Silent Strike

ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ဟု သိရ၏။ ထို့ပြင် ဒီနေ့မှာ အသံတိတ်သပိတ်လည်း ရှိနေပြန်သေး၏။ ကံကောင်းချင်တော့ ကျနော်တို့အသင်း၏ ပြိုင်ပွဲက နက်ဖြန်မှ ဖြစ်၏။ နက်ဖြန်မှာ အုပ်စု ဖွင့်ပွဲ ကစားရမည် ဖြစ်၏။ ဒီနေ့ မရှိနေတော့ အိမ်မှာ အေးဆေးနေလို့ရ၏။ သို့ပေမယ့် Jersey ဆေးရိုက် ကိစ္စလေးကလည်း ရှိနေသေး၏။ သပိတ် အချိန်က ၁၀ နာရီမှ ၃ နာရီကြား ဆိုတော့ ၁၀ နာရီ မထိုးခင် အပ်စရာ ရှိတာ၊ ပေးစရာ ရှိတာ ပေးထားလိုက်၏။
၉ နာရီကျော်လောက် အိမ်ပြန်ရောက်၏။ ဝယ်လာသည့် ပဲပြုတ်နှင့် ထမင်းကြော် စား၏။ ၃ နာရီထိ အိမ်မှာ အေးဆေးနေဖို့သာ ရှိတော့၏။ အပြင် ဘာညာလည်း သွားစရာ မရှိ၊ သွားဖို့ မလိုတော့ အတော် အဆင်ပြေ၏။ သပိတ်တွေထဲ အသံတိတ် သပိတ်ကိုတော့ အတော် သဘောကျ၏။ ဘယ်မှ သွားစရာ မလို အိမ်မှာပဲ အေးဆေးနေရလို့ ဖြစ်၏။ တိတ်ဆိတ်မှုက ကျယ်လောင်ဆုံး အသံပဲဟု အဆိုရှိသည် မဟုတ်လား။

ညနေဖက်တော့ jersey တွေ သွားယူရဦးမယ်။ နက်ဖြန်က ပွဲနေ့မလား။ လောလောဆယ်တော့ အသံတိတ်သပိတ်မှာ ပါဝင်လိုက်ပါဦးမယ်။ သပိတ်ကြောင့်ရယ် မဟုတ်ဘဲ ဒီအတိုင်းလည်း သိပ်မထွက်ဖြစ်ပေ။ ကလေးတွေ ပို့ကြို ဈေးသုံး Futsal ကန် ဒီလောက်ပဲ အပြင် သွားဖြစ်၏။ နက်ဖြန် ပွဲကန်ရမှာ ဆိုတော့ ဒီနေ့ Training နားထားတော့ ညနေက jersey သွားယူဖို့သာ ရှိ၏။
သပိတ်ရက်နဲ့ တိုက်ဆိုင်စွာပင် ကျနော် ကလစ်နေကြ WOH ကနေ Milestone တခု ထပ်ရပြန်၏။ နှစ်နှစ် ရှစ်လကျော် တရက်မပျက် ကလစ်သည့် ကလစ်ကာ ဆိုသည့် ဂုဏ်ပြုမှုပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာ ရတော့ ပိုလို့ပင် ဝမ်းသာရပါ၏။ ကလစ်ရင်းကနေ အထိုက်အလျောက် ကူညီနိုင်လို့လည်း စိတ်သက်သာရာရ လိပ်ပြာလုံမိပါ၏။
App ၏ ကိန်းဂဏန်းအရတော့ မနည်းသည့် ပမာဏတခု ကလစ် ထားနိုင်လို့ ကိုယ့်ကိုလည်း ဂုဏ်ယူမိပါ၏။ တော်လှန်ရေး ပြီးတဲ့နေ့မှာ certificate ကြီးနဲ့ ဂုဏ်ဆာပါဦးမည်။ ခုတော့ ပုံမှန် ကလစ်လိုက်ပါဦးမယ်။
အားတင်းထားပါဗျို့...
!PIZZA
$PIZZA slices delivered:
@myanmarkoko(2/5) tipped @donjaun
Send $PIZZA tips in Discord via tip.cc!