Lower than Average

avatar

United တို့ Round 1 မှာ Arsenal ကို 0-1 ဖြင့် ရှုံးနိမ့်သွားခဲ့၏။ အဖွင့် မလှခဲ့ဟု ဆိုရပေမယ့် ကစားပုံ ကစားကွက်တော့ ကောင်းခဲ့သည်ဟု ပြောရပေလိမ့်မည်။ မနှစ်ကထက်စာရင် ကစားပုံ အများကြီး ကောင်းလာခဲ့၏။ မနေ့က Arsenal နဲ့ ပွဲမှာလည်း ရှုံးခဲ့ပေမယ့် တိုက်စစ်ဆင် ဖိအားပေး ကစားနိုင်ခဲ့၏။ အဆုံးသတ် မသေချာသောကြောင့်သာ လိုအပ်နေသည့် ဂိုးတွေ မရခဲ့ခြင်း ဖြစ်၏။ ရလဒ် ရှုံးပေမယ့် ခြေစွမ်း မရှုံးဟု ပြောလို့ရပေလိမ့်မည်။

United ပရိတ်သတ်တွေက ခုလိုတွေ တွေးတော ပြောဆိုနေကြသလို၊ Arsenal ပရိတ်သတ်တွေကလည်း အသင်း နိုင်ပေမယ့် ခြေစွမ်းပိုင်းကို အားမလို အားမရ ဖြစ်နေကြ၏။ တကယ်လည်း မနေ့က ပိုကောင်းသည့် အသင်းက United ဖြစ်၏။ ဒါပေမယ့် ကောင်းတိုင်း နိုင်မည် မဟုတ်၊ ဂိုးသွင်းနိုင်မှသာ နိုင်မည် မဟုတ်ပါလား။

Chelsea ကလည်း Crystal Palace ကို သရေကျသွားခဲ့၏။ အသင်းကြီးတွေ အနေနဲ့ Round 1 ကတည်းကစလို့ အခြေအနေကောင်းနေသည်ဟု ဆိုရပေလိမ့်မည်။ အခြေအနေ မကောင်းတာက ကျနော့် FPL အသင်း ဖြစ်၏။ Average အမှတ်တောင် မရပေ။ ခုမှ Round 1 ရှိသေးတယ် တာထွက် ကတည်းက လွဲလို့ နေခဲ့ပြီ။

Average 51 မှတ်ကို ကျနော်က 46 မှတ်သာ ရခဲ့၏။ အများဆုံးက 128 မှတ်တဲ့။ ခုထိ FPL မှာ တခါသားမှ အမှတ် 100 မရဖူးပေ။ လူစာရင်း အပြောင်းအလဲတော့ လုပ်မှ ရပေလိမ့်ဦးမည်။ ရှေ့တန်း က အဆင်ပြေနေပြီ။ အလယ်နဲ့ နောက်တန်းကို ပြင်ရပေလိမ့်မည်။ Free transfer က တပတ်ကို တကြိမ် ဆိုတော့ တနေရာ ပြီးမှ တနေရာပေါ့လေ။

Liverpool က Robertson နေရာမှာ United က Dorgu နှင့် လဲလှယ် လိုက်၏။ မနေ့က Dorgu ကစားသွားသည့် ပုံစံအရ ဒီရာသီမှာ သူ ပွဲထွက်ခွင့် အများကြီး ရနိုင်၏။ အလယ်တန်း ကစားသမား တယောက်လည်း လဲရပေလိမ့်ဦးမည်။ အဲ့နေရာ အတွက်ကိုတော့ နောက် တပတ်မှပေါ့လေ။



0
0
0.000
1 comments
avatar

မန်ယူက ဒီရာသီ မျှော်လင့်ချင်စရာကြီးပါ။ ပွဲဉီးထွက်ရှုံးပေမဲ့ ဒီခြေစွမ်းသာ ထိန်းထားနိုင်ရင် နောက်ပွဲတွေ နိုင်ဖို့ သေချာနေပါပြီ။

0
0
0.000