ပွဲစား မဟုတ်တဲ့ အိမ်စား

အိမ်က Champ နှစ်ယောက် ကျောင်းကထိန် လှည့်သည့် နေ့က ကျနော့်အမ၏ ရုံးမှာလည်း ကထိန်ခင်းသည် ပြော၏။ သူတို့ကတော့ သူများတွေလို လှည့်လည် သွားလာတာမျိုး မလုပ်ဘဲ ဘုန်းကြီးကျောင်းကိုသာ တခါတည်း သွားလှူလိုက်သည် ဆို၏။ ထို့နောက် ရုံးမှာ အကျွေးအမွေးနဲ့ ဧည့်ခံသည်ပေါ့။

ဟင်းတွေ ပိုနေလို့ ဆိုပြီး အိမ်အပြန်မှာ ပါဆယ်တွေ ထုတ်လာ၏။ အင်းသား ရိုးရာ ဆေးခါးဟင်းနှင့် ငါးခြောက်ချက် ဖြစ်၏။ ကလေးတွေက ကထိန်လှည့်ပြီး ကျောင်းမှာ မုန့်တွေ စားခဲ့သဖြင့် အိမ်မှာ နေ့လည်စာ ထပ်မစားကြတော့ပေ။ ထမင်းတွေ ပိုနေလို့ ညစာ အတွက် ထမင်းကော ဟင်းကော ထပ်ချက်စရာ မလိုတော့ပေ။

နောက်နေ့ မနက် အမက သန့်ရှင်းရေး သွားလုပ်ပေးရ၏။ သူ တ‌ယောက်ထဲတော့ မဟုတ်ပေ။ သူ့အလှည့်နဲ့သူ ဆိုတော့ 5 ယောက်လောက်တော့ ရှိမည်။ ပါဆယ်ဗူး တဗူး တွေ့၏။ အိမ်မပြန် ယူမယ်ဆိုပြီး ပိုနေသည့် ဟင်းကို ပါဆယ် ထုတ်ထားပြီး ယူပြန်ဖို့ မေ့သွားခြင်း ဖြစ်၏။ ပိတ်ရက်တွေ ဆက်နေတော့ ထားခဲ့လည်း မကောင်း ဖြစ်မယ့် အတူဆိုပြီး အမ ယူပြန်လာခဲ့၏။

ဝက်သားဟင်း ဖြစ်၏။ အသားတုံးတွေတော့ မရှိ မပါတော့ပေ။ အနှစ်နှင့် အသားတုံး အသေးအကျေလေးတွေသာ ပါတော့၏။ အဆီတုံးလေး အနည်းငယ်နဲ့ပေါ့။ နို့ပေမယ့် ထမင်းနဲ့ နယ်ဖက်ပြီး စားလို့ရ၏။ ဆိုတော့ကာ ညက ဆေးခါးဟင်းရည်၊ ငါးခြောက်ချက်တို့နဲ့ စားပေါ့။ ခု နေ့လည်စာကြတော့ ဝက်သားဟင်း တမျိုး ထပ်ပိုလာသည်ပေါ့။

ကထိန် ရာသီ ဆိုတော့ ဘုန်းကြီးကျောင်းတွေမှာ ကထိန် အလှူတွေ အပြိုင်အဆိုင် ပြုလုပ်ကြ၏။ အကျွေးအမွေးတွေလည်း ပါ၏။ အိမ်ကို ဆွမ်းခံကြွနေကြ ကိုရင်လေးတွေနဲ့ ကထိန် အလှူ ဖိတ်ထားသေး၏။ အမေကတော့ အလှူငွေထည့်ရင်း သွားမယ် ဆို၏။ လိုက်ပို့ ပေးရပေလိမ့်ဦးမည်။ အမေလည်း ဒီအချိန်လေးအဲ အပြင် ဘာညာ သွားဖြစ်သည်ကိုး။ ကျန်အချိန်တွေက အိမ်မှာပဲ တကုပ်ကုပ်နဲ့ ချက်ပြုတ်နေရလေ့ ရှိ၏။



0
0
0.000
3 comments
avatar

ငါးခြောက်နှပ်လေး လွမ်းမိသား။
!LOLZ
!MEME

0
0
0.000