စမ်းသပ်နေတာလား
မိုးက အချိန်ကိုက် ရွာ၏။ တကယ့်ကို အချိန်ကောင်းကြီးမှာ ရွာ၏။ သံဃာတွေ၊ ကိုရင်တွေ ဆွမ်းခံကြွချိန်ကြီး ထထရွာနေတာ။ တရက်ထဲ မဟုတ်၊ သုံးရက်ဆက်တိုက် ရှိနေပြီ။ နေ့လည်နေ့ခင်းမျိုး ရွာတာကထား၊ မနက် အစောကြီး ရွာတာလည်း ကိစ္စ မရှိသေးပေ။ ဆွမ်းခံကြွချိန်လေး မရွာသော် မကောင်းပေဘူးလား။ ထိုအချိန်လေး ခဏ မရွာရင်ကို သံဃာတော်တွေ ကိုရင်တွေ အတွက် အဆင်ပြေ၏။
မုန်တိုင်းများ ရှိနေလေလားတော့ မသိ၊ မိုးက မိုးရာသီအလား ရွာနေခဲ့၏။ မိုးလေဝသ သတင်းတွေ ဘာတွေမှာတော့ မုန်တိုင်းအကြောင်း မတွေ့မိပေ။ ဘယ်နှယ်ရက်ထိများ ရွာဦးမည် မသိ။ ဒီလိုကနေ မိုးဆက်ရင်း မိုးရာသီ အစောရောက်သွားလေဦးမလား မသိပေ။
လူ့အလို နတ်မလိုက်နိုင်ဟု မိုးနတ်မင်း ပြောရင်လည်း ခံရပေလိမ့်မည်။ မင်းတို့ပဲ ပူလွန်းလို့ဆို အဲ့ကြောင့် မိုးရွာပေးရတာလေ။ မှန်ပါတယ် မိုးမရွာခင် ရက်တွေမှာ အတော်လေးကို ပူပါ၏။ ကျနော်တို့ တောင်ပေါ်ဒေသက လူတွေတောင် အတော်ကြီးကို ပူနေတာ အလယ်ပိုင်းဒေသက လူတွေဆို မည်သို့ နေမည် မသိပေ။ အမျိုးတွေကို လှမ်းမေးကြည့်တော့ နေ့လည်နေ့ခင်းဆို နေလို့ကို မရဘူးဆို၏။ ညတောင် ညတော်တော်နက်မှ အပူလျော့သည် ဆို၏။
ထိုသို့ ပူပြင်းနေရာမှ မိုးလေး ရွာလိုက်တော့ အထိုက်အလျောက် အပူ သက်သာပါ၏။ ဒါပေမယ့် ခုက ရက်ဆက်ကြီး၊ ရွာပြီး နေပြန်ပွင့်တာမျိုး မဟုတ်ဘဲ မိုးကြီးအုံကာ တနေ့ကုန် ရွာနေခြင်း ဖြစ်၏။ ခဏတဖြုတ်လောက်သာ တိတ်၏။ အဆိုးဆုံးက အပေါ်မှာ ဆိုခဲ့သည့်အတိုင်း ဆွမ်းခံကြွချိန် ရွာခြင်း ဖြစ်၏။
ကိုရင်တွေ သံဃာတော်တွေ ကျောင်းက ထွက်ပြီးချိန်လောက်ဆို ရွာပြီ။ ပြီး ဆွမ်းခံကြွပြီးချိန်လောက်ဆို မိုးကတိတ်သွားပြန်ရေ။ နေ့လည်ခင်း၊ ညနေခင်းလောက်မှပဲ ထပ်ရွာတော့၏။ မသိရင် မိုးနတ်မင်းက ဘုရားသားတော်နဲ့ ကုသိုလ် လုပ်သူ ဒကာ ဒကာမတွေကို စမ်းသပ်နေသည့် အလားပင်။
မိုးက နောက်ရက်တွေကော ခုလိုကြီးပဲ ရွာနေလေဦးမလားတော့ မပြောတတ်ပေ။ အပူသက်သာတာ မှန်ပေမယ့် ရက်ဆက်ကြီးရွာနေပြန်ရင်လည်း အဆင်မပြေပေ။ လူတွေ မကောင်းကြတော့ ရာသီဥတုတွေလည်း မမှန်တော့ဘူးဟု အမေက ပြောနေလေ၏။
မန်းလေး လည်းရွာတယ်ဗျို့ မနက်ပိုင်းလေးတော့
မိုးက တိတ်သွားလို့ ဆွမ်းခံကိုယ်တော်တွေ အဆင်ပြေကြမလား။
!PIZZA
!MEME
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!
!LOLZ. !LUV. !MEME
@donjaun, @uthantzin(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: rickonthemoun10
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
It was just so lava-able.
Credit: belhaven14
@donjaun, I sent you an $LOLZ on behalf of uthantzin
(2/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ