စံစားလိုက် ခံစားလိုက်နဲ့
မရယ်ရတဲ့ ဟာသ တခု ပြောပြမယ်။ တကယ့် ဟာသပါ။ ဒါပေမယ့် မရယ်ရဘူး။ United ဆိုတဲ့ အသင်းပေါ့။ Europa League မှာ ရှုံးပွဲမရှိတွေ ကစားပြထားပြီး EPL မှာ လာလာပြီး ရှုံးနေတာ။ ဒီအသင်းက ဘာကြီးလဲ။ အမှန်တော့ ခုလို ဖြစ်နေတာ ကြာနေခဲ့ပါပြီ။
ရာသီသိမ်းဖို့ နီးလာတာလည်း ပါသလို အသင်း အနေနဲ့ ဖလား လမ်းကြောင်းကလည်း Europa League တခုပဲ ကျန်သည်ကိုး။ နည်းပြ Amorim ကတော့ ပြောထားပါတယ်။ ဘာတဲ့ Europa League ကိုပဲ အာရုံစိုက်တော့မှာမို့ EPL ကို လူငယ်တွေနဲ့ပဲ ကစားသွားမယ် ဆိုတာကိုပေါ့။ တကယ်လည်း ပြီးခဲ့တဲ့ Sunday Brentford နဲ့ ပွဲမှာ အဓိက ကစားသမား တော်တော်များများ အနားပေးပြီး လူငယ်တွေနဲ့ ပွဲထွက် ကစားသွားခဲ့ပါတယ်။ 4-3 နဲ့ ရှုံးသွားခဲ့ပါတယ်။
ဒီရာသီ United က ခြေမမှန်နေပါဘူး။ ကောင်းလိုက်၊ မကောင်းလိုက်နဲ့။ အသင်းရဲ့ ပွဲရလဒ်တွေကို ကြည့်ရင်ပဲ အသင်းရဲ့ အနေအထားကို ပြောနိုင်နေပြီ ဖြစ်ပါတယ်။ လျော့တိလျော့ရဲ ကစားတာ၊ အာရုံစူးစိုက်မှု မရှိတာ စတဲ့ ကစားပုံ ကစားဟန်တွေက တကယ်ကို စိတ်ပျက်စရာပါ။ အသင်းပေါ် ပေးဆပ်လိုစိတ်၊ တနည်းအားဖြင့် United DNA ရှိတဲ့ ကစားသမား မရှိသလောက် နည်းသွားတာပါ။ Sir Alex လက်ထက်တုန်းက အသင်းဆို ကစားသမားအားလုံးနီးပါးမှာ United DNA ကို တွေ့မြင်ခံစားရပါတယ်။
United ဟာ အသင်းကြီး တသင်း အနေအထားမှာ မရှိနေတော့ပါဘူး။ Sir Alex နောက်ပိုင်း ကျဆင်းသွားတဲ့ အသင်းဟာ ခုထိ ပြန်မတက်လာနိုင်သေးပါဘူး။ တဖြည်းဖြည်း နိမ့်ဆင်းသွားလိုက်တာ ယခုရာသီရဲ့ EPL ရပ်တည်မှုသာ ကြည့်တော့။ ဒီနှစ်အပိုင်းအခြားတွေထဲ ဟိုဖလား၊ ဒီဖလားလေးတွေ ရနေတယ် ဆိုပေမယ့် အသင်းရဲ့ ကစားပုံက ထူးပြီး ကောင်းမလာခဲ့ပါဘူး။ ကစားပုံ၊ ကစားကွက် ကောင်းကောင်းနဲ့ အသင်းရဲ့ ခြေစွမ်းကသာ ပုံမှန် ရှိနေခဲ့မယ်ဆိုရင် ဖလားတွေ ဒီထက်ပိုပြီး စိန်ခေါ်နိုင်မှာပါ။
မနှစ်ရှေ့တနှစ်က EFL Cup ရတယ်။ မနှစ်က FA Cup ရတယ်။ ဒီနှစ်မှာတော့ ပြည်တွင်းဖလား မျှော်လင့်ချက် မရှိတော့ပေမယ့် ပြည်ပဖလား Europa League ကျန်နေပါသေးတယ်။ မြန်မာစံတော်ချိန် သောကြာနေ့ မနက် ၁ နာရီခွဲမှာ Athletic Club နဲ့ Europa League Semi Final ဒုတိယကျော့ ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ကစားသွားဖို့ ရှိနေပါတယ်။ ပထမကျော့ အဝေးကွင်းမှာ 0-3 နဲ့ နိုင်ထားတာမို့ ဒုတိယကျော့ အိမ်ကွင်းပွဲက ဖိအားကင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဆလို့တော့ မရပါဘူး။ ကိုယ့်အသင်း အကြောင်း ကိုယ်သိတာပေါ့။ ကဲ ကြိုးစားလိုက်ရအောင် ငါ့ကောင်တို့ရေ။
(photos from Manchester United page)
!PIZZA
!MEME
Credit: burn-cent
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!