Plan
မနေ့က သူငယ်ချင်းနဲ့ လက်ဖက်ရည်ဆိုင် ထိုင် ဖြစ်၏။ သူနဲ့က နှစ်သစ်ကူးပြီး ကတည်းက မဆုံရသေးပေ။ နှစ်ဟောင်းမှာတော့ မကြာခဏ၊ တနည်းအားဖြင့် ရက်ခြားကို ဆုံဖြစ်၏။ သူကလည်း လူတမျိုးရယ်၊ အပြင် ဘာညာ ထွက်ပြီဆိုရင်လည်း တောက်လျောက်၊ မထွက်တော့ ပြန်ဘူးဆိုရင်လည်း အိမ်ထဲမှာချည်း အောင်းနေတတ်သူ ဖြစ်၏။ ကျနော်ကတော့ ထိုသို့ မဟုတ်ပေ။ သို့ပေမယ့်လည်း သိပ်တော့ မကွာပေ။ အိမ်မှာသာ အနေများပြီး ဈေးသုံး ဘာညာ၊ Futsal ကန် လောက်သာ အပြင် ထွက်ဖြစ်၏။ ဒီကာလကြီးထဲ အပြင် ဘာညာလည်း သိပ် မသွားဖြစ်နေပေ။ တိတိကျကျ ဆိုရရင် COVID 19 ကာလ ကတည်းက စ၏။
ထိုအချိန်ကစ သိပ်မထွက် ဖြစ်တော့တာကနေ ခု ငစစ်ထိ ထိုအကျင့်က အရိုးစွဲသွားခဲ့ခြင်း ဖြစ်၏။ မထွက်ဖြစ်တော့ ထွက်လည်း မထွက်ချင်တော့ပေ။ ဒီအတိုင်း အိမ်မှာပဲ နေဖြစ်၏။ ဒီလိုကနေပဲ လူအသစ်တွေနဲ့ ထပ်မဆုံ ဖြစ်တော့ပေ။ လူအသစ်တွေနဲ့ စကားပြောရ ဆိုရမှာကို ပျင်းလို့ သွားခဲ့၏။ ကိုယ့်မိတ်ဆွေ ကိုယ့်အပေါင်းအသင်းတွေနဲ့သာ မကြာခဏဆုံပြီး စကားစမြည် ပြောဖြစ်တာလောက်သာ ရှိ၏။ ဒီလိုနဲ့လူလည်း အပြင်ထက် online ပေါ်မှာပဲ ပို အချိန်ကုန်ဖြစ်တော့၏။ ရုပ်ရှင်လေး ဘာလေးကြည့်ရင်းပေါ့။
ဒီအသက် အရွယ်မှာတော့ အချစ်အကြောင်း ဘာညာထက် ဘဝနေနည်း၊ လူမှုရေး၊ စီးပွားရေး အကြောင်းတွေသာ ပိုပြီး ပြောဖြစ်ကြတော့၏။ နိုင်ငံရေးလည်း ပါသပေါ့။ ဟိုဟို ဒီဒီ ပြောနေရင်းကနေ သူငယ်ချင်းက ကောက်ခါ ငင်ခါ မေးခွန်း တခု ထမေးလေတော့၏။ 2024 မှာ မင်း ဘာလုပ်မယ် စဉ်းစားထားလဲ တဲ့။ ကျနော် ခဏတာ ငြိမ်သက် ဆွံ့အ သွားခဲ့၏။
ဒီလို မေးခွန်းမျိုး သူက ခုမှ မေးတာ မဟုတ်ပေ။ မကြာခဏ ဆုံတိုင်း မင်းဘာလုပ်မယ် တွေးထားလဲ အမြဲ မေးတတ်သူ ဖြစ်၏။ ကျနော် စာ မသင် ဖြစ်တော့တာ ကြာပြီ၊ ဒါကို သူလည်း သိ၏။ ပြောရရင် ကျနော် ဘာမှ မလုပ်ဘဲ နေနေခဲ့သည်ကို သူ သိ၏။ ဝေလေလေ ညောင်ပင်တစ္ဆေ လုပ်နေခဲ့သည်မှာ အတော် ကြာသွားခဲ့ပြီ။ မေးနေကြ မေးခွန်းပေမယ့် ခုလို နှစ်သစ် ခုနှစ် တခုနဲ့ချီပြီး မေးခံလိုက်ရတော့ စကားလုံးတွေ ဆိတ်သုဉ်းသွားခြင်း ဖြစ်၏။
သူ မေးမှ ကိုယ့်မှာ ပြန် စဉ်းစားမိတော့၏။ အရိုးသားဆုံးနဲ့ မရှက်တမ်း ဝန်ခံရရင် ကျနော့်မှာ အစီအစဉ် မရှိနေပေ။ ဒီနှစ်ထဲမှာ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာမျိုးပေါ့။ အရင် ကတည်းက မရှိတာ မဟုတ်၊ အရင်က ရှိ၏။ စာသင် ခဏနားလိုက်ပြီး ကတည်းက ဘာအစီအစဉ်မှ မရှိတော့တာ။
သူ့ အမေးစကားကြောင့် နှစ်ရှည် ငြိမ်သက်နေမှုကြီး လှုပ်ခါသွားခဲ့၏။ ပြီး ဒီနေ့ ကိုကျော်ဇေယျ၏ "နှစ်သစ် ချိန်ခါမှာ" ပိုစ့်ကို ဖတ်ပြီး နောက်မှာတော့ အသိပေး ခေါင်းလောင်သံက နှစ်ဆ ကျယ်လောင်သွား၏။ လူလည်း အတော်လည်း တုန်လှုပ်သွားတော့၏။ ငါ တော်တော် ဆိုးနေပြီ။ Comfort Zone ကို ကျော်လွန်ပြီး Lazy Zone ထဲပင် ရောက်လို့ နေခဲ့ပြီ။ ပျင်းမှန်းမသိ အပျင်းထူနေခဲ့မိတာ ဖျင်းတောင် ဖျင်းနေပြီ ထင်ပါရဲ့။
စာတွေဖတ်၊ သတိပေးစကားတွေ ကြားနာခဲ့ရပေမယ့် သတိမမူ၊ အလေးမထားဘဲ နေခဲ့မိ၏။ မနေ့က စကား၊ ဒီနေ့ရဲ့ ပိုစ့်ကြောင့် သတိထား၊ အလေးထားသင့်မှန်း အသိ၊ သတိ ပြန်ဝင်လာခဲ့၏။ ခုလို ဦးတည်ချက် မရှိသေးဘဲ ယောင်လည်လည် လုပ်၊ အပျင်း ထူနေခဲ့တာ တော်သင့်ပြီ ထင်ပါရဲ့။ ဒီအတိုင်းသာ ဆက်သွားနေရင် လူပျင်းကနေ လူဖျင်း အဆင့်သို့ ရောက်သွားပေတော့မည်။
ဟေ့ရောင်ရေ ထတော့ ဆိုပြီး အသိ၊ သတိ ကပ်အောင် မကြာခဏ တိုက်တွန်း မေးမြန်း ရေးသား သတိပေးသည့် သူငယ်ချင်း၊ မိတ်ဆွေများကို ကျေးဇူး တင်ရပေလိမ့်မည်။ ကဒွန်ရေ စောက်ပျင်း မထူနဲ့တော့ဟ။
(photos created & edited by Canva)
အဲတော့ ပန်းတိုင် ချလိုက်ပြီလား
ဒီနှစ် ဘာဖြစ်အောင် လုပ်မှာတဲ့လဲ။
!pizza
ဟီးဟီး။
မရှိသေး ပြန်ဘူးဗျ။
!pizza
!luv
!meme
donjaun, walarhein sent you LUV. 🙂 (3/10) tools | trade | connect | daily
Made with LUV by crrdlx.
Credit: ieronimus
Earn Crypto for your Memes @ HiveMe.me!
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts:
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !LOL from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
lolztoken.com
You are out of jokes for the day!
@hiq.smartbot you can call @lolzbot a maximum of 8 times per day.
Level up by buying more $LOLZ so you can share more jokes per day!
!PIZZA
$PIZZA slices delivered:
irrawady-dolphin tipped donjaun
@htwegyi(1/10) tipped @donjaun
!PIZZA
!MEME
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!