Man United vs Arsenal
Tottenham နှင့် Man City တို့ကတော့ EPL Round 1 မှာပြိုင်ဘက်တွေကို အသီးသီး အနိုင်ရယူခဲ့ကြ၏။ Tottenham က Burnley ကို 3-0 ဖြင့် Man City က Wolves ကို 0-4 ဂိုးဖြင့် အသီးသီး အနိုင်ရသွားခဲ့ကြ၏။ အသင်းကြီးတွေ နိုင်ပွဲရနေကြသည်ဟု ဆိုရမည်။ ထူးခြားနေတာက တန်းတက် Sunderland ပင်။ အိမ်ကွင်းမှာ West Ham ကို 3-0 ဖြင့် ဂိုးပြတ် ကစားပြီး အနိုင်ယူသွားခဲ့၏။
Xhaka ၏ တကျော့ပြန် Premier League ခရီးကတော့ အဖွင့်လှသွားခဲ့လေ၏။ Arsenal အသင်းမှာ 2016 ကနေ 2023 ရာသီ ထိ ကစားသွားခဲ့ပြီး Leverkusen အသင်းမှာ 2023 ကနေ 2025 ရာသီ ထိ ကစားကာ နည်းပြ Xabi Alonso နှင့်အတူ Leverkusen အသင်း၏ တကျော့ပြန် အောင်မြင်မှုတွေမှာ အတူ ပါဝင်ခဲ့၏။ ခုလည်း EPL သို့ သူ ပြန်လာခဲ့ပြီ။ Sunderland ၏ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်ကစားပြီး အကောင်းဆုံး လုပ်ဆောင်ပြခဲ့၏။
ဒီနေ့မှာတော့ 3 ပွဲကစားဖို့ ရှိ၏။ ဒီနေ့လည်း ပွဲကောင်းတွေ ချည်းပဲ။ Chelsea vs Crystal Palace, Nottm Forest vs Brentford, Man United vs Arsenal တို့၏ ပွဲစဉ်တွေ ဖြစ်၏။ နှစ်တိုင်း အခြား EPL အသင်းတွေထက်စာရင် ကစားသမား ဖြည့်တင်းမှု အများဆုံး လုပ်လေ့ရှိတဲ့ Chelsea ဒီနှစ်မှာလည်း ခေါ်ယူ ဖြည့်တင်းမှုတွေ လုပ်ထား ပြန်၏။ Crystal Palace က မနှစ်က FA ဖလား ရခဲ့သလို ရာသီအဖွင့် Community Shield မှာလည်း Liverpool ကို အနိုင်ရထားခဲ့၏။ လျော့တွက်လို့ မရသည့် အသင်းတသင်း ဖြစ်နေပြီဟု Crystal Palace က သတိပေးလာခဲ့လေပြီ။
နည်းပြနဲ့ အဓိက ကစားသမားအချို့ ထွက်ခွာသွားသည့် Brentford အနေဖြင့် အဝေးကွင်းမှာ Nottm Forest ကို ဘယ်လို တုံ့ပြန် ကစားမလဲက စိတ်ဝင် စားစရာပင်။
Super Sunday ရဲ့ အကောင်းဆုံးပွဲကတော့ Man United vs Arsenal တို့၏ ပွဲစဉ် ဖြစ်၏။ ရာသီကြို ခြေစမ်းပွဲတွေအရ Man United ၏ အနေအထားက သိပ်အဟုတ်ကြီးတော့ မဟုတ်သေးပေ။ မနှစ်က ရာသီတက်မှာမှ ရောက်လာရလို့၊ လိုချင်တဲ့ ကစားသမားတွေ မရလို့ ဆိုပြီး ပြောထားသည့် နည်းပြ Amorim ဒီရာသီမှာတော့ သူ့ ကစားကွက်နဲ့ အံဝင်မယ့် ကစားသမားတွေ အရခေါ်ထားနိုင်ပြီဟုပဲ ဆိုရလေမလားပေါ့။
ရာသီကြို ခြေစမ်းပွဲတွေအရ ကစားသမားသစ်တွေ၏ ခြေစွမ်းက ဆိုးရွားနေတာမျိုးတော့ မဟုတ်သလို ထူးပြီး ကောင်းနေတာမျိုးလည်း မတွေ့ရသေးပေ။ မည်သို့ပင် ဆိုစေ EPL ကန့်လန့်ကာကတော့ ဖွင့်လှစ်ခဲ့လေပြီ။ အဖွင့်ပွဲမှာ United တို့ မည်သို့ အသုံးတော်ခံမယ်ဆိုတာကတော့ မကြာမီ သိရပေတော့မည်။
(photos from United page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP