မခုတ်ချင်ပေမယ့်လည်း
မနေ့ နေ့လည်က ပိန္နဲပင် ခုတ်၏။ တပင်လုံး မခုတ်ပေ။ တဝက်လောက်ကနေသာ ခုတ်ခြင်း ဖြစ်၏။ တဝက်ချန်ထားသေး၏။ အသိ ညီလေး နှစ်ယောက်က မေတ္တာနဲ့ လာရောက် ခုတ်ပေးကြခြင်း ဖြစ်၏။ ရှေ့ ၂ ရက်လောက်ကတော့ အမြင့်ပိုင်းမှာ ကျန်နေသည့် အသီးအချို့ကို ခူး၏။ ကျနော်၊ ကျနော့်တူ၊ ကျနော့်အမ၊ ကျနော့်အမ ဝမ်းကွဲတို့ ဖြစ်၏။ ဟ အသီးခူးတာ အဲ့လောက် လူလိုလားပေါ့။ ပြောခဲ့ဖူးသည့်အတိုင်း ကျနော်က အပင်၊ အမြင့်တက်ရတာ အဆင်မပြေသောကြောင့် ဖြစ်၏။
ဒါတောင် တဝက်ထိ တက်ပြီး ခူးရခြင်း ဖြစ်၏။ အမေက အမ ဈေးသွားချိန်မှာ တံစဉ်း မှာလိုက်၏။ အဆိုပါ တံစဉ်းကို အနည်းငယ် ရှည်သည့် ဝါးလုံးထိပ်မှာ ခိုင်ခံအောင် ချည်ထားလိုက်၏။ ထို ကိရိယာနဲ့ အသီးတွေကို ကျနော်က လှမ်းခူး၊ တူလေးနဲ့ အမတို့က အောက်ကနေ မိုးကာနဲ့ ခံယူပေါ့။
တကယ်ဆိုရင်တော့ အပင် ခုတ်ဖြစ်မယ့် ဇာတ်လမ်းက အသီးတွေ ကောင်းကောင်း မသီးတာက စခြင်း ဖြစ်၏။ သီးပေမယ့် အရသာက ယခင်လောက် မကောင်းတော့ပေ။ ဘယ်သူ့ကို လက်ဆောင်ပေးပေး အဆင် မပြေတာ များ၏။ ပြီး အိမ်နီးချင်းကလည်း သူတို့ အသစ်ဆောက်ထားသည့် ခွေးအိမ်လေးပေါ် အသီးပြုတ်ကျပြီး ပျက်စီးမှာကိုလည်း ပူပန်နေ၏။ အဆင်ပြေရင် သူတို့ ခြံဘက် ရောက်နေ၊ တနည်းအားဖြင့် ခွေးအိမ်ပေါ် ရောက်နေသည့် အသီးတွေ ခူးပေးဖို့ အမေ့အား ပြောထား၏။
သို့နှင့် အသီးတွေ ရသည့် နည်းလမ်းနဲ့ ခူးလိုက်ခြင်း ဖြစ်၏။ အစကတော့ ညီလေးတွေ လာမှ ခူးပြီး ခုတ်မို့ပါပဲ။ ဒါပေမယ့် မိုးက ဒီရက်ပိုင်း တိုးတိုးရွာနေတော့ မတော်တဆ အသီးပြုတ်ကျရင် အားနာစရာတွေ ဖြစ်ကုန် မည် စိုးသောကြောင့် ကိုယ့်ကို အရင် ခူးထားလိုက်ခြင်း ဖြစ်၏။
မနေ့က ညီလေးတွေ လာတော့ အပင်ခုတ်ဖို့သာ ကျန်တော့၏။ အမေက သူထား၊ ချန်ထားမယ့် အတိုင်းအတာကို ပြော၏။ ညီလေး တယောက်က မျောက်တကောင်ကဲ့သို့ အပင်ပေါ်ကို ကျွမ်းကျင်စွာ တက်သွား၏။ ထို့နောက် တကိုင်းပြီး တကိုင်း ခုတ်ချကာ ပင်မ ပင်စည်တဝက်ထိကိုပါ တလက်စထဲ မနားတမ်း ခုတ်လေ၏။
သစ်ကိုင်းတွေကို ကျနော်က စုပြီးစွဲလာပေး၊ အောက်မှာ ရှိသည့် နောက် ညီလေးတယောက်က အကိုင်း၊ အခက်၊ အရွက်တွေကို ခွဲထုတ်ပြီး ခုတ်ပေး၏။ သူတို့များကြတော့လည်း ကျွမ်းကျင်လို့ ထင်ပါရဲ့ ခဏလေးနဲ့ ပြီးသွား၏။ မွန်းတည့် ၁၂ လောက်ကရောက်တယ်။ နေ့လည် ၁ နာရီမထိုးခင် ပြီးသွားရော။ ဆရာကျလှ ပေ၏။
ခုတ်ပြီးသွားတော့ အမေက သူ့အပင်ကြီးကို ကြည့်ပြီး နှမြောနေ၏။ အင်းလေ အနှစ်နှစ် အလလ ဂရုစိုက်ထားရသော ကိုယ်တိုင်စိုက် အပင်လေး မလား။ အမေရယ် တဝက်ချန်ထားပါတယ်ဟု နှစ်သိမ့်ပေးနေပေမယ့် ကျနော့် ရင်ထဲမှာလည်း သိပ်တော့ စိတ်မကောင်းလှပေ။ အကယ်လို့ အပင်မှာ အစောင့်ရှိနေရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ကို မခုတ်ခင်ကော၊ ခုတ်ပြီးချိန်မှာကော တောင်းပန် ပြောဆိုထားခဲ့ပြီး ဖြစ်၏။
လာမယ့် ရာသီချိန် ရောက်ရင် သီး၊ မသီးကတော့ နီးမှပဲ သိပေတော့မည်။
ကျွန်တော့် အိမ်က သရက်ပင်လည်း ပိုးကျလို့ တဝက်ခုတ်လိုက်ရတယ်။
!PIZZA
!MEME
Credit: amigoponc
Earn Crypto for your Memes @ HiveMe.me!
Credit: epic-fail
Earn Crypto for your Memes @ HiveMe.me!
နှမြော စရာ။
$PIZZA slices delivered:
@htwegyi(2/10) tipped @donjaun
Come get MOONed!