Round 5 Summary

avatar

EPL Round 5 အပြီး မှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့အသင်းဆိုလို့ Liverpool တသင်းထဲသာ ကျန်ပါတယ်။ ရှုံးပွဲ မရှိ၊ သရေပွဲ မရှိ ၅ ပွဲ ကစားပြီး ၅ ပွဲလုံး နိုင်ထားတာပါ။ ရှုံးပွဲ မရှိသေးတဲ့ နောက်တသင်းကတော့ Crystal Palace အသင်းပဲ ဖြစ်ပါတယ်။ ၅ ပွဲ ကစားပြီး ၂ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။

မနေ့က အဆင့် ၂ က Arsenal အသင်းနဲ့ Man City တို့ တဖက် တဂိုးစီ သရေကျသွားခဲ့ပါတယ်။ Arsenal အနေနဲ့ လက်ရှိမှာ ၁၀ မှတ် ရထားပြီး အဆင့် ၁ က Liverpool နဲ့ ၅ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။ Tottenham, Bournemouth တို့ကလည်း ၁၀ မှတ်စီနဲ့ အဆင့် ၃၊ ၄ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Crystal Palace ကတော့ ၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ ဒီတပတ်မှာ United ကို ရှုံးထားတဲ့ Chelsea ကတော့ ၈ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ မန်ချက်စတာ ညီနောင်ကတော့ ၇ မှတ်ချင်း တူပေမယ့် ဂိုးကွာခြားချက်အရ City က အဆင့် ၉ United က အဆင့် ၁၁ နေရာမှာ အသီးသီး ရှိနေပါတယ်။

Aston Villa, West Ham & Wolves တို့ကတော့ တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ Wolves ဆို ခုထိ တမှတ်မှ မရသေးပါဘူး။ ၅ ပွဲ ကစားပြီး ၅ ပွဲလုံး ရှုံးထားပါတယ်။ တန်းတက်လာတဲ့ ၃ သင်း ဖြစ်တဲ့ Leeds, Burnley & Sunderland တို့ကတော့ အခြေအနေ ကောင်းနေပါသေးတယ်။ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတဲ့ Sunderland က အဆင့် ၇၊ Leeds က အဆင့် ၁၂၊ Burnley က အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

တန်းဆင်းဇုန်ထဲ ရောက်နေပေမယ့် အဆင့် ၁၀ အောက် အသင်းတွေက တန်းဆင်းဇုန်အသင်းတွေနဲ့ အမှတ်အားဖြင့် ၃ မှတ်၊ ၄ မှတ်သာ ကွာတာပါ။ ခုမှ ၅ ပွဲပဲ ကစားပြီးသေးတာ မဟုတ်လား။ ၅ ပွဲ ကစားပြီးရုံနဲ့ ဘယ်သူ ဗိုလ်စွဲမယ်၊ ဘယ်သူ တန်းဆင်းရမယ် ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ရာသီအစမှာ အခြေအနေ ကောင်းထားမှ တာထွက်လှမှ ပန်းဝင်လည်း တင့်မည် မဟုတ်လား။

United အနေနဲ့ Round 6 မှာ Brentford အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ Round 7 မှာတော့ Sunderland အသင်းကို အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ Round 8 မှာတော့ လက်ရှိ ချန်ပီယံ Liverpool ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။

United အနေနဲ့ ခုချိန်ထိ တည်ငြိမ်တဲ့ ပုံစံတခု ချပြနိုင်ခြင်း မရှိသေးပေ။ အားထုတ်မှုမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးပေမယ့် ကံတရားလေး ဖေးမ ပေးနေလို့သာ တော်သေးသည် ဆိုရမည်။ ဒီရာသီ ချန်ပီယံ ဖြစ်ဖို့က အလှမ်းဝေးနေသေးပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်လေးတော့ ရချင်မိပါ၏။

(photos from Premier League Page)



0
0
0.000
0 comments