Semi Final first Lag

ဥရောပလိဂ် ပွဲစဉ်တို့၏ ပထမကျော့ ရလဒ်များ ထွက်ပေါ် လာခဲ့ပြီ ဖြစ်၏။ Champion League, Europa League & Europa Conference League Semi Final ပထမကျော့ ပွဲစဉ်များ ဖြစ်၏။ ပထမကျော့မှာတင် ပြတ်သားသည့် ရလဒ်တွေ ထွက်ပေါ်ခဲ့တာလည်း ရှိသလို မတင်မကျ သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့သည့် ပွဲစဉ်တွေလည်း ရှိ၏။ Champion League ကနေ အရင် စလိုက်ရအောင်။

UCL King ကို Quarter Final အဆင့်မှာ ဖြုတ်ချထားခဲ့သည့် Arsenal တို့ အိမ်ကွင်းမှာ PSG ကို 0-1 ဖြင့် ရှုံးနိမ့်သွားခဲ့၏။ Real Madrid ကို အိမ်ကွင်းမှာ 3-0 ဖြင့် အနိုင် ယူပြခဲ့ပေမယ့် PSG ကိုတော့ အိမ်ကွင်းမှာ 1 ဂိုးထဲနဲ့ ကပ်ပြီး အရှုံးပေးခဲ့ရလေ၏။ ဒုတိယကျော့ ပြင်သစ်မြေမှာ Arsenal တို့ ပြန်လာ နိုင်မလားကတော့ စိတ်ဝင်စားစရာပင်။ ဒုတိယလူ ဆိုပြီး အစခံ အပြောခံနေရသည့် Arsenal တို့ PSG ကို ကျော်ဖြတ်ပြီး ဒုတိယလူ အဖြစ် ဆက်လည် ရပ်တည်မလား ဒါမှမဟုတ် ပထမလူ ဖြစ်ကာ ဗိုလ်စွဲသွားမလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။ ထိုသို့ မဟုတ်ဘဲ စတုတ္ထလူ၊ တတိယ အဖြစ်နဲ့ပဲ Champion League ခရီးလမ်းကနေ နှုတ်ဆက် ထွက်ခွာ သွားလေရဦးမလားကတော့ ဒုတိယကျော့ ကစားပြီးရင် သိရမည် ဖြစ်၏။

Barcelona ကတော့ အိမ်ကွင်းမှာ Inter Milan အသင်းကို 3-3 ဖြင့် သရေကျသွားခဲ့၏။ Inter Milan အသင်းက ဦးဆောင်ဂိုးတွေ အရင်ဆုံးသွင်းယူထားခဲ့ခြင်း ဖြစ်၏။ Barcelona တို့ နောက်ကနေ လိုက်ကစားရပြီး ချေပဂိုးတွေ သွင်းယူနိုင်ခဲ့လို့သာပေါ့။ Inter Milan ၏ သွင်းဂိုး တဂိုးကို လူကျွံနေတယ်ဆိုပြီး ပယ်ဖျက် လိုက်လို့သာ Barcelona တို့ အိမ်ကွင်းမှာ အရှုံးနဲ့ ရင်မဆိုင်ခဲ့ရခြင်း ဖြစ်၏။ အဆိုပါ လူကျွံနေသည် ဆိုသည့် ဂိုးကလည်း လူပြောများနေခဲ့၏။ ဖိနပ် ထိပ်ပိုင်း သေးသေးလေး ကျွံနေတာတဲ့လေ။ VAR တွေက ကောင်းလည်းကောင်း၊ ကောင်းလည်း မကောင်းပင်။ ဒုတိယကျော့ Inter Milan အိမ်ကွင်းမှာတော့ ဘယ်လို ရလဒ် ထွက်ပေါ် လာမလာက စိတ်ဝင်စားစရာပင်။

EPL မှာ မစွံနေပေမယ့် Europa League မှာ ကြမ်းနေတာက United ဖြစ်၏။ Athletic အသင်းကို အဝေးကွင်းမှာ 0-3 ဖြင့် ဂိုးပြတ် အနိုင်ရခဲ့၏။ 3 ဂိုးလုံးကို ပထမပိုင်းမှာ ကတည်းက သွင်းယူ သွားခဲ့ခြင်း ဖြစ်၏။ အိမ်ရှင်အသင်းက ပထမပိုင်းမှာ အနီကဒ်နဲ့ ကစားသမား တယောက် အထုတ်ခံခဲ့ရ၏။ တယောက်အသာနဲ့ကို ဒုတိယပိုင်းမှာ ဂိုးထပ်မသွင်းနိုင်တာကတော့ သိပ်မဟုတ်သေးဟု ဆိုရမည်ထင်။ ဘာပဲပြောပြော အဝေးကွင်းမှာ 3 ဂိုး ဆိုတော့လည်း မဆိုးပါဘူးလေ။ အိမ်ကွင်းမှာ အေးဆေး ထိန်းကစားရင်း ဗိုလ်လုပွဲ သွားကြတာပေါ့။

Europa League Final ကတော့ All English/England ဖြစ်လာနိုင်၏။ Tottenham ကလည်း အိမ်ကွင်းမှာ Bodo ကို 3-1 ဖြင့် အနိုင်ရထားခဲ့၏။ အဝေးကွင်းမှာ သရေ ဒါမှမဟုတ် 1 ဂိုးထဲနဲ့ ကပ်ရှုံးပါစေဦး ဗိုလ်လုပွဲ တက်နိုင်မည် ဖြစ်၏။

England Club တွေထဲ နိုင်ပွဲ မရခဲ့တာ Arsenal တသင်းထဲဟု ဆိုရမည်ထင်။ Europa Conference League မှာလည်း Chelsea က Djurgarden အသင်းကို အဝေးကွင်းမှာ 1-4 ဖြင့် အနိုင်ရသွားခဲ့၏။ ယခု ရလဒ်ကြောင့် ဗိုလ်လုပွဲကို ခြေချထားပြီလို့တောင် ပြောလို့ရမည်။ တဖက်မှာ Real Betis က Fiorentina ကို 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဒုတိယကျော့ Fiorentina အိမ်ကွင်း ပွဲစဉ်ကတော့ ကြည့်ကောင်း ပေလိမ့်ဦးမည်။

(photos from UEFA Champion & Europa League page)



0
0
0.000
1 comments