Rewards from Round 1

Bybit SpaceS ရဲ့ USDT farming pool Round 1 ကတော့ ပြီးသွားခဲ့ပြီ ဖြစ်၏။ မနေ့က rewards တွေ ပြန်လည်လို့ ခွဲဝေပေးခဲ့၏။ Claim လုပ်လိုက်ရုံနဲ့ မိမိရဲ့ Bybit Web 3 wallet ထဲ ရောက်မည် ဖြစ်၏။ Round 1 တုန်းက အသိနောက်ကျတာရယ် ပြီး points လည်း နည်းနည်းပဲ ရှိတော့ နည်းနည်းပဲ ပြန်ရခဲ့၏။ 0.09 USDT သာ ရခဲ့၏။ Ton holde ထားနိုင်ရင်တော့ ခုထက် ပို၍ ရနိုင်၏။ Round 2 မှာတော့ ခပ်‌စောစော join ထား နိုင်ခဲ့၏။ Round 1 တုန်းကလိုပဲ points ကိုသာ အားကိုးရပေလိမ့်ဦးမည်။ ကိုယ်မှ Ton မ hold ထား နိုင်ဘဲကိုး။

Round 2 မှာ Ton holde ထားဖို့ လိုသည့် အနည်းဆုံး ပမာဏက 10 Ton ဖြစ်၏။ လက်ရှိ Ton ဈေးက 5$ ခန့်ဆိုတော့ 50$ ဖိုးလောက် ရှိမည် ဖြစ်၏။ ထို amount က မိမိရဲ့ Bybit Web 3 wallet ထဲမှာ ရှိနေရင်ကို ရပြီ ဖြစ်၏။ Points လိုပဲ 10 Ton ထက်ပိုပြီး hold ထားသူ ဆိုရင်တော့ ပို၍ ရပေလိမ့်မည်။

Round 2 မှာက total အနေနဲ့ 40000 USDT ပေးမည် ဖြစ်၏။ Points အတွက်က 18000 နဲ့ Ton အတွက် 2200 ဖြစ်၏။ လောလောဆယ်တော့ 1 USDT ကျော်ကျော်လေး ရထားနေပြီ ဖြစ်၏။ တတောက်တောက် မနှိပ်ရ အချိန် မပေးရဘဲ အလကားရတဲ့ဟာ ဆိုတော့ ဘယ်လောက် ရရ မဆိုးဘူးလေ။ ပြီး သူခိုင်းထားတဲ့ tasks ကလည်း အများကြီး မရှိနေပေ။ ထိုအချက်က သဘောကျချင်စရာပင်။ တချို့ Airdrop တွေက တခုပြီး တခု၊ တမျိုးပြီး တမျိုး ခိုင်းနေကြသည်ကိုး။ ပေးကြတော့ မပေးဘဲနဲ့။

Points farming အတွက်ကတော့ မိမိမှာ အနည်းဆုံး points 10000 ရှိဖို့ လို၏။ Points များလေလေ rewards များများ ပြန်ရလေကတော့ ပြောနေစရာ လိုမည် မထင်တော့ပေ။ 24 ရက်နေ့ထိ အချိန်ရသေးသည်မို့ ဘယ်လောက် ရမလဲကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။ Round 2 ပြီးရင်ကော နောက်ထပ် Round တွေ လာဦးမလားဆိုပြီး ကြိုမျှော်နေမိ၏။

SpaceS မလုပ်ရသေးလို့ လုပ်ချင်တဲ့ မိတ်ဆွေများ ရှိရင်လည်း link ကို ယခုပိုစ့်အောက်မှာ ကျနော် ချထားပေးပါမယ် ဗျ။ Bybit account ရှိတယ်ဆိုရင်တော့ လုပ်ထားသင့်ပါကြောင်း ပြောကြားလိုပါ၏။



0
0
0.000
6 comments