ပျော်ပျော်ပါးပါး
မနေ့က Futsal ကန်ရက်လည်းဖြစ်၊ မွေးနေ့လည်း ဖြစ်နတာနဲ့ ပဲနီလေးထမင်း ချက်စားကြ၏။ ကျနော်တို့အသင်းက Futsal ကန်ပြီးတိုင်း ကွင်းမှာ ခုလိုပဲ ချက်ပြုတ်စားနေကြ ဖြစ်၏။ မွေးနေ့ ဘာညာ ရှိတဲ့ရက်တွေဆိုရင်တော့ ဖွယ်ဖွယ်ရာရာ များများစားစား ပိုချက်ဖြစ်၏။ အသင်းသားတွေ မွေးနေ့ ရှိတဲ့ရက်နဲ့ Futsal ကန်တဲ့ရက်တိုက်နေရင် ခုလိုပဲ ချက်ကြစားကြ၏။ တယောက်တလှည့် ကူပေးကြရင်း တပျော်တပါး ချက်စားကြ၏။
ဆိုင်မှာ သွားစားကြရင် ဒီလူအုပ်နဲ့ဆို လောက်မှာ မဟုတ်၊ ပြီး ဝမှာလည်း မဟုတ်ပေ။ ဒါနဲ့ပဲ ခုလို ချက်စားကြခြင်း ဖြစ်၏။ မွေးနေ့ မရှိသည့်လတွေလည်း ရှိသလို တချို့လတွေမှာ မွေးနေ့ ၃၊ ၄၊ ၅ ခု ရှိနေတတ်ပြန်၏။ အတူ ချက်ကြ၊ လုပ်ကြသည် ဆိုပေမယ့် ကွင်းစောင့်ပေးသည့် ညီလေး နှစ်ယောက်ကတော့ သာ၍ ပင်ပန်းကြရ၏။ ချက်ပြုတ် ကူပေးရသည့်အပြင် စားသောက်ပြီးက ဆေးကြော သိမ်းဆည်းပါ သူတို့ လုပ်ကြရ၏။
ချက်သည် ဆိုပေမယ့် ကျွမ်းကျင် ပိုင်နိုင်နေလို့တော့ မဟုတ်ပေ။ အိမ်မှာ အမေ့ကို ချက်ပြုတ်ကူထားတဲ့ အတွေ့အကြုံရယ် ပြီး YouTube မှာ ဟင်းချက်နည်း video တွေကြည့်ပြီး လိုက်လုပ်ရခြင်း ဖြစ်၏။ သူ့ဟာနဲ့သူတော့ စားလို့ အဆင်ပြေသွားတာပါပဲ။ အားလုံးက စေတနာ မေတ္တာတွေနဲ့ ချက်ပြုတ်ကြသည် မဟုတ်လား။
အသင်းထဲမှာ ဟင်းချက် အကျွမ်းကျင်ဆုံး ညီလေးတယောက်ရှိ၏။ အိုးသူကြီးပေါ့။ ဘယ်သူ့ မွေးနေ့မှာမဆို သူက ဒိုင်ခံချက်သူ။ မနေ့က သူမအားလို့ ကျနော်ပဲ လက်စွမ်းပြလိုက်ရသည်ပေါ့။ မအားလို့ထက် နောက်ကျနေခြင်း ဖြစ်၏။ နောက်ကျရတာကလည်း တခြားကြောင့် မဟုတ် ကျနော် ကြိုမပြောထားသောကြောင့် ဖြစ်၏။
ထို့ကြောင့်လည်း သူက ဆူလေ၏။ ဦးသက်ပိုင်က သူများ မွေးနေ့တွေကြရင် ကြိုပြောပြီး ကူပေး လုပ်ပေးနဲ့ ကိုယ့်မွေးနေ့ကြ ကြိုတင်လည်း မပြောဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ကျနော်ကလည်း လာပေးရင် ရပါပြီကွာ၊ ကူတာ မကူတာတွေ ထားရတယ် ပြောတော့ ထပ်ဆူပြန်လေ၏။ ညီအကိုတွေက အဲ့လိုပါပဲ။
ပဲနီလေး ထမင်းကို ထောပတ်ထည့်ပြီး ချက်၏။ တွဲစားဖို့ ကြက်အာလူး ချက်၏။ အအီပြေအောင် ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေး ချက်လိုက်၏။ ဆန် တပြည်ချက် ခဏလေးနဲ့ ကုန်သွား၏။ အားလုံးလည်း ဝဝ လင်လင် စားလိုက်ကြရပါ၏။ အားပါးတရ စားကြလို့လည်း ချက်ပြုတ်ပေးရသူ မွေးနေ့ရှင် ကျနော့်မှာ ပိုမို ပျော်ရွှင်ရပါ၏။
ပဲနီလေးနဲ့ ထောပတ်ထမင်း၊ ကြက်အာလူး မိုက်စ်။
!LOLZ
!MEME
lolztoken.com
It's just q with a bunch of silent letters waiting in line.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
အိုးလုံးကျွတ် အကုန်ပြောင်ပဲ။
😅