ကျေးဇူးပါ
Futsal ဖိနပ်က ကန်လို့ ရနေသေးတယ် ဆိုပြီး wifi ups ကို အရင် ဝယ်လိုက်၏။ ဝယ်ပြီးမှ ဘယ်ဖက် တဖက်က ပေါက်ပြဲလေတော့၏။ အကြီးကြီးတော့ မဟုတ် ကန်မယ်ဆိုရင်တော့ ကန်လို့ ရနေသေး၏။ သို့ပေမယ့် သိပ်တော့လည်း အဆင်မပြေလှပေ။ အစောပိုင်းကတည်းက ဖိနပ်၏ အောက်ခံ ဆိုးပြားက ပေါက်နေခဲ့ပြီးသား။ ဆိုးပြား အလွတ်တခု ဝယ်ပြီး ထည့်ကာ အဆင်ပြေအောင် ဖန်တီးထားရ၏။ မရှိသုံး အနေနဲ့တော့ ရပေမယ့် ရေရှည်မှာ ခြေထောက် အတွက် အဆင်မပြေနိုင်ပေ။
အလှစီး မဟုတ်ဘဲ ပြေးပြေးလွှားလွှား ကန်သွင်းရသည့် ဖိနပ်မျိုး ဆိုတော့ ဖိနပ်ကောင်းနေမှပဲ ခြေထောက် အတွက် အဆင်ပြေပေလိမ့်မည်။ ဒီအတိုင်း ဆိုရင်တော့ ဝယ်မှပဲ ရတော့မည်။ online ကနေ ဖိနပ်တွေ အရင် လိုက်ရှာ ကြည့်၏။ လက်ရှိ ကိုယ့်အခြေအနေနဲ့ ကိုက်ညီမယ့် ဖိနပ်မျိုး ရှာရ၏။ ဒီဇိုင်းပိုင်းထက် စျေးနှုန်းကို အရင် ကြည့်ရ၏။ ကိုယ်နိုင်လောက်တဲ့ စျေး ဖြစ်မှပဲ ဒီဇိုင်းကို ကြည့်၏။
အရင်က စီးခဲ့ဖူးသည့် versus တံဆိပ် ဖိနပ်လေးပဲ သွားတွေ့၏။ local brand ဖြစ်၏။ သူတောင် အရင်ကထက် စျေးတွေ တက်ကုန်ပြီ။ အေးလေ အခြေအနေ အချိန်အခါမှ မတူတော့ဘဲ။ ကျနော် စဝယ်စီးတုန်းက ၂ သောင်းမကျော်သည့် versus က ခုချိန်မှာတော့ ၃ သောင်းခွဲ နဲ့ ၄ သောင်းကြား စျေးဖြစ်သွားခဲ့၏။ ယခင် pan ဖိနပ်စျေးလောက် ဖြစ်သွား၏။ ယခု pan ဖိနပ်စျေး ဆိုရင် ၅ သောင်းကျော် ပေလိမ့်မည်။
စျေးလည်း အဆင်ပြေ၊ ကန်လို့လည်း အဆင်ပြေ သဖြင့် versus ပဲ ဝယ်ဖို့ တွေးလိုက်၏။ ကဲ Hive engine ထဲ ဝင်ကြည့်ရတော့၏။ tokens အတိုအစလေးတွေကို စုလိုက်တော့ 25 Hive လောက်တော့ ရ၏။ ၃ သောင်း နီးပါးလောက်တော့ ရှိမည်။ လက်ထဲ ရှိတာလေး ထပ်ဖြည့်ပြီး အားကစား ပစ္စည်းဆိုင်သို့ ချီတက်ခဲ့တော့၏။
versus myanmar ၏ page မှာတော့ ဖိနပ်စျေးက ၃ သောင်းခွဲ ဖြစ်၏။ ဒါက ဖြန့်ချီပေးသည့် နေရာကိုး။ ကိုယ်တွေ ဝယ်သည့် ဆိုင်မှာတော့ ၃၈၀၀၀ ကျပ် ပေးရ၏။ အေးပေါ့ ၃ ထောင်က သယ်ယူစားရိတ် နေပါလိမ့်မည်။ size 40 က တရံထဲ တရောင်ထဲ ကျန်တော့၏။ ယခင် versus တုန်းကတော့ size 39 ဝတ်၏။ ခု ဒီဇိုင်း အသစ်မှာက 39 က လုံးဝကို စီးကြည့်လို့ မရနေပေ။ သို့နှင့် 40 သာ ဝယ်လာခဲ့တော့၏။ ညနေက ကန်ရမည့်ရက် ဖြစ်နေတော့ ဘာဘာညာညာတွေ စဥ်းစား မနေတော့ပေ။ ကျေးဇူးတင်ပါတယ် Hive Blockchain ရေလို့ တီးတိုးလေး ရေရွတ်မိ၏။
!PGM !PIZZA
BUY AND STAKE THE PGM TO SEND A LOT OF TOKENS!
The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]
5000 PGM IN STAKE = 2x rewards!
Discord
Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP
Get potential votes from @ pgm-curator by paying in PGM, here is a guide
I'm a bot, if you want a hand ask @ zottone444
$PIZZA slices delivered:
@uthantzin(7/10) tipped @donjaun
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻