One Day

avatar

5 တန်း နှစ်လောက်မှာ ထင်၏။ BMX စက်ဘီးလေးနှင့် ရပ်ကွက် ပတ်နေခဲ့ပြီ။ ကျူရှင်သွား၊ ဘာညာ အိမ်က ခွင့်ပြုသည့် နေရာတွေသို့ စက်ဘီးနှင့် သွားလာခွင့် ရခဲ့၏။ ကျောင်းကိုတော့ စက်ဘီးနှင့် သွားခွင့် မရပေ။ 8,9,10 တန်းမှာတော့ စက်ဘီးနှင့် ထိတွေ့ချိန် နည်းသွားခဲ့၏။ 10 တန်းကို ဂုဏ်ထူး တဘာသာနှင့် အောင်သဖြင့် အဖေက စက်ဘီး တစီး ဝယ်ပေး၏။ mountain ဘီး အမျိုးအစား ဖြစ်၏။ အသစ်ပေါ့။ ငယ်ငယ်က စီးသည့် BMX က အကိုတွေ စီးခဲ့သည့် ဘီး ဖြစ်၏။ သူတို့ လက်ထက်ကနေ အဆင့်ဆင့် ကျနော့်ထံ ရောက်ပြီး စီးခဲ့ခြင်း ဖြစ်၏။ အဆိုပါ BMX ဘီးလေးက အတော်လေးလည်း အကြမ်းခံ၏။

Mountain ဘီးလေးက ကျနော်နှင့် အချိန် အတော်ကြာ အတူ ရှိခဲ့၏။ တက္ကသိုလ် မတက်ရသေးခင် ကာလ စာအုပ်ဆိုင်မှာ အလုပ်ဝင် လုပ်ချိန်မှာ အဆိုပါ စက်ဘီးလေးနဲ့ပဲ အသွား၊ အပြန် လုပ် ဖြစ်ခဲ့၏။ ကျောင်း တက်ရချိန်မှာတော့ သိပ်မစီး ဖြစ်တော့ ပြန်ပေ။ တောင်ကြီးမြို့ကနေ အေးသာယာမြို့အထိ သွားတက်ရသည်မို့ စက်ဘီးနှင့် သွားမရပေ။ အသွားက အဆင်းချည်းချည်း ဖြစ်ပေမယ့် အပြန်က အတက်တွေ ချည်း ဆိုတော့ စက်ဘီးနဲ့က မလွယ်ပေ။

ဒါပေမယ့် ပထနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ... အစရှိသဖြင့် စာမေးပွဲဖြေပြီး နောက်တနှစ် မတက်ရခင် စပ်ကြားမှာ စက်ဘီးနှင့် တဖန် ပြန် ရင်းနှီး၏။ ထိုစောင့်နေရသည့် ကာလအပိုင်းအခြားတွေမှာ စာအုပ်ဆိုင်၌ အလုပ် ပြန်ဝင် ဖြစ်သည်ကိုး။ ဘွဲ့ရပြီး နောက်မျာတော့ စက်ဘီးနှင့် တဖန် ပြန်ကွာဝေးသွားခဲ့၏။ 2012 ကတည်းကစလို့ ခုထိပဲဟု ပြောရလိမ့်မည်။

မြို့ အနေအထားက အတက်အဆင်းများတော့ သွားသွားလာလာက စက်ဘီးထက်စာရင် ကား၊ ဆိုင်ကယ်တို့က ပိုအဆင်ပြေ၏။ စက်ဘီး စီးဖို့ သက်သက် အချိန်ပေးရင်တော့ ရပါ၏။ ခက်တာက ကျနော့်မှာ ထိုသို့ အချိန်ဖဲ့ပေးနိုင်ခြင်း မရှိခဲ့ပေ။ အရေးကြီးတာကို အရင်ဆုံး ဦးစားပေးနေရလို့လည်း ပါမည်။

ဒါပေမယ့် ခုတလော စက်ဘီး ရောဂါ ပြန်ထ လာ၏။ YouTube က စက်ဘီးစီး ဗီဒီယိုတွေ ကြည့်မိပြီး တဖန် ပြန် စိတ်ဝင်စားလာခြင်း ဖြစ်၏။ ကားထက် ဆိုင်ကယ်နှင့် စက်ဘီးကို ကျနော် ပိုနှစ်သက်၏။

Shein Zar, Lonely wolf, Sai Khawn Kham တို့၏ ခရီးဝေး စက်ဘီး စီးနင်းခြင်း vlogs များကို ကြည့်ပြီးနောက် ရှိနေပြီးသားပိုးက တဖန်ပြန်ကြွ လာလေတော့၏။ Mountain ဘီး အဟောင်းလေးကတော့ မရှိတော့ပေ။ စက်ဘီး ပြန်စီးဖို့ ပိုက်ဆံ ပြန်စုရပေလိမ့်ဦးမည်။ ဒီတခါတော့ သေချာ အစီအစဉ်ချပြီး လုပ်ရပေလိမ့်မည်။ ဆိုင်ကယ်၊ စက်ဘီးတို့နှင့် ကမ္ဘာ မဟုတ်တောင် မြန်မာတော့ ပတ်ဦးမယ်ဆိုသည့် စိတ်ကူးက ဟိုးယခင် ကတည်းက ရှိ၏။ ခေတ်ကြီး ကောင်းရင် ထိုစိတ်ကူးကို အကောင်အထည်ဖော်မည်။ ခုတော့ မျိုးစေ့ အရင်ကျဲထားလိုက်ပါဦးမည်။



0
0
0.000
9 comments
avatar

ကိုယ်တွေကတော့ စက်ဘီးမြို့တော်က ဆိုတော့။
ခုတော့ ဆိုင်ကယ်မြို့တော် ဖြစ်နေပါပြီ။
!LOLZ

0
0
0.000
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000
avatar

@hiq.smartbot, sorry!

You are out of hugs for today.

You can call the HUG bot a maximum of 2 per day.

The current call limits are:

HUG in walletcalls per day
01
12
103
0
0
0.000
avatar

အရင်တစ်ခါလို လာတွန်းပါအုံး လို့ :D

0
0
0.000