ကြည့်တာမျိုးတွေ မလုပ်ဖြစ်တော့ပေ။ ရှုံးမယ့်ပွဲ၊ အရသာ မရှိတဲ့ပွဲတွေကို အိပ်ရေးပျက်ခံပြီး ကြည့်မနေလိုတော့ပေ။
ဒီရာသီမှာ ဥရောပ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်က မရထားလို့ ပြည်တွင်း ဖလားတွေ အာရုံစိုက်မလား ပေါ့။ စောစောစီးစီး EFL Cup ကနေ ထွက်ခဲ့ရပြီ။ EPL မှာလည်း နှစ်ပွဲကစားပြီး တမှတ်သာ ရထားသေး၏။ ကစားပုံ ကောင်း၊ ခြေစွမ်း ကောင်းနေရဲ့သားနဲ့ ကံအကြောင်းမလှလို့ ရှုံးတာမျိုးကို လက်ခံပါ၏။ ခုဟာက။
အသင်း အနေနဲ့ ဘာဖြစ်ချင်နေပါသနည်း။ အထူးသဖြင့် နည်းပြ Amorim ပေါ့။ 3-4-3 မှ 3-4-3 ပဲဆိုပြီး ခေါင်းမာနေဦးမှာလည်းပေါ့။ သူ့ 3-4-3 အကွက်မှာ United က လောက်လောက်လားလား ဘာမှ ဖြစ်ထွန်းလာတာ မတွေ့ပေ။ ပို၍ သာ၍ ဆိုးသွားတာပဲ တွေ့ရ၏။ ဘုတ် အဖွဲ့အနေဖြင့် ဘာလုပ်ကြမည်နည်းပေါ့။ အချိန်ပေးသင့်တာ မှန်ပေမယ့် ခုလိုသာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေရင် Amorim တယောက်လည်း United ကနေ နှုတ်ဆက်ထွက်ခွာ သွားရနိုင်၏။ Sporting CP မှာ ဘုရင်တပါးနှယ် မင်းမူ နိုင်ခဲ့သမျှ United မှာတော့ အများတကာ၏ အပြောဆိုခံ ဖြစ်နေရပြီလေ။
(photos from Manchester United page)
343 ကစားကွက်က ခန့်မှန်းရတာ လွယ်သလား မသိ။ ပြိုင်ဘက်အသင်းတွေက အလွယ်တကူ အသားစီးယူနိုင်တယ်။ ဒါမှမဟုတ် ကစားသမားတွေနဲ့ နည်းပြကြားမှာ ပြဿနာတွေရှိနေသလား?
ခြေစမ်းပွဲရလဒ်တွေ ကောင်းပေမဲ့ တကယ့်ပြိုင်ပွဲကျရလဒ်တွေဆိုးနေတယ်။ ဒါမှအဟုတ် ရာသီအစမို့ ခြေလျှိုထားတာလားမသိ။
!PIZZA
$PIZZA slices delivered:
@myanmarkoko(2/5) tipped @donjaun
Come get MOONed!