ကျနော် သိသလောက်
steembasicincome ဒီနာမည်၊ ဒီအကောင့်ကို steemit တုန်းကတည်းက သူတွေကတော့ ရင်းနှီးကြမည် ထင်၏။ ဒီနေရာမှာ အရိုးသားဆုံး ဝန်ခံရရင် ကျနော်က နာမည်သာ ကြားဖူးခဲ့တာ သူ့ အကြောင်း အသေးစိတ်နှင့် ဂဃနဏတော့ မသိပေ။ Hive သို့ ပြောင်းလာပြီး နှစ်အတော်ကြာမှ သူ့ကို ပြန်စပ်စု မိတော့၏။ ဒါကလည်း မအိ @eieikhing ၏ ကျေးဇူးတွေ ပါ၏။
စာ ပြန်ရေး၊ ပိုစ့် ပြန်တင်တာ မကြာသေးသည့် မအိ၏ ပိုစ့်တွေကို ကြည့်ရင်း၊ ဖတ်ရင်း၊ vote ပေးရင်းက ပိုစ့်တိုင်း နီးပါးမှာ လာလာ vote ပေးထားသည့် sbi1, sbi2, sbi3, etc. အစရှိသည့် account လေးကို သတိထားမိ၏။ သို့နှင့် သွားရှာကြည့်တော့ အဆိုပါ steembasicincome ကို သွားပြန်တွေ့ခြင်း ဖြစ်ချေ၏။
အကျဉ်းချုံးပြီး လောလောဆယ် ကျနော် နားလည်သလောက် ပြောရသော် vote ပုံမှန်ရနိုင်သည့် သဘောလေး ဖြစ်၏။ အမှန်တော့ ထို့ထက်ပိုပြီး ကျယ်ပြန့်ပါ၏။ အဆိုပါ steembasicincome ၏ website link ကိုပါ တပါတည်း ထည့်ပေးလိုက်ပါမည်။ တဆိတ်ဖတ်ရှုကြည့်ပြီး ပိုမိုသိရှိလာခဲ့ပါရင်လည်း ထပ်မံ မျှဝေပေးကြပါဦး။
ဒီမှာ link
Vote အားဖြင့်က အများကြီးတော့ မဟုတ်ပေ။ နို့ပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ voting တန်ဖိုး တိုးလာ၊ များလာအောင် လုပ်လို့ရနိုင်မည့် နည်းလမ်းတွေ ပါတန်ကောင်း၏။ လောလောဆယ် အနေအထားမှာတော့ 0.02$-0.03$ ကြားလောက်တော့ vote ရ၏။ sbi 1,2,3 ဘာညာ နေကြာကွာစေ့လေးတွေ လာ vote ပေး၏။
သူတို့ လာ vote ပေးဖို့ တနည်းအားဖြင့် ဒီအစီအစဉ်လေးမှာ ပါဝင်နိုင်ဖို့က လွယ်လွယ်လေး ဖြစ်၏။ @steembasicincome ကို 1 Hive လွှဲပေးလိုက်ရုံပင်။ memory မှာ မိမိ sponsor သို့မဟုတ် support ပေးလိုသည့်သူ၏ hive account လေးထည့် ပေးလိုက်ရုံပင်။ အရေးကြီးတာက ကိုယ့်နာမည်ကို ကိုယ်ပြန်မထည့်ဖို့ ဖြစ်၏။ မပူပါနဲ့ သူကော၊ ကိုယ်ကော vote ရပါတယ်ဗျ။ တယောက်ထက် ပို support ပေးလိုလျှင်လည်း ရ၏။ 3 ယောက် support ပေးလိုလျှင် နာမည် (account ) 3 ခု transition 3 ခါ လွှဲရင် သော်လည်းကောင်း transition 1 ခုထဲကိုပဲ 3 hive နှင့် account name 3 ခု တပါတည်း ထည့်ပေးလိုက်လျှင်လည်း ရ၏။ account name ရှေ့မှာတော့ @ လေးတွေ ထည့်ပေးဖို့ လို၏။
အသေးစိတ်နှင့် အကျယ်ကိုတော့ ပူးတွဲပါ link မှာ သွားရောက် ဖတ်ကြည့်နိုင်ပါတယ်ဗျ။ ပိုပြီးသိလာတာ ရှိရင်လည်း ပြန်ပြီး ပြောပြပေးပါဦးလို့ ထပ်မံတောင်းဆို ပါရစေ။
အားလုံးပဲ နေ့စဉ် ပိုစ့်တွေ တင်နိုင်ပြီး vote တွေလည်း အများကြီး ရကြပါစေ။
passwordတွေပြောင်းလိုက်တော့လာမvoteတော့ဘူးကိုဒွန် ထပ်ပြန်လုပ်ရမယ်ထင်တယ်နော်
ဆိုင်တော့ မဆိုင်လောက်ဘူးဗျ။
ဟို spaminator ကြောင့်များလားပဲ။ ခဏစောင့်ကြည့်ပြီးမှ မလာရင်တော့ ပြန်ထပ်လုပ်ကြည့်ရမှာပဲဗျ။
!pizza
ကျေးဇူးဗျာ အဲ့ဟာလေး ကျွန်တော်လည်း သိချင်နေတာ။
!PIZZA
!MEME
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(2/10) tipped @donjaun
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !COFFEE from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
😍