မပြီးနိုင်သော
VPN ဂယက်က မပြီးနိုင် သေး။ VPN တွေ ban ပြီး၊ ခု မ ban နိုင်သေးတော့ VPN တွေ လိုက်စစ်နေသည် ဆို၏။ Facebook ကြောင့် သတင်း စီးဆင်းမှု မြန်၊ သိနေရတာဆိုပြီး ပြည်တွင်းမှာ Facebook သုံးမရအောင် လုပ်ထား၏။ ထို့ကြောင့် VPN သုံးကာ ကျော်ခွပြီး အနှီ Facebook ကို သုံးကြရ၏။ ကျနော်တို့ဆီမှာက Facebook တော်တော်လေး အသုံးများ၏။ ML ကို နိုင်ငံတော် အဆင့် MOBA game ဟု ပြောလို့ရရင် Facebookကိုလည်း နိုင်ငံတော် အဆင့် social media ဟု ပြောလို့ ရမည် ထင်၏။
တချို့ အတွက် Facebook က social media သက်သက်ပေမယ့် တချို့ အတွက်ကြပြန်တော့ ဘဝကြီး ဖြစ်နေတတ်ပြန်၏။ Facebook မှာ စီးပွားရေး ဘာညာ လုပ်နေသူတွေက ထားပါ။ Facebook ကို ဒီအတိုင်း အပျော်အနေနဲ့ သုံးသူတွေက Facebook မှ သုံးမရတော့ရင် သူတို့ရဲ့ ဘဝကြီးကပဲ အဓိပ္ပာယ် မဲ့သွား သလိုလိုပင်။ ရယ်တော့လည်း ရယ်ရသား။
ကျနော့် အတွက်တော့ Facebook က မရှိ မဖြစ် မဟုတ်နေပေ။ ကာလ တခုမှာတုန်းကတော့ မရှိမဖြစ် ဖြစ်ခဲ့ပါ၏။ ခုတော့ ထိုသို့ မဟုတ်တော့ပေ။ ကိစ္စတော်တော်များများမှာ စိတ်လည်း ထားတတ်လာခဲ့ပြီ။ အိမ်က Fighter နှစ်ယောက် လက်ချက်ဖြင့် ကျနော့် PC ထဲက Data တွေ ပျက်သွားပြီး ကတည်းက မက်မက်စက်စက်ကြီး သိပ်မရှိနေတော့ပေ။ တခုခုဆို အရင်လောက် မခံစား ဖြစ်တော့ပေ။ အဆိုပါ Data တွေထဲမှာ ကျနော့်၏ အမှတ်တရတွေ အများကြီး ပါသွားခဲ့၏။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေပေါ့။ ထိုသို့ ဖြစ်သွားပြီးသည့် နောက်မှာတော့ photo တွေကို cloud ပေါ်မှာပဲ သိမ်းထားတော့၏။
Facebook မရတော့ရင် ဆိုသည့် အတွေးကို တွေးထားခဲ့တာကတော့ ကြာခဲ့ပါပြီ။ တယောက်နဲ့ တယောက် Communicate လုပ်ဖို့က Facebook တခုထဲပဲ ရှိတာမှ မဟုတ်တာ။ တခြား social media apps တွေလည်း ရှိနေတာပဲကိုး။ Facebook ကို အခြေတည်ပြီး အလုပ် လုပ်သူတွေအဖို့တော့ အခက်တွေ့ဖို့ ရှိ၏။ တခြားသော platform တွေကို ပြောင်းရွှေ့ဖို့ စဉ်းစားကြရပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ အဆိုးထဲက အကောင်းကို တွေးရင်တော့ ကျနော်တို့တွေ ဟိုကွေ့မှာ ဒီတက်နဲ့ ဒီကွေ့မှာ ဟိုတက်နဲ့ သွားတတ်၊ လာတတ် လုပ်တတ်သွားကြသည်ပေါ့။ လောလောဆယ် အဆိုးထဲက အကောင်းဆိုပြီး ရှာကြံလို့ ရနေသေးပေမယ့် တချိန်မှာများ အဆိုးထဲက အဆိုးတွေပဲ ရလာလေမလားလို့လည်း တွေးပူမိသေး၏။ အဆိုးတွေ လွန်ပြီး အကောင်းတွေ ဖြစ်မြောက် လာဖို့တော့ ယုံကြည် မျှော်လင့် နေမိပါရဲ့။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
ဟုတ်သဗျို့ ကျွန်တော်လည်း အခု Facebook
သုံးမရတော့ တမျိုးတော့ဖြစ်နေသေး။
!LOLZ
!MEME
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
If you're not there, then I assume you're not a round.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ