Round 2 Start

Euro 2024 Group F ၏ အုပ်စု အဖွင့်ပွဲစဉ်များ ကစားပြီး သွားခဲ့၏။ Turkiye က Georgia ကို 3-1 ဖြင့် လည်းကောင်း Portugal က Czechia ကို 2-1 ဖြင့်လည်းကောင်း အသီးသီး အနိုင်ရသွားခဲ့၏။ Portugal အတွက် Ronaldo ကို ပွဲချိန်ပြည့် ပါဝင် ကစားသွား ခဲ့ပေမယ့် ဂိုးတော့ သွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့၏။ 39 နှစ်သားကြီးကတော့ အံ့ဩစရာပင်။

Futsal ကို 2 ချိန်ဆက် ကန်ထားလို့ ပင်ပန်းပြီး အစောအိပ်သွားမယ် ထင်ခဲ့ပေမယ့် မနက် 1 နာရီထိုးသွားသည်အထိ မအိပ် ဖြစ်သေးတာနဲ့ Portugal ပွဲကို ပထမပိုင်းလေးတော့ ကြည့်လိုက်၏။ Ronaldo ကို အားပေးသည့် အနေနှင့်ပေါ့။ ဂိုးတွေက ဒုတိယပိုင်းမှာမှ သွင်းကြသဖြင့် ကျနော့် အတွက် အနည်းငယ်တော့ မကျေနပ်ချင်စရာပင်။ သို့ပေမယ့် Ronaldo ကစားတာကို ကြည့်ခွင့်ရတာနှင့်ပင် တန်နေပါပြီလေ။

ပထမပိုင်း တပိုင်းလုံး Portugal ကသာ တဖက်သတ် ဖိကစားထားခဲ့၏။ နို့ပေမယ့် ဦးဆောင်ဂိုးကိုတော့ Czechia တို့က အရင်သွင်း၏။ Portugal က နောက်ကနေ ချေပဂိုး၊ အနိုင်ဂိုးတွေ လိုက်သွင်း ခဲ့ရ၏။ တကယ် အကြိတ်အနယ်ရှိလှသည့် Euro ပွဲစဉ်တွေဟု ပြောရပေမည်။

အုပ်စု F အထိ ကစားပြီးနောက် ဒီနေ့မှာတော့ အုပ်စု A ၏ အုပ်စု ဒုတိယပွဲစဉ်များ ကစားကြမည် ဖြစ်၏။ အုပ်စု B ၏ ပွဲစဉ် တပွဲလည်း အပါအဝင်ပေါ့။

Group B
Croatia vs Albania (7:30 PM)

Group A
Germany vs Hungary (10:30 PM)
Scotland vs Switzerland (1:30 AM)

ပထမပွဲ ရှုံးထားသည့် Croatia တို့ အနေဖြင့် ယခုပွဲကို အနိုင်ကစားဖို့ လိုပေလိမ့်မည်။ Albania ကိုလည်း လျှော့တွက်ထားလို့ မရပေ။ အ‌ကောင်းဆုံး တတိယနေရာကို မှန်းထားလို့ရသည်မို့ သူတို့လည်း Croatia ကို ဒုက္ခ ပေးသွားနိုင်၏။

အိမ်ရှင် Germany ကတော့ နိုင်ပွဲဆက်ဦးမည် ထင်ပါရဲ့။ ကြည့်ကောင်းမယ့် ပွဲကတော့ Scotland vs Switzerland တို့၏ ပွဲစဉ် ဖြစ်၏။ အုပ်စု အဖွင့်ပွဲမှာ Germany ကို ရှုံးနိမ့်ထားသည့် Scotland တို့ အတွက် ယခု ပွဲစဉ်က အရေးကြီးလှ၏။ ခြေညီသည့် နှစ်သင်းပွဲမို့ အပြန်အလှန် သွင်းဂိုးတွေ မြင်ရနိုင်လောက်၏။ ကဲ အားပေးကြတာပေါ့။



153
0
0.808 POB

0 comments