Subscribe
မနေ့က Bybit SpaceS ကနေရသည့် USDT တွေကို ထုတ်ဖို့ လုပ်ရင်းက လိုအပ်သည့် eth ကို convert လုပ်နေရင်းက coinbase wallet ထဲ eth တွေ ရှိနေလောက်သေးတာကို သွား သတိရမိ၏။ တခုကံကောင်းတာက ကျနော့်မှာ coinbase wallet ၏ secret recovery seed phase ရှိနေသေး၏။ အမှန်တော့ coinbase ၏ seed phase ရယ်မှ မဟုတ် တခြား wallet တွေ၏ seed phase တွေ အကုန်လုံးပါ မှတ်ထား၏။ ကျနော်က မကြာခဏ phone ကလိလေ့ ရှိသူဆိုတော့ အဆိုပါ recovery seed phase တွေကို Gmail နဲ့တွဲပြီး မှတ်လို့ရသည့် note တွေထဲမှာ မှတ်ထားလေ့ ရှိ၏။
သို့နှင့် coinbase wallet app ကို ပြန်ရှာပြီး download ဆွဲပေါ့။ ဟုတ်တယ်ဟ eth နည်းနည်း အပြင် USDT လေးပါ ရှိနေလိုက်သေး။ Binance ထဲကို ပြန်ပြီး ထုတ်ပေါ့။ ဒီတခါတော့ network သေချာ ရွေးပါ၏။ Coinbase ကနေ ထုတ်ပြီးနောက် Trust နဲ့ Metamask wallet တွေကို သွားသတိရပြန်၏။ အဲ့ထဲတွေမှာလည်း ရှိနေပေလိမ့်ဦးမည်။ LOA project လုပ်နေစဉ်တုန်းက fee အဖြစ် BNB လေးတွေ ထည့်ထားဖူးသေးသည်ကိုး။
Metamask ကို download ဆွဲ trust wallet ရဲ့ recovery seed phase နဲ့ login ဝင်ပေါ့။ နောက်ထပ် wallet address တခု အတွက်ကိုတော့ Metamask ရဲ့ private security key နဲ့ ဝင်လိုက်၏။ အမယ် address နှစ်ခုပေါင်းက BNB 5$ ဖိုးလောက် ရှိနေခဲ့၏။ USDT တောင် နည်းနည်း ပါလိုက်သေး။ BNB တွေ Binance သို့ ပြန်ထုတ်၏။ BNB ကိုပဲ fee အဖြစ် ပြန်ပေးရသည်မို့ fee ဖိုးချန်ပြီး ထုတ်ပေါ့။
Coinbase ကနေ ထုတ်ထားတဲ့ eth ကို BNB ပြောင်းလိုက်ပြီးနောက် Address 2 ခုလုံးကနေ ရလာတဲ့ BNB တွေနဲ့ ပေါင်းကြည့်တော့ 7$ ဖိုးလောက် ရှိနေ၏။ အမယ် ဘယ်ဆိုးလို့လဲ။ ဟို wallet တွေထဲ ဒီအတိုင်း ထားထားမယ့်အတူ Binance ထဲမှာပဲ ထားလိုက်၏။ ကနဦး ရည်ရွယ်ချက်က BNB ကို usdt အဖြစ် ပြောင်းပြီး ရောင်းလိုက်မလို့ပါပဲ။ ဒါပေမယ့် လောလောဆယ် အသုံးလည်း မလိုတာမလို့ subscribe (stake) ပဲ လုပ်ထားလိုက်တော့တယ်။ မများပေမယ့်လည်း စမ်းပြီး လုပ်ကြည့်တဲ့သဘောမျိုးပေါ့။ ခုက lunch pool လည်း လာနေတာဆိုတော့လေ။
BNB ကို subscribe လုပ်ခြင်းကနေ BNB အပြင် INIT token ပြန်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ရရ စမ်းကြည့်တာပေါ့လေ။
ကျွန်တော်လည်း Binance မှာ BNB ဆယ်ဒေါ်လာဘိုးရှိတယ်။ ဘာမှ မလုပ်တတ်လို့ ဒီအတိုင်းထားထားတာ။
!LOLZ
!MEME
lolztoken.com
I don’t know and I don’t care.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!