Round 3 ?
Bybit SpaceS round 2 ကတော့ ပြီးသွားခဲ့ပြီ။ 31 ရက်နေ့ (နောက် 6 ရက် ပြီးနောက်) မှာ rewards တွေ စတင် ဖြန့်ဝေသွားမည် ဖြစ်၏။ Round 2 မှာတော့ 2.5 USDT ရလိုက်ဦး။ မဆိုးပေ။ Round 1 တုန်းက 0.09 USDT လောက်သာရခဲ့၏။ Round 1 တုန်းက သိတာ နောက်ကျတာလည်း ပါ၏။ ပြီး ထိုအချိန်မှ SpaceS ကို စ join ခြင်း ဖြစ်သောကြောင့် points ကလည်း အများကြီး မရှိသေးပေ။ Round တွေ မစခင်ကတည်းက SpaceS လုပ်ခဲ့မယ် ဆိုရင်တော့ points တွေ အများကြီး ရှိနေလောက်၏။
ဒါကလည်း ကိုယ့်အပြစ်နဲ့ ကိုယ်ကိုး။ ပြောရရင်တော့ Binance က စသည် ဆိုရမည်။ Binance moon Telegram airdrop တုန်းက Binance က သူတို့ လုပ်တာ မဟုတ်ပါဘူး ဆိုပြီး ပြောတာနဲ့ Bybit SpaceS ကိုလည်း သို့လော သို့လောနဲ့ မလုပ် ဖြစ်ခဲ့ခြင်း ဖြစ်၏။ အသိတယောက်က ဒါ လုပ်လားဆိုပြီး မေးတုန်းကတောင် Binance moon လို ဖြစ်နေမယ် ဆိုပြီး ပြောခဲ့မိသေး၏။ ခုလို USDT farming Round တွေ လာမှ ကိုယ်လည်း သူ့ကို ပြန်သွား သတိပေးရပြန်သေး၏။
သူလည်း ကိုယ် သတိပေးမှ Round တွေ လိုက် join ဖြစ်သည်ဟု ပြောလို့ရ၏။ တော်သေးတာပေါ့။ တခါတလေကျ မထင်မှတ်ထားသည့် Airdrop တွေ Project တွေ Events တွေကနေ rewards တွေ ပြန်ပြန် ရတတ်လေ့ ရှိနေပြန်၏။ ထင်ထား မျှော်လင့်ထားတာတွေကြ တလွဲတွေ ဖြစ်လို့။
Bitget လိုပဲ Bybit ကလည်း Telegram wallet လာပြီ ဖြစ်၏။ Bitget က Binance တို့ Bybit တို့လို မဟုတ်ဘဲ Exchange အပြင် Web 3 wallet ဆိုပြီး သက်သက် ရှိ၏။ ထို့ပြင် သူက ခုဆို Telegram မှာပါ mini wallet ဆိုပြီး ရှိလာပြီ ဖြစ်၏။ တနေ့က SpaceS ဝင်တော့ task ထဲမှာ create and connect Bybit wallet (telegram) ဆိုပြီး ပါလာ၏။ Web 3 wallet seed phase နဲ့ ချိတ်ပြီး ဝင်လိုက်ရုံပင်။ တဖြည်းဖြည်း Telegram ကိုယ်၌ကကို wallet ပေါင်းစုံ စုဝေးရာ wallet အကြီးစားကြီး ဖြစ်လို့ လာနေခဲ့ပြီ။
Round 2 ပြီးနောက်မှာ Round 3 လေးများ လာလေဦးမလားလို့ မျှော်နေမိ၏။ လာရင်တော့ ကောင်းမည်။ မလာခင်လေး points တွေ ရသလောက် စုထားရပေလိမ့်ဦးမည်။
!PIZZA
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun