Still Waiting

avatar

Bitget က အကောင့်သာ ဖွင့်ထားတာ verified တော့ မဖြစ်သေးပေ။ Binance နဲ့ Bybit မှာ လွယ်ခဲ့သလောက် ခုကြမှ ဘာလို့ လာ ခက်ခဲနေသနည်း မပြောတတ်ပေ။ မှတ်ပုံတင်နဲ့ ရသည်လည်း ပြောသေး။ တကယ်တမ်း တင်တော့လည်း မရပေ။ Fail ချည်းပြနေ၏။ English လို translate ထည့်ပေးရမည် ဆိုလို့ ထည့်ပေး၏။ ဒါလည်း မရနေပေ။ ပသို့ကြောင့်နည်း။ အကောင့်ဖွင့်ပြီးတာနဲ့ verify တန်း လျှောက်ခြင်း ဖြစ်၏။

အကောင့် ဖွင့်ပြီးပြီးချင်း verify လျှောက်ပြီး ရတာဆိုလို့ Bybit တခုပဲ ရှိ၏။ Binance တုန်းကလည်း စောင့်ခဲ့ရသေး၏။ သူ့တုန်းကလည်း မှတ်ပုံတင်နဲ့ပဲ တင်တာပါပဲ။ မရနေပေ။ Bybit ကို verify တင်သည့် အခါမှပဲ Binance ကို တလက်စထဲ verify တင်လိုက်တာ တပါတည်း ရသွားခဲ့၏။ ခု Bitget မှာ တဖန်ပြန်လို့ ဖြစ်နေခဲ့ပြန်ပြီ။

ပထမတရက် လုပ်ကြည့်တာ မရသဖြင့် နောက်ရက်မှာ ထပ်လုပ် ကြည့်၏။ မရပြန်ပေ။ မှတ်ပုံတင်ထဲက ပုံနဲ့ အပြင်က ပုံများ မတူနေလို့လား။ ငယ်တုန်းက ပုံဆိုတော့ ဆံပင်တွေ ဘာတွေနဲ့ကိုး။ ခုက ဆံပင်တွေပါးလို့ ထိပ်လည်း ပြောင်နေခဲ့ပြီ။ သို့နှင်ြ သူငယ်ချင်း ဓါတ်ပုံဆိုင်ပြေးပြီး မှတ်ပုံတင်ပုံ ရိုက်ရပြန်၏။ ပုံဟောင်းခွာပြီး ပုံသစ်ကပ်၏။ ထပ်တင်ကြည့်၏။ မရပေ။ English လိုပါ တွဲရေးပြီး တင်၏။ မရ‌။

Fail တဲ့ အကြိမ် အရေအတွက် များသွားလို့တြဲ ဒီနေ့ ထပ်ကြိုးစား ကြည့်တာ တရက် စောင့်ရမည် ဆို၏။ Manual verify လည်း ရွေးမရတော့ပေ။ အမှန်တော့ Auto check verify မရ ကတည်းက Manual verify ကို ရွေးလိုက်ရမှာ။ ခုတော့ တရက်စောင့်ရပြီ။

Usdt ကို staking လုပ်ပါက Dogs tokens ပြန်ပေးသည့် Event ကို Join ချင်လို့ပါ ဆိုမှ။ ဒီက ပေးချင် လွန်းလွန်းကို သူတို့က အင်တင်တင်နဲ့။ စောင့်ဆိုမှ စောင့်ရုံသာ။ Event က ၂ ရက်တော့ ကျန်နေပါသေး၏။ ကံကောင်းရင်လည်း မှီပေါ့။



0
0
0.000
0 comments