မိုး
မကြာမီ မိုးရာသီသို့ ရောက်ဝော့မည်။ ဇွန်လမှ မိုးရာသီ စသည်ဆိုက ၂ ပတ်တာတော့ လိုသေး၏။ ပူလွန်းတော့လည်း မိုးကို မျှော်ကြရပြန်၏။ မိုးကာလရောက်ပြန်တော့လည်း ရွာလွန်းလို့ ဆောင်းကို တမ်းတကြပေလိမ့်ဦးမည်။ လူ့စိတ် လူ့သဘောက ရယ်ရသား။ သက်ရှိတွေရယ်မှ မဟုတ် သစ်ပင် ပန်းပင်လေးတွေလည်း မိုးကို မျှော်နေကြမည် ထင်ပါ၏။
စိုက်ပျိုး ထုတ်လုပ်သူတို့ မိုးမျှော်ကြသလို ဝယ်ယူ စားသုံး သူတို့လည်း မိုးမျှော်ကြ၏။ နှစ်ဦး နှစ်ဘက်လုံး အဆင်ပြေကြဖို့ပဲ မလား။ ယခင် အိမိ အဟောင်းမှာတုန်းက တချို့ အသီးအနှံတွေ ဝယ်စရာ မလိုပေ။ ဆူကာသီး၊ ဆူကာရွက်၊ ပဲလိပ်ပြာ အစရှိသည်တို့ဆိုရင် အိမ်စားလို့ လောက်သည့်အပြင် အခြားသူများကိုပါ ဝေငှပေးလို့ရ၏။ သရက်သီးဆိုရင်လည်း ဖောခြင်းသောခြင်းပင်။ ထောပတ်သီးတောင် အဆစ်ပါသေး၏။
ဘယ်သူ စိုက်လဲ မေးက အမေပေါ့ဟု ဖြေရမည်။ အမေက အားရင် အားသလို၊ အချိန်ရရင် ရသလို သီးပင် စားပင်လေးတွေ စိုက်လေ့ ရှိ၏။ ဒီဘက်အိမ်မှာလည်း စိုက်ပါ၏။ လာမနေခင် ကတည်းကကြိုပြီး နှစ်ရှည်ပင်တွေ ကြိုတင် စိုက်ထားခဲ့ပြီးသား။ တချို့ အပင်တွေဆို အမေနှင့်အတူ ကျနော် လိုက်စိုက်ကူခဲ့သေး၏။ ကျနော့် ဦးလေး (အမေ့ မောင်) က ဒိုင်ခံ ရေလောင်း၊ ပြုစု ပေး၏။ ဦးလေးတို့ မိသားစုက ကျနော်တို့ လာ မနေခင် ကတည်းက ခြံထဲမှာ နေနှင့်နေကြပြီး ဖြစ်၏။ အမေကော၊ ဦးလေးကော အပင်စိုက် ဝါသနာ ပါကြ၏။
ဒီဘက်ခြံမှာက မြေသိပ်မကောင်းပေ။ ဆူကာ၊ ပဲလိပ်ပြာ စိုက်ထားပေမယ့် မဖြစ်ပေ။ အနေကတော့ မြေပြင်မှ ရမယ်ဟု ဆို၏။ မြေဆွေးတွေ ဘာတွေ ဝယ်ပြီး သေချာလေး လုပ်လိုက်ရင်တော့ အဆင်ပြေမည် ထင်၏။ နှစ်ရှည် ပင်တွေကတော့ သူဟာနဲ့သူ ရှင်သန် ကြီးထွားလို့ နေ၏။
မိုးလာတော့မယ် ထင်ပါရဲ့ သစ်ခွပင်လေးက အဖူးလေးတွေ စတွေ့နေရပြီ။ တခြားဟာတော့ မသိ တောင်ပေါ် ဒေသမှာ ပိတောက်ကတော့ အပွင့် နောက်ကျ၏။ သင်္ကြန်ပြီးမှကို ပွင့်ဝေလေ့ ရှိ၏။ အချိန်သင့်အခါသင့် ဆိုတာမျိုးထက် အဆင်ပြေသလို ပွင့်ဝေလေသလားတော့ မသိပေ။
မိုးမလာခင် ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ထားဦးမှပါလေ။ ပြင်သည် ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပေမယ့် တကယ်ကြီးကြပ်သူက အမေ ဖြစ်၏။ ကျနော်ကတော့ တောက်တိုမယ်ရ နှမ်းဖြူးပေါ့လေ။
USE #BILPCOIN OR #BPC TO EARN BILPCOIN
By @hivewatchers @adm @logic @cwow2 @solominer @steemcleaners and gang join Blurt it has no downvotes
https://www.publish0x.com/the-dark-side-of-hive
https://blurt.blog/burn/@bilpcoinbpc/vdqyh-the-dark-side-of-hive-hivewacthers-and-gang-are-killing-and-burn-time
STOP THE DOWNVOTE ABUSE ON HIVE
Via Tenor
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
ERROR: Joke failed.
@bpcvoter3, You need more $LOLZ to use this command. The minimum requirement is 0.0 LOLZ.
You can get more $LOLZ on HE.
ပုန်းညက် တို့ရောက်ရှိကြောင်း
ကြေငြာတော့မယ်လေ။
!LOLZ
!MEME
lolztoken.com
Authoritis!
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
ENTER @WIN.HIVE'S DAILY DRAW AND WIN HIVE!
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !COFFEE from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻