မဆိုးပါဘူး
ဒီတပတ်မှာတော့ United တို့ နိုင်ပွဲ ရရှိခဲ့ပြီ ဖြစ်၏။ ခက်ခက်ခဲခဲ ရယူခဲ့ရသည့် သုံးမှတ်ပင်။ Super Sunday ရဲ့ အကောင်းဆုံး ပွဲစဉ် Liverpool vs Arsenal တို့၏ ပွဲစဉ်မှာတော့ အိမ်ရှင် Liverpool က 1-0 ဖြင့် အနိုင်ရသွားခဲ့၏။ EPL Round 3 အပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရထားသည့် အသင်းဆိုလို့ Liverpool တသင်းထဲသာ ရှိတော့၏။ International ပွဲစဉ်များ ကစားမှာမို့ ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်များ ရှိမည် မဟုတ်ပေ။
Hive FPL မှာတော့ ကျနော့် အသင်းလေးက အခြေအနေကောင်းနေသည်ဟု ဆိုရမည်။ Division 2 Head to Head မှာ 3 ပွဲ ကစားထားပြီး 2 ပွဲနိုင်၊ 1 ပွဲသရေကျထား၏။ မဆိုးဟု ပြောရမည်။ Tablet Standing အရ 49 သင်းမှာ အဆင့် 30 နေရာမှာ ရပ်တည်နေ၏။ ထိပ်ဆုံး စာရင်း မဝင်တောင် အလယ်အလတ်အဆင့်တော့ ရှိပါ၏။ ဒီတပတ်ထဲ လူအပြောင်းအလဲလေးတော့ လုပ်ဦးမှ။ Cole Palmer က ဒဏ်ရာကနေ ခုထိကို ပြန်ကောင်း မလာသေးပေ။ ဒီကလေး မနာစဖူး အကြာကြီး နာနေ၊ နားနေခဲ့ရ၏။
Champion League FPL လည်း ရှိ၏။ ဒါပမယ့် မကစား ဖြစ်ပေ။ Series A တို့ La Liga တို့လည်း ရှိပါ၏။ ဒါပေမယ့် EPL fantasy ပဲ ကစားဖြစ်၏။ ကိုယ်တိုင်ကလည်း EPL ပွဲတွေပဲ ပိုပြီး ကြည့်ဖြစ်သည်ကိုး။ ပြီး Hive မှာကလည်း EPL FPL ပဲ ရှိသေးသည် မဟုတ်လား။ နောက်ပိုင်း ထပ်တိုးလာရင် မပြောတတ်ပေ။ တိုးဖို့ကတော့ မဖြစ်နိုင်ပေ။ လိဂ်တခုနဲ့တင် အတော်လေး ရွေးရပြုရ ခက်နေတာ။ နောက်ထပ် လိဂ်တွေပါ ကစားရမယ်ဆို တယ်မလွယ်လှပေ။
International break မှာ လိဂ်ပွဲတွေနားတော့ ကျနော်တို့လည်း ခဏ အနားရတာပေါ့။ ကိုယ့် အသင်း United အနေဖြင့် break မတိုင်ခင်လေး အနိုင်ပွဲ ရယူနိုင်ခဲ့လို့ ဝမ်းသာရပါ၏။ နောက်ပိုင်း ပွဲစဉ်တွေမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ဖို့ မျှော်လင့်မိပါ၏။ ကျနော်တို့လည်း ပျော်ချင်ပါ၏။ ထို့ကြောင့် United နိုင်ဖို့လို၏။