Post Number 17

Hello MOON lovers

Nice to meet you all. How about today? I wish you everything fine. This is 17 th post about my activity on pizza MOON.

Today I upgrade Shield Technology from Level 5 to 6. After upgraded this I can start to build Large Shield Dome. I already own Small Shield Dome. Now I can own both Shield Dome. There is another new Researches I can start, call Hyperspace Engine and Expedition Research. But I can't start to build these now because of Silicon need. I think I should upgrade my Silicon Refinery to get enough Silicon for my daily upgrade of buildings.

If you want Resources quickly and immediately, you can use Pizzabits. For now 65 Pizzabits cost for increase 10% production of resources. The effective duration is One day (24 hours). I have no idea for this. I only have 50 Pizzabits. If I want more Pizzabits I can deposit PIZZA for exchange Pizzabits.

There are now 401 players at MOON and my position is 169. See you next post and thank you so much for reading till the end. Have a nice time at MOON and HIVE.

မင်္ဂလာပါ။ ဒီနေ့ကတော့ MOON ဂိမ်း အကြောင်း ပြောမယ့် နေ့ပါ။ ရက်ခြားလောက်ပဲ ဂိမ်းအကြောင်း ရေး ဖြစ်ပေမယ့် ဂိမ်းထဲကိုတော့ နေ့စဉ် ဝင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း upgrade လုပ်လို့ရတာလုပ်၊ အသစ် ဆောက်လို့ရတာ ဆောက်ပေါ့။ ခုတလော အခြေခံ အရင်းအမြစ် သုံးခု မလုံလောက်တဲ့ ပြဿနာ ရှိနေပါတယ်။ သုံးခုလုံး မဟုတ်ပါဘူး။ ကျန် နှစ်ခုက လောက်တယ်၊ စီလီကွန် မလောက်နေတာ။

သတ္တု မလောက်နေတုန်းက သူ့ကို အသားပေး အဆင့်မြှင့်လိုက်သာ သူက အဆင်ပြေသွားပြီး ခုက စီ‌လီကွန် မလောက် ဖြစ်နေတာ။ Level မြင့်လာ လေလေ အရင်းအမြစ် အသုံးပြုရမှုကလည်း ပိုများလာလေလေကိုး။ အရင်းအမြစ် သုံးခုထဲမှာ ယူရေနီယံ ကတော့ အသုံးပြုရ အနည်းဆုံး ဖြစ်ပါတယ်။ နောက်ပိုင်း အဆောက်အဦးတွေ ဆောက်ရင်တော့ မပြောတတ်ပေ။

PIZZA သို့မဟုတ် Pizzabits တွေ သုံးပြီး ဟောတခု ဟောတခု ဆောက်ပစ်လို့ ရရင်လည်း ကောင်းသား။ ဒါပေမယ့် Pizzabits က တချို့သော အကြောင်းအရာ ကိစ္စရပ်တွေမှာပဲ သုံးလို့ရပါတယ်။ ဒါလည်း တမျိုးတော့ ကောင်းပါတယ်လေ။ Pizzabits သုံးဖို့လိုလာရင်တော့ PIZZA deposit လုပ်ပြီး ပြန်ချိန်းသုံးပေါ့။ လောလောဆယ် 1 PIZZA ကို 10 Pizzabits ရပါမယ်။

MOON Game မှာက ငွေကြေး အရင်းအနှီးထက် အချိန် ပိုစိုက်ထုတ်ရတယ်ဆိုရမှာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ကစားရင်တော့ Leaderboard အထက်နား တက်လာနိုင်မှာပါ။ Season 1 ပြီးသွားတာ ကြာပါပြီ။ Season 2 က ဘယ်အချိန် ပြီးမှာလဲ မသိသေးပါဘူး။ Season နဲ့ ပတ်သက်တဲ့ အကြောင်းကို လိုက်ရှာ ဖတ်နေပေမယ့် မတွေ့သေးပါဘူး။

ဂိမ်းက ကစားလို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ဂိမ်းပိုစ့်တွေကို Team က vote ပေးတာမျိုး ဖြစ်ဖြစ် Season reward အဖြစ် PIZZA သို့မဟုတ် HIVE ပြန်ပေးတာမျိုးလေး ဖြစ်ဖြစ် လုပ်ပေးရင် ပိုကောင်းမှာပဲလို့ တွေးမိပါတယ်။ ဒါဆိုရင် ဂိမ်းကစားသူ ခုထက် ပိုများလာနိုင်တယ်လေ။



0
0
0.000
1 comments