မကြည့်ဘဲလည်း မနေနိုင်
ဒီတပတ်မှာတော့ EPL Round 5 ပွဲစဉ်တွေ ကစားကြမည် ဖြစ်၏။ စနေနေ့မှာ 6 ပွဲ၊ တနင်္ဂနွေနေ့မှာ 4 ပွဲကစားကြမည် ဖြစ်၏။ Round 5 ၏ အဖွင့်ပွဲကို မာဆေးဆိုက် ဒါဘီနှင့် စတင် ဖွင့်လှစ်မည် ဖြစ်၏။ မြန်မာစံတော်ချိန် ညနေ 6 နာရီမှာ Liverpool vs Everton တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ Everton အနေနဲ့ ဘယ်လို အနေအထား အခြေအနေမျိုးမှာ ရောက်နေနေ Liverpool အသင်းနှင့် တွေ့ဆုံရင် ရေကုန်ရေခမ်း ကစားလေ့ ရှိ၏။ မြို့ခံ ပြိုင်ဘက်တွေမလား။ အောင်မြင်မှုခြင်း ကွာခြားလှပေမယ့် နှစ်သင်း တွေ့ဆုံမှုတွေက အကြိတ်အနယ် ရှိနေဆဲပင်။
Liverpool ၏ နိုင်ပွဲ ဆက်နေမှုကို Everton တို့ ရပ်တန့်နိုင်မလား။ ဒါမှမဟုတ် Liverpool ကပဲ နောက်ထပ် နိုင်ပွဲ တပွဲ ရယူသွားမလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။
ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ ပြောလို့လည်းရ၊ ပြောလို့လည်း မရသည့် ပွဲစဉ်ကတော့ Man United vs Chelsea တို့၏ ပွဲစဉ် ဖြစ်၏။ United fan တွေ အဖို့တော့ ပွဲစဉ်ကောင်းပေါ့လေ။ ဒါပေမယ့် လက်ရှိ အသင်း၏ အနေအထား နိမ့်ကျနေမှုက ပွဲကောင်း ဖြစ်လာနိုင်ဖို့ မလွယ်လှပေ။ United က အသင်းကြီး အနေအထားမှာ ရှိမနေတော့ပေ။ အလယ်အလတ် အဆင့်တောင် မရှိတော့ပေ။ ဖျက်မြင်း အနေအထားလောက်သာ ကျန်တော့မည်။
ရာသီ အစမှာကတည်းက အသင်းကြီးတွေနဲ့ တောက်လျောက် တွေ့လာနေခဲ့၏။ Arsenal, Man City တို့နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီးပြီ။ နှစ်သင်းလုံးကို မနိုင်ခဲ့ပေ။ ခု Chelsea နှင့် ကစားရမည်။ နောက်ထပ် မလွယ်ကူသည့် ပွဲစဉ်တပွဲပင်။ United ဘာတွေ လိုအပ်နေတာလဲ၊ ဘာကို အဓိက ပြင်ဖို့ လိုနေတာလဲ။ နည်းပြတွေ တယောက်ပြီး တယောက်၊ ကစားသမားတွေ တယောက်ပြီး တယောက် ရောက်လာလိုက်၊ ထွက်သွားလိုက်နဲ့ အသင်းက တည်ငြိမ်သည့် အခြေအနေမှာ ရှိမနေခဲ့ပေ။
ဒီနှစ်အပိုင်းအခြားထဲ ဖလားအချို့ ရယူနိုင်ခဲ့ပေမယ့် ထူးခြားကောင်းမွန်နေသည့် ခြေစွမ်းမျိုး ပြသထားနိုင်ခြင်း မရှိပေ။ ပိုကောင်းမလာဘဲ ပိုလို့သာ ဆိုးလာနေခဲ့၏။ ယခု Chelsea အပြင် နောက်ထပ် နှစ်ပွဲလောက်သာ ရလဒ်တွေ ဆိုးရွားနေဦးမယ် ဆိုရင် နည်းပြ Amorim ရဲ့ ထိုင်ခုံနေရာ လှုပ်ခတ်မှုတွေ ရှိလာနိုင်၏။
ရာသီ အဖွင့် အိမ်ကွင်းမှာ Arsenal ကို ရှုံးနိမ့်ထား၏။ ပြီးခဲ့သော တပတ်မှာတော့ Man City ကို အဝေးကွင်းမှာ ရှုံးထား၏။ ခု အိမ်ကွင်းမှာ Chelsea ကို ဧည့်ခံကစားရမည် ဖြစ်၏။ United တို့ ပြန်လာနိုင်ပါ့မလား။ နန်းကျ ဘုရင်အနေနဲ့ တချိန်က ရွှေထီး စောင်းနိုင်ခဲ့ခြင်းတွေကို တဖန်ပြန်လည်လို့ မဖော်ဆောင်နိုင်တော့ဘူးလား။ အတိတ်ကိုပဲ မျှော်ငေးကြည့်နေရတော့မှာလား။ အနာဂတ်မှာ အရင်လို ပြန် မဖြစ်နိုင်တော့ဘူးလား။
(photos from respective Facebook pages)
ယူနိုက်တက်တို့ ပြန်လာပါပြီလေ။ ယူကတော့ ပွဲပြီးခါနီး ရင်ခုန်စိတ်လှုပ်ရှားရလေပဲ။ အဲ့တာလည်း ကောင်းပါတယ်လေ တစ်ယောက်လျော့မှပဲ ယူတို့နိုင်တော့တယ်လို့ အပြောမခံရတော့ဘူးပေါ့ 😅😅😅
!PIZZA
!sbi status
Hi @myanmarkoko!
Have you seen our website?
It's a great resource to check your Hive SBI levels, along with your history of who has sponsored you and what upvotes we have provided you!
$PIZZA slices delivered:
@myanmarkoko(1/5) tipped @donjaun
Come get MOONed!