Rest In Peace Sayar Gyi Jet
မနေ့ ဇူလိုင် ၁၀ ရက်နေ့က ဝမ်းနည်းရသည့် နေ့တရက် ဖြစ်ချေ၏။ စာရေးဆရာမောင်သာချို ကွယ်လွန်သွားခြင်း ဖြစ်၏။ ဆရာမောင်သာချို နှင့်အတူ ရွှေညဝါ ဆရာတော်သည်လည်း တရက်ထဲမှာပင် ပျံလွန်တော်မူသွားခြင်း ဖြစ်၏။ ဆရာတော်က မနက် ၃ နာရီ ဝန်းကျင်၊ ဆရာမောင်သာချိုက မနက် ၈ နာရီ ဝန်းကျင်မှာ အသီးသီး နှုတ်ဆက် ထွက်ခွာ သွားကြခြင်း ဖြစ်၏။
ပို၍ ထူးဆန်းသည်မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ကြတော့ ဆရာတော်နှင့် ဆရာမောင်သာချိုက တရက်ထဲ လွတ်လာခဲ့ကြခြင်း ဖြစ်၏။ တရက်ထဲလွတ်၊ တရက်ထဲ အတူ အားလုံးကို နှုတ်ဆက် ထွက်ခွာ သွားကြလေတော့၏။
ရွှေညဝါ ဆရာတော်ထက်စာရင် ဆရာမောင်သာချိုကတော့ ပိုရင်းနှီး၏။ အပြင်မှာ လူချင်း မဆုံဖူးပေမယ့် ဆရာ့စာပေတွေနဲ့တော့ တရင်းတနှီး ရှိလှ၏။ မောင်သာချို နာမည်နဲ့ သမီးလေး ဖတ်ဖို့နှင့် အခြားဆောင်းပါး အကြောင်းအရာများကို မဖတ်ဖူးပေ။ ကျနော်က ဆရာ့ကလောင်ခွဲ ဂျက် (ကွမ်းခြံကုန်း) ၏ စာတွေနဲ့ ပို၍ ရင်းနှီးသူ ဖြစ်၏။
ဟာသနဲ့ သရော်စာကို မကွဲပြားခဲ့သူ ကျနော့်အဖို့ ဆရာမောင်သာချို၏ စာတွေက လမ်းပြပေးခဲ့သည်ဟု ဆိုလို့ရ၏။ ဆရာ့ စာတွေ ဖတ်ပြီး နည်းနာယူကာ တက္ကသိုလ်ကျောင်းသားဘဝတုန်းက သရော်စာ အချို့ ရေးဖြစ် ရေးခဲ့ လိုက်သေး၏။
ကွမ်းခြုံကုန်း မြို့ သုံးခွကျေးရွာမှာ မွေးဖွားခဲ့တဲ့ ဆရာ။ သူ့စာတွေထဲမှာ အဓိက ဇာတ်ကောင် ဆရာကြီးဂျက်က ကွမ်းခြုံကုန်းရွာမှာ တတ်သိပညာရှင်၊ ဗဟုသုတများသူ ဖြစ်ကာ သူတွေ့ဆုံရသည့် လူတွေအကြောင်း၊ လောက အကြောင်းကို ထေ့လုံး၊ ငေါ့လုံးလေးတွေနဲ့ ရေးသား တင်ဆက်ပြလေ့ ရှိ၏။ ဆရာ့ ရေးဟန်က ရိုးရှင်း၏။ ဖတ်ရင်း မျက်စိထဲ တရေးရေးပေါ်လာသည်အထိကို ဆရာ့ကလောင်စွမ်းက ထက်၏။
စာအုပ်ကို ဘုတ်အုပ်၊ ဓါတ်မီးကို ဘတ်သီး၊ အနို့ကလို သို့ကလို ဆိုသည့် စာလုံး အထူးအဆန်း (ကျနော့်အဖို့) လေးတွေကိုတောင် အလျဉ်းသင့်ရင် သင့်သလို ကျနော့်စာတွေထဲ ထည့်ရေးလေ့ ရှိ၏။ အဆိုပါ စာလုံးတွေကို ဆရာ့ထက်အရင် သုံးနှုန်းသူတွေလည်း ရှိကောင်း ရှိပေလိမ့်မည်။ ဒါပေမယ့် ကျနော်ကတော့ အနှီစာလုံးတွေကို ဆရာစာတွေထဲမှာ ရင်းနှီးသိရှိခွင့် ရခဲ့ခြင်း ဖြစ်၏။
ဆရာက အရေးအသား ကောင်းသလို အပြောအဟောလည်း ကောင်းလှပေ၏။ ဆရာ့ စာပေဟောပြောပွဲကို အပြင်မှာ Live တခါလား နားထောင်ဖူး၏။ အများအားဖြင့် online မှာ social media မှာ ကြည့်ဖြစ်၊ နားထောင် ဖြစ်လေ့ ရှိ၏။ ကျနော့် အပေါ်မှာ စာပေအားဖြင့် ကျေးဇူးကြီးလှသူ ဖြစ်၏။ သင်ဆရာ မဟုတ်ပေမယ့် မြင်ဆရာ ကျားဆရာ ဖြစ်လေ၏။
ခုတော့ ဆရာ ကွယ်လွန်လေပြီ။ သူက ချစ်သော၊ သူ့ကို ချစ်သော သူများကို ထားခဲ့လေပြီ။ ပြုံးလိုက်ရင် ပါးချိုင့်လေး ပေါ်လာလေ့ ရှိသော နာမည်နဲ့ လိုက်အောင် အပြုံးချိုသော ဆရာမောင်သာချို တယောက် ကောင်းရာ မြတ်ရာ ဘုံဘဝ တခုခုမှာ ခံစား၊ စံစား နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
(Photos from Social media news)
သမီးဖတ်ဖို့ စာအုပ်က အရမ်းကောင်းတယ်။ နေ့စဉ်ဒူဝ သာမာန် ဖြတ်သန်းရတဲ့ ဘဝတွေထဲက မမြင်နိုင်သော အလှတရားတွေကို ဆရာက ဆွဲထုတ်ပြထားတာပါ။
ဆရာရေ ငြိမ်ချမ်းစွာ အနားယူပါတော့...
နှောင်ဘဝများဆိုရင် ဆရာလိုလူမျိုးကို တန်ဖိုးထား၊ တန်ဖိုးသိသော နိုင်ငံတွင် လူပြန်ဝင်စားပါ ဆရာ...
မောင်သာချို အနေနဲ့ တဖုံ၊ ဂျက် ကွမ်းခြုံကုန်း ပုံစံနဲ့ တမျိုး ရေးခဲ့တာ။ အစက သက်သက်စီထင်နေခဲ့တာ နောက်မှ ဆရာ့ ကလောင်ခွဲ လူက တယောက်ထဲ ရှိတာ သိရ။
ရွှေညဝါဆရာတော် နှင့် ဆရာဂျက် နောက် လိုက်ကြမလား။
နေပြည်တော်သို့ ချီတက်ကြမလား။ တဲ့
!LOL
!HUG
lolztoken.com
Because he always has a great fall!
Credit: reddit
@donjaun, I sent you an $LOLZ on behalf of tin.aung.soe
(1/10)
နိုင်ရာတော့ လုပ်နေပါရဲ့ဗျာ။
တန်ဘိုးရှိသူတွေ နှမြောမိပါရဲ့။
!PIZZA
!MEME
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!
ဟုတ်ပါဗျာ။
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!