ကျကျ တက်တက် ရေးရေး တင်တင်

Hive ဈေးကို မေ့ထားခဲ့တာ ကြာပြီ။ Crypto ဘိုးအေကြီး BTC ကျနေမှတော့ ကိုယ်တွေ Hive က ဘာမို့လဲပေါ့။ Hive က တခြား tokens တွေ ဈေးတက်ရင်သာ လိုက်မတက်တာ ကျရင်တော့ လိုက်ကျလေ့ ရှိနေပါရောလား။ HBD က 1$ နဲ့ ညီမျှနေအောင် stable လုပ်ထားလို့ တော်သေးသည် ပြောရမည်။

Hive တက်မယ့်ချိန်ကို မျှော်နေမှ ကိုယ်ရွှေ Hive က ယခင်ထက်ကို ပို၍ ဈေးကျလို့ လာနေခဲ့၏။ ဒီလောက် ကောင်းသည့် platform က ဘာလို့များ ပိုပြီးသိ၊ ပိုပြီး မသုံးကြတာလဲလို့လည်း တွေးနေမိ၏။ Binance, Bitget မှာတော့ Hive ကို တွေ့နေရပေမယ့် Bybit မှာတော့ Future Trade မှာပဲ ရနေသေး၏။

ဒီရက်ပိုင်း ဘောလုံး အကြောင်းတွေပဲ အရေးများနေခဲ့၏။ ပွဲတွေကလည်း ဆက်နေတာကိုး။ နက်ဖြန် မနက် အစောပိုင်းမှာတောင် EPL Round 14 ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေသေး၏။ United ကတော့ Friday မှ ကစားရမည် ဖြစ်၏။ နက်ဖြန် မနက် ၂ နာရီနှင့် ၂ နာရီ ၄၅ မိနစ် ဝန်းကျင်တွေမှာ ကစားသွားမည် ဖြစ်၏။ နက်ဖြန် မနက် ၂ နာရီခွဲမှာ Barcelona vs Atletico Madrid တို့၏ ပွဲစဉ်လည်း ရှိနေသေး၏။

လောလောဆယ် Barcelona က ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၁ Atletico Madrid ကတော့ ရမှတ် ၃၁ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေ၏။ ကြည့်လို့တော့ ကောင်းပေလိမ့်မည်။ နို့ပေမယ့် ၂ နာရီခွဲဆိုတော့ ထ ကြည့်မနေတော့ပေ။ ရာသီဥတုက အေး၏။ အိပ်ရာထဲကနေ ကြည့်လို့ရသည် ဆိုပေမယ့် အိပ်ရေးပျက်မှာမို့ မကြည့်နေတော့ပေ။ မနက်ထမှ Highlights ပြန်ကြည့်တော့မယ်။

Hive ဈေး ကျနေတော့ HBD ကနေ Hive ကို swap ရတာ ပျော်ဖို့ ကောင်း၏။ Hive တွေ အများကြီး ရသည်ကိုး။ power up ဖို့တော့ မဟုတ်ပေ။ Hive ဈေး ပြန်တက်လာရင် ရောင်းမယ်ဆိုသည့် အတွေးနှင့် လဲလှယ်ထားခြင်း ဖြစ်၏။ ဈေးတွေကျတော့ vote ကနေ ပြန်ရတာလည်း နည်းနေခဲ့၏။ တခါတလေတော့ Power ကြီးသူတွေ မျက်စိလည် လမ်းမှားပြီး လာ vote ပေးတာမျိုးလည်း ရှိ၏။ ထိုအချိန်ဆိုရင်တော့ နည်းနည်း ပိုရတာပေါ့လေ။ ဘယ်လောက်ရရ ပိုစ့်ကတော့ ပုံမှန် ရေးတင်နေမှာ ဖြစ်၏။



0
0
0.000
2 comments
avatar

ကျွန်တော်က Hive ကနေ HBD ကို မျက်စိလည်ပြီ swap တာ။
!LOLZ
!MEME

0
0
0.000
avatar

ဘယ်နှယ့် ဘယ်လို
ဒါပေမယ့် အကျ ဖြစ်နေချိန်ကိုမှ နည်းနည်းပြန်တက်ချိန် swap တာမျိုးဆိုရင်တော့ တမျိုးပေါ့။

0
0
0.000