ချိုင့်

အိမ်မှာ ထမင်းချိုင့် ရှိ၏။ ကျနော်တို့ အိမ်မှာတင် မဟုတ် အိမ်တိုင်း နီးပါးမှာ ထမင်းချိုင့်တွေ ရှိကြ၏။ ကျောင်းတက်ချိန်ကနေ စလို့ လုပ်ငန်းခွင် ဝင်သည်အထိ အဆိုပါ ထမင်းချိုင့်က ကျနော်တို့၏ နေ့စဉ်ဘဝနဲ့ တသားထဲ တထပ်ထဲ ပါဝင်နေခဲ့၏။ ထမင်းချိုင့်အစား ထမင်းဗူးတွေ သုံးကြတာမျိုးတော့ ခုနောက်ပိုင်း ပိုများလာသည် ထင်၏။ သို့ပေမယ့် ခုချိန်ထိတော့ ထမင်းချိုင့် သုံးသူသာ ပိုများနေဦးမည် ထင်ပါ၏။
State ကျောင်းသား ဘဝမှာတော့ ထမင်းချိုင့်နဲ့ နှစ်တိုင်း၊ နေ့ရက်တိုင်း နီးပါး တတွဲတွဲ ရှိခဲ့ပေမယ့် University ကျောင်းသား ဖြစ်သွားချိန်မှာတော့ ထမင်းချိုင့်နဲ့ သိပ်မဆုံ ဖြစ်တော့ပေ။ သွားရသည့် အကွာအဝေးကလည်း ဝေးတာရယ် ပြီး လိုင်းကားစီးပြီး ကျောင်းတက်ရသည်မို့ နေ့လည်စာကို ကျောင်းကန်တင်းမှာပဲ စားလိုက်တာ များ၏။ University ကျောင်းသား ဘဝမှာတော့ ထမင်းချိုင့် မဆွဲ၊ မကိုင် ဖြစ်တော့ကေ။
ဘွဲ့ရပြီး နောက်ပိုင်း လုပ်ငန်းခွင် ထဲ ရောက်ပြန်တော့ ထမင်းချိုင့်နဲ့ ပိုပြီး ဝေးသွားခဲ့၏။ ကျနော်က ပြင်ပ စာသင်ကြားသည့် ဆရာ အဖြစ် လုပ်ကိုင်သည်မို့ ထမင်းချိုင့် ထုတ်စရာ မလိုခဲ့ပေ။ အတန်းတွေ ပတ်သင်ရင်း အဆင်ပြေသည့် နေရာမှာပဲ နေ့လည်စာ၊ ညနေစာ စားဖြစ်တာ များ၏။ အတန်း မရှိသည့် ရက်တွေတော့ အိမ်မှာ စားဖြစ်ပါ၏။
သို့နှင့် ထမင်းချိုင့်နဲ့ ဝေးနေခဲ့တာ နှစ်တွေ အတော်များခဲ့ပြီဟု ဆိုရပေလိမ့်မည်။ ပြန်နီးဖို့လည်း မရှိလောက်ပေ။ ကျနော် လုပ်ဖြစ် လုပ်ချင်သည့် အလုပ်က ထမင်းချိုင့်ထုတ်ပြီး သွားရမည့် အလုပ်မျိုး မဟုတ်တာလည်း ပါမည်။ တနေကုန်လုံးနီးပါး အချိန်ပေးရသည့် အလုပ်မျိုးတွေ ကျနော် လုပ်ဖြစ်မည် မထင်ပေ။
ထမင်းချိုင့်နဲ့ ကင်းကွာနေခဲ့တာ ကြာပြီ ဆိုပေမယ့် ဒီနှစ်ထဲမှာတော့ ပြန်ပြီး ရင်းနှီးနေခဲ့၏။ မနက်တိုင်း ဆွမ်းလောင်းတော့ ဆွမ်းဟင်းချိုင့်နဲ့ နေ့စဉ်ထိတွေ့နေရသည် မဟုတ်လား။ ကုသိုလ် သေးသေးလေးပေါ့။ ကျောင်းသား ဘဝတုန်းက ချိုင့်လေးကတော့ အိမ်မှာ ဟိုဒီ ပစ္စည်းထည့်စရာလေးသာ ဖြစ်သွားခဲ့၏။
အမြဲ မဟုတ်ပေမယ့် တခါတလေမှ ထုတ်သုံးလေ့ရှိသည့် ချိုင့်တလုံးလည်း အိမ်မှာ ရှိသေး၏။ ၅ ဆင့်ပါသည့် ၅ ဆင့်ချိုင့် ဖြစ်၏။ ဘုန်းကြီးကျောင်းကို ဆွမ်း၊ ဆွမ်းဟင်း ပို့သည့် အခါမျိုးမှာ သုံး၏။ မိသားစုဝင်ထဲ တဦးတယောက်၏ မွေးနေ့ ရှိသည့် ရက်မျိုးတွေမှာပေါ့။
ချိုင့်နဲ့ ဝေးတာ လေးနှစ်ကျော်ပါရော။
!LOLZ
!MEME
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
It was a knick knack paddy whack.
Credit: playbyhive
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ကျနော်လည်း ကြာခဲ့ပါပြီလေ။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts: