Road to Final
သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ Europa League & Conference League Semi Final ဒုတိယကျော့ ပွဲစဉ်များ ယှဉ်ပြိုင် ကစားကြ၏။ Europa League ပွဲစဉ်တွေကတော့ ပထမကျော့ ပွဲစဉ်များ ကစားပြီးကတည်းက ဘယ်အသင်းတွေ နောက်တဆင့်တက်မယ်ဆိုတာ သိသာ ပေါ်လွင်နေခဲ့ပြီး ဖြစ်၏။ United က အိမ်ကွင်းမှာ Athletic Club ကို လက်ခံကစား၏။ ပထမကျော့မှာတုန်းက 0-3 ဖြင့် အနိုင်ရထားခဲ့ပေမယ့် United တို့ အဓိက ကစားသမားတွေနဲ့သာ ပွဲထွက်လာခဲ့၏။ ဒီအသင်းက EPL မှာသာ တလွဲတွေ လုပ်နေတာ၊ Europa League မှာဆိုရင်တော့ သူ မဟုတ်သလိုဘဲ။ မသိရင် အခြား တသင်းသင်းက ဝင်ကန်နေတဲ့ အတိုင်းပဲ။
ယခုလည်း Athletic Club ကို 4-1 ဂိုးဖြင့် ဂိုးပြတ် အနိုင်ရပြီး နှစ်ကျော့ပေါင်း 7-1 ဖြင့် ဗိုလ်လုပွဲ တက်သွားခဲ့၏။ ဒါတောင် Athletic Club က ပထမပိုင်း 31 မိနစ်မှာ ဦးဆောင်ဂိုး အရင် သွင်းခဲ့ခြင်း ဖြစ်၏။ United က နောက်လိုက်၍ ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူခဲ့ခြင်း ဖြစ်၏။ ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိကြဘဲ ဒုတိယပိုင်း မိနစ် 70 နောက်ပိုင်း ရောက်မှသာ ဂိုးတွေ သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်၏။
တဖက်မှာ Tottenham က Bodo/Glimt အသင်းကို အဝေးကွင်းမှာ 0-2 ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း 1-5 ဖြင့် Tottenham တို့ ဗိုလ်လုပွဲ တက်သွားခဲ့လေ၏။ ဗိုလ်လုပွဲမှာ United အသင်းနဲ့ ယှဉ်ပြိုင်ရမည် ဖြစ်၏။ All English (England) Final တော့ ဖြစ်လာခဲ့ပြီ ဖြစ်၏။
Conference League မှာတော့ Chelsea အနေဖြင့် ဖိအား မရှိ သာသာယာယာပဲ ဗိုလ်လုပွဲ တက်သွားခဲ့၏။ အိမ်ကွင်းမှာ Djurgarden အသင်းကို 1-0 ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း 5-1 ဖြင့် ဗိုလ်လုပွဲ တက်သွားခဲ့၏။
တကယ်တမ်း ကြည့်ကောင်းခဲ့တာက Fiorentina vs Real Betis တို့၏ ပွဲစဉ် ဖြစ်၏။ ပထမကျော့ Real Betis ကွင်းမှာ တုန်းက Betis က 2-1 ဖြင့် အနိုင်ရထား၏။ ယခု Fiorentina အိမ်ကွင်းမှာကြ Fiorentina က သာမန် ပွဲကစားချိန်ထိ 2-1 ဖြင့် အနိုင်ရနေခဲ့၏။ နှစ်ကျော့ပေါင်း 3-3 သရေ ဖြစ်နေခဲ့သောကြောင့် အချိန်ပို ဆက်ကစားရ၏။ 97 မိနစ်မှာ Real Betis တို့ ဂိုးသွင်းယူနိုင်ခဲ့၏။ နှစ်ကျော့ပေါင်း 3-4 ဖြင့် Real Betis ဗိုလ်လုပွဲ တက်လှမ်း သွား၏။ ဗိုလ်လုပွဲမှာ Chelsea vs Real Betis တို့ ရင်ဆိုင် ကစားကြမည် ဖြစ်၏။
Europa League ဗိုလ်လုပွဲကို May 22 ရက်နေ့နှင့် Conference League ဗိုလ်လုပွဲကိုတော့ May 29 ရက်နေ့များမှာ ယှဉ်ပြိုင်ကစား သွားမည် ဖြစ်၏။
(photos from UEFA page)
ညနက်ပွဲမို့ မကြည့်ဖြစ်လိုက်ဘူး။ ခု ကိုဒွန်ပိုစ်မြင်မှ Highlight ပြန်ကြည့်ဖို့ သတိရမိတော့တယ်။
!PIZZA
ကျနော်လည်း သိပ်မကြည့်ဖြစ်ဘူးရယ်။ PSG vs Arsenal ပွဲတော့ ကြည့်ဖြစ်တယ်။ တရေးနိုးနဲ့ ကြုံလို့။ ကျန်ပွဲတွေတော့ highlight ပါပဲ။
$PIZZA slices delivered:
myanmarkoko tipped donjaun
@htwegyi(1/10) tipped @donjaun
Come get MOONed!
!PIZZA
!MEME
Credit: shaungerow
Earn Crypto for your Memes @ HiveMe.me!