Round 38 :: Final Matches
ဒီနေ့ မြန်မာစံတော်ချိန် ည 9 နာရီခွဲမှာ EPL Round 38 ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ပွဲစဉ် အားလုံးကို တချိန်ထဲ တပြိုင်ထဲ ကစားမည် ဖြစ်၏။ အီတလီနဲ့ စပိန်က လိဂ်တွေလို မဟုတ်ဘဲ EPL မှာက ရာသီ နောက်ဆုံးပိတ် ပွဲစဉ်တွေကို တချိန်ထဲမှာ ကစားလေ့ ရှိ၏။
ချန်ပီယံ အသင်းက စောစီးစွာ ထွက်ပေါ်လာခဲ့ပြီး ဖြစ်သလို တန်းဆင်းရမည့် အသင်း 3 သင်းကလည်း ရှင်းလင်းစွာ သိနေကြပြီးသား ဖြစ်၏။ မရှင်းလင်းနေသေးတာက ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ဖြစ်၏။ ချန်ပီယံ Liverpool နဲ့ အဆင့် 2 က Arsenal လွဲလို့ ကျန် အဆင့် 3 မှ 7 အထိ အသင်းတွေ အကုန်လုံး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်လို့ရနေသေး၏။
EPL အတွက် ချန်ပီယံလိဂ် ဝင်ခွင့်က 5 နေရာ ရ၏။ Tottenham က United ကို အနိုင်ရပြီး Europa League ချန်ပီယံ ဖြစ်ထားသဖြင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ကန်ခွင့်ရထားပြီ ဖြစ်၏။ ထို့ကြောင့် နောက်ရာသီ ချန်ပီယံလိဂ်မှာ England မှ အသင်း 6 သင်း ကစားခွင့်ရမည် ဖြစ်၏။
အဆင့် 3 မှ City က 68 မှတ်၊ အဆင့် 4, 5, 6 မှ New Castle, Chelsea, Aston Villa အသင်းတို့က 66 မှတ်စီ၊ အဆင့် 7 မှ Nottm Forest က 65 မှတ် ဖြင့် အသီးသီး ရပ်တည်နေကြ၏။ အမှတ်တွေက သိပ်မကွာကြပေ။ ယခု နောက်ဆုံးပွဲစဉ်၏ ရလဒ်ပေါ် မူတည်ပြီး ဘယ်အသင်းက ချန်ပီယံလိဂ်၊ ဘယ်အသင်းက ယူရိုပါလိဂ် ကစားရမည် ဆိုတာကို သိရမည် ဖြစ်၏။
Man City က Fulham နဲ့ အဝေးကွင်း၊ New Castle က Everton နဲ့ အိမ်ကွင်း၊ Aston Villa က Man United နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ ကြည့်ကောင်းမယ့် ပွဲစဉ်ကတော့ Nottm Forest vs Chelsea တို့၏ ပွဲစဉ် ဖြစ်၏။
အချက်အလက်တွေ လိုက်မကြည့်နေဘဲ ဒီအတိုင်း စိတ်ထဲ ရှိနေတာကိုပဲ ပြောရရင် Chelsea, Aston Villa, Nottm Forest တို့ အနေဖြင့် လက်ကျန် တနေရာကို အပြိုင်လုကြရမယ်လို့ ထင်မိ၏။ City နဲ့ New Castle တို့ကတော့ Liverpool, Arsenal တို့ နှင့်အတူ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားမယ် ထင်မိ၏။ ဒါပေမယ့် ဘာမဆို ဖြစ်သွားနိုင်သည့် EPL ပွဲစဉ်တို့၏ ထုံးစံအတိုင်း ပွဲပြီးချိန်မှပဲ သိရပေလိမ့်မည်။
(photos from Premier league page)
!hiqvote
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
!MEME
!LOLZ
lolztoken.com
All that time and nothing to chauffeur it.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!