မိုးပြေး လေလား
ညက မိုးရွာ၏။ ညလား၊ မနက်အာရုဏ် တက်လောက်လားကတော့ တိကျ မသိပေ။ အိပ်ပျော်နေတာကိုး။ ဒါပေမယ့် မိုးက အတော်ကြီးကြီး ရွာသည်မို့ ခဏ လန့်နိုးလာသေး၏။ အချိန်တော့ မကြည့်လိုက်မိပေ။ တော်တော် သဲသဲမဲမဲကို ရွာ၏။ သင်္ကြန်မိုးလို့ ပြောရအောင်လည်း မဟုတ်။ လွန်ခဲ့သော ၃ ရက် နေ့ခင်းတုန်းကလည်း မိုးရွာသေး၏။ အဲ့အချိန် ရွာတုန်းကလည်း သဲကြီးမဲကြီးကို ရွာ၏။ ပြီး နောက်တရက်မှာလည်း ထပ်ရွာ ပြန်သေး၏။ အင်း ... နွေပျောက်ပြီး မိုးများ တန်းရောက်တော့လေ မလား။
တညကုန်လုံးတော့ မရွာလိုက်ပေ။ ညက ရွာပေမယ့် မနက်ရောက်တော့ ကောင်းကင်က ကြည်ကြည်လင်လင်ပင်။ မသိရင် ညက မိုးမရွာထားသည့် အတိုင်းပင်။ မိုး၏ အကြွင်းအကျန် မြေတို့ စိုစွတ်နေသောကြောင့် ညက မိုးတော်တော် ရွာထားသည်မှာ သိသာ ထင်ရှား၏။
နွေမှာ မိုးရွာတော့ အပူ သက်သာသည်ဟုလို့တော့ ဆိုလို့ ရမည်။ ရက်သိပ်မခြားဘဲ မိုးရွာတော့ ဘာကြောင့်များလဲပေါ့။ မုန်တိုင်း ရှိသည်ဟုလည်း မကြားမိပေ။ ပြီး မုန်တိုင်းရှိတယ်ဆိုရင်လည်း မိုးက ဆက်တိုက် ရွာမည် မဟုတ်လား။ ခုက ရွာပြီးတာနဲ့ ကြည်ကြည်လင်လင် ပြန် ဖြစ်သွားလေ့ ရှိ၏။ ယခုလို ပုံစံကို ကျနော် သဘောကျ၏။ မိုးရာသီမှာလည်း ခုလိုလေး ဖြစ်ရင် ကောင်းမယ် တွေးနေမိ၏။ သို့ပေမယ့် မုတ်သုန်ကတော့ ကျနော့် အလိုကို လိုက်မယ် မထင်ပေ။
နွေကုန်လို့ မုတ်သုန် ဝင်ရင်တော့ မိုးရွာသည့် အပြင် အချိန်ပြည့် နီးပါး မိုးအုံ့ နေမှာ အမှန်ပင်။ ခုလိုလေး ရွာပြီး နေပြန်ပွင့်တော့ သွားရလာရတာလည်း လွယ်ကူ၏။ လျှော်ထားသည့် အဝတ်တွေ ဘာတွေလည်း အခြောက်ပြန်တာပေါ့။ ဘယ်လိုပဲ ကိုယ်က ဖြစ်ချင်တယ် ပြောပြော ရာသီဥတုကတော့ သူ့ သဘော သူဆောင်ပြီး သူ ဖြစ်စေချင်သလို ဖြစ်နေပေလိမ့်မည်။ လူသားတို့၏ အပြုအမူ၊ လုပ်ရပ်ပေါ်လည်း မူတည်တာပေါ့လေ။ ရာသီဥတု ဖောက်ပြန်စေတဲ့ ကိစ္စရပ်တွေမျိုး လုပ်မိရင် သဘာဝ ဘေးအန္တရာယ်တွေလည်း ကျရောက်နိုင်သည် မဟုတ်လား။
မည်သို့ပင် ဆိုစေကာမူ ယခု မိုးကြောင့် အပူ သက်သာတာကတော့ အမှန်ပင်။ သင်္ကြန် ပြီးရင်လည်း ခုလိုလေး ရွာရင်တော့ မဆိုးဟု တွေးမိ၏။ မိုးသာ ထပ်မရွာရင် ယခုထက် ပိုပြီး ပူလာနိုင်၏။ မိုးရာသီကို မကြိုက်ပေမယ့်လည်း နွေရာသီမှာ ခုလို မိုးလေး တဖြတ် ဝင်ဝင် ရွာပေးတာလေးကိုတော့ သဘောကျမိ၏။ ကျေးဇူးတက်ပါတယ် မိုးရေ။
နွေရောက်တော့ ပူလာသည်။
အခြားသူတွေဆီ မုန်တိုင်း တိုက်ပါမှ ကိုယ်တွေက
မိုးရွာပြီး အေးရတဲ့အဖြစ်ပါလေ။
!LOLZ
!MEME
lolztoken.com
You use a pumpkin patch.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
ဒီနှစ် မိုးကောင်းမယ် !PIZZA
Hive.Pizza upvoted this post.
$PIZZA slices delivered:
@ansoe(1/5) tipped @donjaun
You can now send $PIZZA tips in Discord via tip.cc!
!MEME. !LUV
အပူ သက်သာသွားတာပေါ့...ရန်ကုန်ဘက်တော့ မရွာသေးဘူး...
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!