ပြန်လာ နိုင်မှာလား ယူနိုက်တက်

August 4 ရက် မြန်မာစံတော်ချိန် မနက် ၃ နာရီခွဲမှာ Everton အသင်းနှင့် 2-2 သရေကစားပြီးနောက်မှာတော့ United တို့ Premier League Summer Series ချန်ပီယံ ဖြစ်သွားခဲ့လေ၏။ Summer Series မှာ ချန်ပီယံ ဖြစ်ပြီးနောက် Premier League Main Season မှာ ချန်ပီယံ ဖြစ်ဖို့သာ ကျန်တော့၏။

လက်ရှိ United ၏ အနေအထားက EPL မှာ ချန်ပီယံ ဖြစ်ဖို့ မလွယ်သေးပေ။ Tittle Challenger ဟု သတ်မှတ်ဖို့တောင် မဖြစ်နိုင်သေးဟု ထင်၏။ ကစားသမား ဖြည့်တင်းမှုတွေ ရှိပေမယ့် ကစားပုံ သိသိသာသာကြီး တိုးတက် ကောင်းမွန်လာတာမျိုးတော့ မတွေ့ရသေးပေ။ ခြေစွမ်းပွဲတွေမို့ပါ တကယ့်ပွဲတွေကြ သေချာကန်မှာဟု ပြောရအောင်ကြပြန်တော့ United အနေဖြင့် ဘာများ အကွက်တွေ ချန်ဖို့ ဝှက်ထားဖို့ လိုမည်နည်းပေါ့။

ရာသီကြို ခြေစမ်းပွဲ တခုဖြစ်တဲ့ ASEAN All star အသင်းကို မြန်မာ ကစားသမား မောင်မောင်လွင်၏ တလုံးထဲသော သွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ခုထိတော့ နောက်ထပ် ရှုံးပွဲ မကြုံသေးပေ။ EPL အသင်းတွေနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်သည်ဟုလို့တော့ ဆိုရမည်။ တန်းတက် Leeds United ကို ဂိုးမရှိ သရေသာ ကစားထားနိုင်ခြင်းက မေးခွန်းထုတ်ချင်စရာပင်။

လာမယ့် စနေနေ့ August 9 ရက်နေ့ မြန်မာစံတော်ချိန် ညနေ 6 နာရီ 15 မိနစ်မှာ Fiorentina နှင့် ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ် အဖြစ် ကစားရမည် ဖြစ်၏။ ကျနော်တို့၏ အချစ်တော်ကြီး De Gea နှင့် ပြန်လည်လို့ ‌တွေ့ဆုံကြရတော့မည် ဖြစ်၏။ De Gea အဖို့လည်း Old Trafford ကွင်းကြီးဆီ အလွမ်းပြေ ပြန်လာခွင့်ရမည် ဖြစ်၏။

August 17 မှာတော့ United အနေဖြင့် Arsenal နှင့် EPL Round 1 ပွဲကို ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ United အဖို့ မည်သည့် ဥရောပ ပြိုင်ပွဲတွေကိုမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရသည့် ရာသီ တခု ဖြစ်လေ၏။ EPL တခုထဲကို သေချာ အာရုံစိုက်ခွင့်ရမည့် အခွင့်အရေးဟုလည်း ဆိုလို့ရပေလိမ့်မည်။

ကစားသမားသစ်တွေ အသင်းနဲ့ ဘယ်လောက်မြန်မြန် အသားကျမလဲ ဆိုတာအပြင် နည်းပြ Amorim ၏ ကစားကွက်အတိုင်း ကစားသမားတွေ သေချာ လိုက်ကစားပြီး ရလဒ်ကောင်းတွေ ရယူနိုင်မလားကတော့ စိတ်ဝင်စားစွာ ‌စောင့်ကြည့်ကြရပေလိမ့်ဦးမည်။

(photo & screenshot from Manchester United page)



0
0
0.000
0 comments