Reward Reward Come Come

Facebook ထက် စာရင် Telegram မှာ အချိန်ကုန်တာက ပိုအကျိုးရှိသည် ဆိုပေမယ့် အမြဲတမ်းတော့လည်း အကျိုး မရှိနေနိုင်ပေ။ တချို့ အတွက် Facebook က၊ တချို့ အတွက်တော့ Telegram က သူ့ဟာနဲ့သူ ပိုအကျိုးပြု ပိုအသုံးဝင် ပေလိမ့်မည်။ Digital Marketing & Content ပိုင်းတွေ လုပ်သူ မဟုတ်သည့် ကျနော့်အဖို့ Facebook က ဒီအတိုင်း Entertainment သက်သက်သာ။ ဒါဖြင့် Telegram ကနေ မင်းက အများကြီး ရှာလို့ ရနေလို့လား ဆိုတော့ မဟုတ်ဘူးဟုသာ ဆိုရမည်။

Airdrop တွေ တခေတ် ပြန်မထခင် ကတည်းက Telegram က ကျနော့် အတွက် ပိုပြီး အသုံးတည့်၏။ Phone မကြာခဏ ကလိလေ့ ရှိသူအဖို့ Custom ROM တွေ အများကြီးကို Telegram မှာ ရနိုင်သောကြောင့် ဖြစ်၏။ Google နှင့် ပြင်ပ website တွေမှာ ရှာတာထက် Telegram Channel တွေ Group တွေမှာက ရှာရပိုလွယ်၏။ ပြီး သူ့အပိုင်းနဲ့သူ တစုတစည်းထဲ ရှိ၏။ ဥပမာ Mi cc9 တုန်း သူ့ သက်ဆိုင်ရာ Channel မှာ ဝင် join ထားပြီး ကြိုက်ရာ Custom ROM ကို download ဆွဲယူပြီး တင်လို့ရ၏။ ခု Redmi note 13pro ကိုင်ပြန်တော့လည်း သက်ဆိုင်ရာ Channel ဝင် join ထား၏။

သို့ပေမယ့် Custom ROM တခုမှတော့ မစမ်းကြည့်ရသေးပေ။ Bootloader Unlock လုပ်မရသေးသောကြောင့် ဖြစ်၏။ China region phone ဖြစ်နေသဖြင့် China MIUI account နဲ့မှသာ bootloader unlock လုပ်လို့ရမည် ဖြစ်၏။ (ထိုအကြောင်းကို ပိုစ့် တင်ခဲ့ဖူး၏) တချိန်တော့ နည်းလမ်းတခုခု ရလာပါလိမ့်မည်။ လောလောဆယ်တော့ စောင့်ရုံပေါ့။

Technology ဘက်ကနေ Airdrop ဘက် တချက် ပြန်လှည့် ကြည့်ရအောင်။ ခုချိန်ထိ Telegram airdrop ထဲမှာ အများကြီး ရဖူးခဲ့တာဆိုလို့ Dogs တခုပဲ ရှိသေး၏။ ဘာမှ အပို မပြော၊ အများကြီး လျှောက်လုပ် မခိုင်းဘဲ ပေးစရာ ရှိတာ ပေးသွား၏။ တကယ် ပေးချင်သူက အဲ့လိုပင်၊ မပေးချင်သူတွေက အကြောင်းအမျိုးမျိုးပြ၏။ ပြီးဟိုဟာ လုပ်ခိုင်းလိုက်၊ ဒီဟာ လုပ်ခိုင်းလိုက်နဲ့ တခုပြီး တခု ခိုင်းနေခဲ့၏။ မပေးချင် ပေးချင်နဲ့ ပေးတော့ နှမ်းစေ့လောက်သာ။ ရင်းနှီးထားရသည့် အချိန်တွေထက်စာရင် ပြန်ရတာက ဘယ်လိုမှကို စိတ်ကျေနပ် ချင်စရာ မရှိပေ။

Dogs အလွန်မှာ သဘောကျမိတာ ဆိုလို့ Bybit SpaceS သာ ရှိ၏။ Tons မကိုင်ထားနိုင်ရင်တောင် Points နဲ့ Airdrop တွေ farming လုပ်ပြီး ရယူနိုင်၏။ Event ပြီးဆုံးမယ့်ရက် Rewards တွေ ပြန်ပေးမယ့်ရက်တို့ကို တိတိကျကျ ဖော်ပြထားသည့်အပြင် တကယ်လည်း ထိုအတိုင်း လုပ်ပေးသဖြင့် သဘောကျချင်စရာပင်။ Points လေး စုလိုက်၊ Farming လေး ဝင် join လိုက်၊ ရသလောက်လေး ယူလိုက်နဲ့။ Ton ဈေးကျနေချိန်လေး Ton ပါ hold ထားနိုင်မည်ဆိုရင်တော့ ပိုကောင်းတာပေါ့လေ။



0
0
0.000
11 comments
avatar

ဟုတ်ပါ့ dogs 25 $ ကျော် ရဖူးပြိး ခုထိ အခြားက သူ့ထက်ပိုမရဖူးသေး
!LOLZ

0
0
0.000
avatar

သူ့လောက်လည်း မရဘူး။ သူ့လောက် ဘာမှ အများကြီး မလုပ်ခိုင်းတာလည်း Dogs ပဲ ရှိတယ်။

0
0
0.000
avatar

ဟုတ်ပ Dogs နောက်ပိုင်းဟာတွေ တစ်ခုမှ မစွန်ဘူး...
!PGM
!MEME
!LUV

0
0
0.000
avatar

ပေးမလို ပေးမလိုနဲ့ ပေးတော့ နှမ်းစေ့လောက်။

0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000