New Jersey for Cygnus FC

ဒီရက်ပိုင်း အသင်း Jersey အသစ် ချုပ်ဖို့ ပြင်ဆင်နေ၏။ ဝိုင်းကြ ဝန်းကြပေါ့။ Sponsor ပေးသူက 3 သိန်း မတည် ပေး၏။ အမှန်တော့ ထိုထက်ပို၍ ပေးမည် ဖြစ်သော်လည်း အကြောင်း ကြောင်းကြောင့် ထိုမျှသာ မတည် ပေးနိုင်၏။ ကျန်တာ အသင်းသားတွေ ဝိုင်းဖြည့်ကြပေါ့။ အသင်း အနေဖြင့် တနှစ်ကို jersey အသစ် တစုံ သို့မဟုတ် နှစ်စုံလောက်တော့ ပုံမှန် ချုပ် ဖြစ်၏။ ယခု တစုံကတော့ ဒီနှစ် အတွက် ပထမဆုံး jersey ဖြစ်၏။

အများနှင့် လုပ်ရခြင်းမို့ ခေါင်းတော့ အနည်းငယ် ရှုပ်၏။ အားလုံးက တက်ကြွစွာ ‌ပါဝင်ပေးကြသဖြင့် Sponsor ပေးသူကော၊ လုပ်ပေးကြရသူတွေကော မောပေမယ့် ပျော်ရွှင် ကျေနပ်ရသည်ဟု ဆိုရမည် ထင်ပါ၏။ အသင်း စတင်ခဲ့သည့် 6 နှစ် အတွင်း jersey တွေလည်း အထိုက်အလျောက် များလာပြီ ဖြစ်၏။ အတိအကျ ပြောရရင် 8 စုံ ရှိခဲ့ပြီ။ ယခု တစုံ ပါရင်တော့ 9 စုံ ဖြစ်ပေလိမ့်မည်။

နောက်နှစ်တွေက စလို့ ကိုယ်ပိုင် ဒီဇိုင်းနဲ့ ချုပ်သွားဖို့ ရည်ရွယ်ထား၏။ ဘယ်သူနဲ့မှ မတိုက်၊ မတူအောင် ကိုယ့် ပုံစံ၊ ကိုယ့် ဒီဇိုင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရည်သန်ထားကြ၏။ ကိုယ့်မြို့ ကိုယ့်အရပ်မှာ ရှိသည့် အထည်ချုပ် အားကစား ပစ္စည်းဆိုင်တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်ပိုင် ဒီဇိုင်းနှင့် သီးသီးသန့်သန့်လေး လုပ်ဖို့ တွေးထား ကြ၏။ ပြိုင်ပွဲ ဘာညာ ဝင်ကန်ရင်လည်း ကိုယ့် ဒီဇိုင်းနဲ့ကိုယ် ဆိုတော့ ပိုလည်း ဂုဏ်ယူ ဝင့်ကြွားလို့ ရသည်ပေါ့။

Jersey ချုပ်ရတာက ထွက်ပြီးခါစ လောလောလတ်လတ် ဒီဇိုင်းဆို size စုံ၊ အရောင်စုံ ရနိုင်ပေမယ့် နည်းနည်း ကြာသွားခဲ့ရင်တော့ သိပ်မစုံတော့ပေ။ ကိုယ်တွေက ဒီဇိုင်း အဟောင်းထဲက ကြိုက်မိ၊ ရချင်ရင်တော့ ရှာပေတော့ပဲ။ ပြီး ရဖို့ကလည်း သိပ်မသေချာပေ။

ချုပ်ပြီး ခဲ့သမျှထဲ SCM တံဆိပ်က အများဆုံး ဖြစ်၏။ သူ့နောက်မှာတော့ M21 ပြီးနောက် Grand နှင့် Versus တို့ဖြစ်၏။ ယခု တခေါက်တော့ Foxx ထဲက ရွေးထား၏။ နောက်လ 15 ရက်မှာ ပြိုင်ပွဲလေး တခု ရှိနေတော့ အဆိုပါ ပြိုင်ပွဲမှာ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ဖို့ အတွက် Jersey လေးလည်း အဆင်သင့် ဖြစ်သွားတာပေါ့လေ။

(Photos from Foxx sport Myanmar Facebook page)



0
0
0.000
2 comments