စမ်းကြည့်တာပေါ့လေ။
Telegram Airdrop & Tapbot တွေဘက် မလှည့်ဖြစ်တာ ကြာခဲ့ပြီ။ ခရမ်းချဉ်သီးပုပ် မိပြီးကတည်းက မလှည့်ဖြစ်တော့။ ဒါတောင်ကြားထဲမှာ ဟိုဟာ ဒီဟာလေး လုပ်လိုက်သေး၏။ ခရမ်းချဉ်သီးတုန်းက အတော်လေး hot ၏။ လုပ်လိုက်ကြတာ တအုန်းအုန်းနဲ့။ ထွက်လည်း ထွက်လာရော ဈေးက နှမ်းစေ့လောက်ပင် မရှိပေ။ ကိုယ်က အရင်းအနှီးတွေ အများကြီး မထည့်မိလိုက်လို့ တော်သေးသည်ဟု ပြောရမည်။
ဒီရက်ပိုင်း ဘာရယ်တော့ မဟုတ် Airdrop လေး နှစ်ခု သုံးခုလောက် ပြန်လုပ် ကြည့်ဖြစ်နေ၏။ အချိန်လည်း သီးသန့် သက်သက်ကြီး ပေးစရာမလိုသောကြောင့် လုပ်ကြည့် ဖြစ်ခြင်း ဖြစ်၏။ ထိုထဲက တခုကို ပြောပြချင်၏။ လုပ်ကြည့်ချင်ကလည်း လိုက်လုပ်ကြည့်နိုင်အောင်ပေါ့။ Payment ရရင်လည်း verified post ထပ်တင် ပေးပါဦးမည်။
Nexo, Ads တွေ ကြည့်ပေးရ၏။ တနေ့ ကို အခု 20 ထိုထက် ပိုပြီးတော့ ကြည့်လို့လည်း မရပေ။ တရက်ကို 20 သာ ပေးထား၏။ Telegram ကြေငြာတွေက အချိန်အားဖြင့် တခုကို 15 စက္ကန့်သာ သာ ရှိ၏။ ကြားထဲ ခဏစောင့်တာမျိုးကို ထည့်ပေါင်းရင် စက္ကန့် 20 လောက်ထား။ အခု 20 ဆိုတော့ စက္ကန့် 400 လောက် အချိန်ပေးရမည်။ 6 မိနစ်ကျော်လောက်ပေါ့။ ထားပါ 10 မိနစ်ပေါ့။
Ad တခုကို 1 VET ပေး၏။ လောလောဆယ် 1 VET က 0.02$ ခန့်ဈေးရှိနေ၏။ တရက် 0.4$ ဝန်းကျင်ပေါ့။ အနည်းဆုံး 120 ရှိမှ ထုတ်လုပ်ရမယ် ပြော၏။ 120 နှင့် 2500 ကြားဟု ပြထား၏။ Binance ID နဲ့ ထုတ်လို့ရကြောင်း ပြထား၏။ 120 VET ဆိုတော့ 2.4$ လောက်တော့ ရှိမပေါ့။ တရက်ကို 20 VET ဆိုတော့ 6 ရက်၊ 7 ရက်လောက် နေရင် ထုတ်ကြည့်လို့ရမည် ထင်၏။ fee ဘာညာ ပေးရ မပေးရတော့ မပြောတတ်သေးပေ။
Fee မဖြတ်ဘဲ ထုတ်ခါနားနီးမှ refer ဘယ်နှယ်ယောက် ရှိမှ ထုတ်ပေးမယ်တွေ ဘာတွေ မပြောလာရင်တော့ အိုကေပါ၏။ တပတ်ကို 2.4$ တလ ဆို 9.6$ အမယ် 10$ ဝန်းကျင်ပဲ။
တကယ်ရ မရက မသိသေးဘူး တွက်ပစ်လိုက်တာတော့ အဟုတ်။ တွက်ရေးက စက်သူဌေး နှယ်။ အမှန်အကန်လား အကြံအဖန်လားဆိုတာ 7 ရက်မြောက်နေ့မှာ ပြန်လာပြောပေးပါ့မယ်။ သတိပေးကြပါဦး။ စမ်းကြည့်ချင်ရင်လည်း Comment မှာ refer link ချထားပေးပါ့မယ်။
https://t.me/Nexo_ta_bot?startapp=997327191
!LOLZ
!MEME
lolztoken.com
I will find you. You have my word.
Credit: lofone
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!
အဲ့ဒါကြီးက တစ်ရက်၂၀ တိုးနေတယ် ထုတ်ရတဲ့ပမာဏက။ မထုတ်ပေးချင်လို့ ညစ်နေတဲ့အတိုင်းပဲ။ တစ်ချို့တွေလည်း ထုတ်တာ မရောက်ကြဘူးတဲ့။ ဂျင်းလား မသိပါဘူး။
!PIZZA
!HUG
$PIZZA slices delivered:
@myothuzar(1/10) tipped @donjaun
Come get MOONed!