ဆက်ပျံမယ့် ဆင်ပျံကြီး

နှစ်သစ်သို့ ၃ ရက် ချဉ်းနင်းဝင်ရောက် ခဲ့လေပြီ။ Hive မှ မိတ်ဆွေများကို နှစ်သစ်ဆုမွန်ကောင်း မတောင်းပေးရသေးသလို ၂၀၂၅ ကိုလည်း ကောင်းစွာ မထားခဲ့နိုင်သလိုလိုနှင့် ၂၀၂၆ ကိုလည်း ကောင်းကောင်း မကြိုဆိုရသေးသလို ခံစားနေရ၏။ ဒီရက်ပိုင်းက ဘာမှန်း မသိတာတွေနှင့်ကို ရှုပ်နေခဲ့၏။ December မှာ ပိုစ့်တင်ဖို့ ရက်အနည်းငယ် ပျက်ကွက်ခဲ့မှုက January ထိ ပါလာခဲ့လေ၏။ မနေ့ ရှေ့တနေ့က ပိုစ့် မတင်လိုက်ရပေ။ မနေ့က စလို့ ပိုစ့်တင်ရက်ကို မနက် အစော ပြောင်းလိုက်၏။

နေ့လည် ညနေမှဆို တခြား ကိစ္စ အကြောင်းအရာတွေ ကြောင့် စာက မရေးဖြစ်တာနဲ့ ပိုစ့်က မတင်ရတော့ပေ။ ယခင်ဆိုလည်း မနက်ဘက် ကြိုရေးထားပြီး ညနေမှ တင်တာမျိုး လုပ်လေ့ရှိ၏။ ဒါပေမယ့် ပြန်အိပ်ချင်တဲ့အခါမျိုးဆို အို ညနေမှ တင်မယ့်ဟာကို နေ့လည်မှ ရေးတော့မယ် ဖြစ်သွားခဲ့၏။ အပျင်းထူပြီး အချိန်ဆွဲမိသည့် အကျိုးပင်။ တခြား အကြောင်းကိစ္စတွေ ဝင်လာတော့ မရေးရ မတင်ရ ဖြစ်သွားရော။

သို့နှင့် မနေ့ကစလို့ မနက်ဘက် ပြောင်းပြီး တင်နေခြင်း ဖြစ်၏။ တခါထဲရေး တခါထဲ တင်ပေါ့။ နောက်ပိုင်းတော့ မနက်တင်ဖို့ကို ညဦးပိုင်းကတည်းက ရေးဖို့ စိတ်ကူးထား၏။ ဘောလုံးပွဲတွေက ဆက်တိုက်ဖြစ်နေတာနဲ့ပဲ တခြား အကြောင်းရာတွေ မရေးဖြစ်နေပေ။ မကန်ခင် review ကန်ပြီး result တွေ အကြောင်း ရေးနေရတာနဲ့တင် တခြား ရေးမယ်တွေးထားတာတွေ မရေးဖြစ်နေပေ။ ဘောလုံးပွဲ အကြောင်းတွေသာ ရေးနေတာ ဘောလုံးပွဲတွေတော့ ကောင်းကောင်း မကြည့် ဖြစ်ပေ။ အချိန်တွေက ညသန်းခေါင်ကျော်တွေ ဖြစ်နေတာကိုး။

ဒီနေ့လည်း EPL Round 20 ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေ၏။ ဒီနေ့တော့ ပွဲချိန်တွေ စောပါ၏။ အဆင်ပြေရင်တော့ ကြည့်လိုက်ပါဦးမည်။ Aston Villa vs Nottm Forest က ည ၇ နာရီ၊ Brighton vs Burnley, Wolves vs West Ham တို့က ည ၉ နာရီခွဲ၊ Bournemouth vs Arsenal တို့က မနက် ၁၂ နာရီချိန်တွေမှာ ကစားမည် ဖြစ်၏။

Round 19 မှာ Arsenal ကို 4-1 ဖြင့် ရှုံးခဲ့သည့် Aston Villa တို့ အနေဖြင့် ဒီတပတ်မှာတော့ နိုင်ပွဲ ပြန်ရတန်ကောင်း၏။ Brighton vs Burnley ပွဲမှာတော့ Brighton ကပဲ အနိုင်ရသွားဖို့ များ၏။ စိတ်ဝင်စားဖို့ ကောင်းတာက Wolves vs West Ham ပွဲစဉ် ဖြစ်၏။ အဆင့် ၂၀ နှင့် ၁၈ က အသင်း တွေ့ဆုံနေ၏။ ၁၂ ပွဲဆက်တိုက် ရှုံးနိမ့်နေမှုအား United ကို သရေကစားပြီး ရပ်တန့်နိုင်ခဲ့သည့် Wolves တို့ အနေဖြင့် West Ham ကို မည်သို့ ဧည့်ခံ ကစားသွားမလဲက စိတ်ဝင်စားဖို့ ကောင်းနေ၏။

Bournemouth vs Arsenal ပွဲစဉ်မှာတော့ Arsenal ကပဲ ဆက်လက်ပြီး နိုင်ပွဲ ရယူသွားဖို့ များနေ၏။ ဒီရာသီမှာ Arsenal ကို ရပ်တန့်နိုင်သည့်အသင်း မရှိတော့ဘူးလားဟု ပြောရလောက်အောင် Arsenal တို့ အထူးအစွမ်းပြထားနေခဲ့၏။ တဖြည်းဖြည်းနဲ့ ပုံစံကောင်းတွေ ပြသလာရင်း EPL ဖလားကြီးကို သိမ်းပိုက်သွားတော့မယ် ထင်ပါရဲ့။

(photos from Arsenal & Wolves pages)



0
0
0.000
0 comments