Round 10

ဒီတပတ်မှာတော့ EPL Round 10 ပွဲစဉ်တွေ ကစားသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ပွဲစဉ် 6 ပွဲထိ ကစားသွားမှာ ဖြစ်ပါတယ်။ Tottenham vs Chelsea တို့ရဲ့ လန်ဒန် ဒါဘီ ပွဲစဉ်ကတော့ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်တွေထဲ ပါဝင်နေမှာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် 3 မှာ ရပ်တည်နေတဲ့ Tottenham နဲ့ အဆင့် 9 မှာ ရပ်တည်နေတဲ့ Chelsea တို့ တွေ့ဆုံမှုက စိတ်ဝင်စားစရာပါ။ အဆင့် 3 နဲ့ 9 ဆိုပေမယ့် အမှတ်က 3 မှတ်ပဲ ကွာတာပါ။
ကြားရက်က EFL ပွဲစဉ်မှာ New Castle ကို ရှုံးပြီး ထွက်ခဲ့ရတဲ့ Tottenham နဲ့ Wolves ကို နိုင်ပြီး နောက်တဆင့် တက်သွားတဲ့ Chelsea ဒါပေမယ့် ပြီးခဲ့သော EPL ပွဲစဉ်မှာတော့ Tottenham က Everton ကို အနိုင်ရထားပြီး Chelsea ကတော့ Sunderland ကို ရှုံးနိမ့်ထားပါတယ်။

ဆင်ပျံကြီး Arsenal ကတော့ Burnley ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားမှာပဲ ဖြစ်ပါတယ်။ အဆင့် 1 နေရာမှာ အမှတ်ဖြတ် ဦးဆောင်ထားနိုင်ဖို့ ဒီပွဲကိုလည်း အနိုင်ကန်မယ်လို့ ထင်မိပါတယ်။
နိုင်ပွဲတွေ ဆက်နေတဲ့ United ကတော့ ဒီတပတ်မှာ Nottm Forest ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ 5 ပွဲဆက် အနိုင်ရရင် ဆံပင်ညှပ်မယ့် United fan Frank Ilett တယောက် ဆံပင်ညှပ်ရဖို့ ခုပွဲနဲ့ နောက်ထပ် တပွဲသာ အနိုင်ရဖို့ ကျန်ပါတော့တယ်။
တဖြည်းဖြည်း ဇယားထိပ်နား လှမ်းလာတဲ့ United အဖို့ Forest ကို အနိုင်ကစားပြီး နောက်ထပ် နိုင်ပွဲ နောက်ထပ် 3 မှတ် ထပ်မံရယူသွားနိုင်မလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
(photos from Premier League Page)