မြွေဆိုလားပဲ
မနေ့ ရှေ့တနေ့က အိမ်ဝိုင်းထဲမှာ မြွေတွေ့သည် ဆို၏။ ကျနော် အိမ်မှာ မရှိပေ။ ကျနော် Futsal သွားကန် နေသည့် အချိန် ဖြစ်၏။ ဝမ်းကွဲ တူမလေးတွေ တွေ့ကြခြင်း ဖြစ်၏။ လွန်လေပြီးသော လများတုန်းကလည်း တခါ တွေ့သေးသည် ဆို၏။ အဲ့ချိန်တုန်းကလည်း ခု တူမလေးပင် တွေ့ခြင်း ဖြစ်၏။
အိမ်ဝိုင်းထဲမှာ ချုံရယ်လို့ ပြောဖို့ ပြဖို့ မရှိပေ။ အုတ်တံတိုင်း မခတ်နိုင်သေးသော အိမ်ရှေ့ခြမ်းနှင့် အိမ်မြောက်ဘက်မှာတော့ ခြံစည်းရိုးပင်ဟု အလွယ်ခေါ်ကြသည့် အပင်များကို စည်းရိုး အဖြစ် စိုက်ထား၏။ ခု မြွေတွေ့သည့် နေရာက အမေ ဖရုံပင် စိုက်ထားသည့် နေရာမှ ဖြစ်၏။ ဖရုံပင် ဆိုလို့လည်း အကြီးကြီး အများကြီး မဟုတ်ပေ။ ခုမှ ရှင်သန်ကြီးထွားဖို့ အစပျိုးနေတုန်း။
ပြီးခဲ့သော နှစ်ကလည်း စိုက်ခဲ့သေး၏။ အသီး တလုံးလား၊ နှစ်လုံးလား စားလိုက်ရ၏။ အရွက်လည်း နည်းနည်းပေါ့။ ကျနော် မကြာခဏ ပြောလေ့ ရှိသလိုပေါ့။ မြေက သိပ်အကောင်းကြီး မဟုတ်နေတော့ အပင်တွေက ဖြစ်ထွန်းသင့်သလောက် မဖြစ်နေပေ။ သီးလည်း ခဏ၊ စားရလည်း ခဏသာ။ ဈေးဝယ်လို့ ဆူကာသီး (ဂေါ်ရခါးသီး) ကို သုံးလုံး နှစ်ထောင်ပေးနေရတော့ ဟိုဘက် အိမ်မှာ နေခဲ့တုန်းက အချိန်တွေကို သွားသတိရမိ၏။ ဆူကာသီး ဆူကာရွက် မုန်းအောင် စားခဲ့ရ၏။ ခြံထွက်ဆိုတော့ လတ်ဆတ်၏။ တပြားမှလည်း ပေးစရာ မလိုပေ။ ခုများတော့။
ဖရုံပင်က အုံထူနေလို့ မြွေအောင်းတယ်ဆိုလည်းထား၊ ခုက ပါးပါးလေးရယ်။ ခုမှ ဧရိယာ နည်းနည်းလောက်ပဲ နေရာယူထားတုန်း ရှိသေးတယ်။ ပြီး မုန့်ညှင်းပင် နည်းနည်းနဲ့ပေါ့။ သစ်ရွက်မှိုက် မီးဖိုချောင်ထွက် စွန့်ပစ် ပစ္စည်းတွေနဲ့ မြေဆွေးလုပ်ကာ စိုက်ထားခြင်း ဖြစ်၏။ မနှစ်ကထက် ပို၍များ ဖြစ်ထွန်း လေမလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။
မြွေတွေ့သည့် ညနေခင်းက အတော်လေး ပွက်လော ရိုက်သွားကြသည် ဆို၏။ အိမ်ဝန်းထဲမှာက ကလေးငယ်တွေ များတော့ စိုက်ပူရ၏။ သုံး၊ လေး၊ ငါးနှစ် အရွယ်မှသည် ဆယ်ကျော်သက် အရွယ်ထိ ကလေး အရွယ်စုံ၏။ ဒီအတိုင်း နေပူဆာ ထွက်လှုံပြီး သူ့နေရာ ဌာနသို့ ပြန်တာဆိုရင်တော့ အကောင်းဆုံးပေါ့။ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘဲ သူ့သူ နေပေါ့။ သူလည်း သူ့သူ ကိုယ်လည်း ကိုယ့်ကိုပေါ့။
ခုမြွေက လူကို တိုက်ရိုက် ဒုက္ခ မပေးပေမယ့် သွက်ဝိုက်ပြီးတော့ ဒုက္ခ ရအောင်ပေးသွား၏။ မြွေတွေ့လို့ ဆိုပြီး ကျနော့် အမ၊ ညီမ တဝမ်းကွဲတွေ မြွေဂဏန်းဆိုပြီး သုံးလုံး ထိုးကြလေ၏။ တွေ့တာက ၁၅ ရက်နေ့ ညနေ၊ ထွက်မှာက ၁၆ ရက်နေ့ဆိုတော့ အလောတန် အချိန်မှီအောင် ဆိုပြီး ထိုးကြလေ၏။ ထွက်လည်း ထွက်ရော ထိုးဂဏန်းနဲ့ ပေါက်ဂဏန်းက တခြားစီ။ ကိုရွှေမြွေက တကွက်ပြသွားခဲ့လေတော့၏။ အတိတ်စိမ်းပဲ တီးထည့်လိုက်မယ် ဆိုသည့် ကျနော့်အမ တဝမ်းကွဲကတော့ သုံးလုံး မပေါက်လို့ မြွေကိုယ်တော်ချောကို ရေရွတ်နေလေရဲ့။
(photo from Canv)
မြွေ ဆိုတော့ သုည ခုနှစ်ပေါ့
တစ်လုံးမှ မပါဘူး။
!LOLZ
!MEME
lolztoken.com
It’s not tearable.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
ဟုတ်ပ။
😁