Manchester Derby

International break ကြောင့် ဒီတပတ်မှာ EPL ပွဲစဉ်များ မရှိပေ။ ဒါပေမယ့် WSL ပွဲစဉ်များ ရှိသဖြင့် တော်သေးသည် ဆိုရမည်။ ဒီနေ့ညမှာ ပွဲကောင်း တပွဲ ရှိနေ၏။ Man City women vs Man United women တို့၏ Manchester Derby ပွဲစဉ် ဖြစ်၏။ WSL Round 9 ပွဲစဉ် အဖြစ် ကစားမည် ဖြစ်၏။

အသင်း အားလုံး နီးပါး 8 ပွဲ ကစားပြီးချိန်မှာ ( Aston Villa & Liverpool က 7 ပွဲသာ ကစားထားပြီး) Man City က 7 ပွဲနိုင် 1 ပွဲ ရှုံး ရမှတ် 21 မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ Chelsea အသင်းက 6 ပွဲနိုင် 2 ပွဲ သရေ ရမှတ် 20 ဖြင့် အဆင့် 2 နေရာမှာ ရပ်တည်နေ၏။ Man United ကတော့ 5 ပွဲနိုင် 2 ပွဲ သရေ 1 ပွဲ ရှုံး ရမှတ် 17 မှတ်ဖြင့် အဆင့် 3 နေရာမှာ ရပ်တည်နေပါ၏။

ထို့ကြောင့် ယနေ့ည Man City vs Man United တို့၏ ပွဲစဉ်က ကြည့်ကောင်းမယ့် ပွဲတပွဲ ဖြစ်လေ၏။ City ကလည်း အမှတ် ဖြတ်ထားနိုင်ဖို့ United ကလည်း အမှတ် ကွာဟမှု လျော့ချဖို့ ကြိုးစားကြပေလိမ့်မည်။ ထို နှစ်သင်း တွေ့ဆုံမှုကနေ အခွင့်အရေး အရယူမယ့် အသင်းကတော့ Chelsea ဖြစ်၏။

Chelsea ကတော့ ဒီတပတ်မှာ Liverpool အသင်းနှင့် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်၏။ ရလဒ်တွေ ဆိုးရွားနေတဲ့ Liverpool အနေဖြင့် Chelsea အသင်းနဲ့ ပွဲက ခက်ခဲနိုင်၏။ ခုချိန်ထိ နိုင်ပွဲ တပွဲမှ မရယူထားနိုင်သေးသည့် Liverpool အနေနဲ့ နောက်ထပ် ရှုံးပွဲ ထပ်မံ ကြုံတွေ့သွားရနိုင်၏။

ဒီတပတ်မှာ Manchester Derby အပြင် London Derby ပွဲစဉ်လည်း ရှိနေပါသေး၏။ Tottenham vs Arsenal တို့၏ ပွဲစဉ် ဖြစ်၏။ နှစ်သင်းလုံးက 15 မှတ်စီဖြင့် အဆင့် 4 & 5 နေရာမှာ ရပ်တည်နေကြ၏။ နိုင်ငံတကာ ပွဲစဉ်တွေက ညသန်းခေါင်ကျော်တွေ ဖြစ်နေချိန်မှာ ခုလို အစောပွဲစဉ်လေးတွေ ရှိနေလို့ တော်သေးသည်ဟု ပြောရပေလိမ့်မည်။ ကြည့်မယ်ဗျာ။



0
0
0.000
0 comments