ကထိန်

ဒီနေ့ အိမ်က Champ နှစ်ယောက်၏ ကျောင်းကထိန် ဖြစ်၏။ ကျနော်တို့ တက်ခဲ့သည့် ကျောင်းမှာပဲ သူတို့ကို ထားလိုက်ခြင်း ဖြစ်၏။ ကထိန် လှည့်သည့် ပုံစံနှင့် ရက်တွေက ကျနော်တို့ တုန်းကလို မဟုတ်တော့ပေ။ ပြောင်းသွားခဲ့ပြီ။ စနစ်ပါ ပိုကျသွား၏။ ဒီနေ့ ကထိန်လှည့်ဖို့ မနေ့က ကျောင်းမှာ rehearsal လုပ်ကြသေး၏။ ကျောင်းဝန်းထဲမှာ ပဒေသာပင်တွေ စီတန်းထားပြီး ဘယ်အတန်းနောက်မှာ ဘယ်အတန်း ဆိုပြီး နေရာချထားခြင်းတွေ အစမ်း လုပ်ကြ၏။
ဒီနေ့ ဝတ်ဆင်ဖို့ အဝတ်အစားတွေကို ရှေ့ရက်တွေမှာ လိုက်လံ ရှာဖွေရ၏။ ရှမ်းဝတ်စုံ ဝတ်ကြမယ် ပြော၏။ အချို့ အတန်းတွေကတော့ ပအိုဝ့် ဝတ်စုံ ဝတ်ကြ၏။ တချို့ကတော့ ကျောင်းဝတ်စုံသာ ဝတ်ကြ၏။ ဝတ်စုံ လိုက်ရှာသည့် ရက်က အချိန်အတော်လေးကုန်၏။ တရက်ထဲနဲ့ မရပေ။ နောက်တရက်မှာ ထပ်ရှာမှ ရသွားခဲ့၏။
ဈေးကြီးနေတာရယ်၊ အဆင် မကြိုက်တာရယ်ကြောင့် ဖြစ်၏။ ခရီးသွားရာသီချိန်ဆိုတော့ ရိုးရာအထည်ဆိုင်တွေက ပုံမှန်ထက်ကို ဈေးပိုတောင်းကြ၏။ မြို့မဈေးကြီးထဲက ဆိုင်တွေမှာတော့ ဈေးမှန်၏။ ခုလည်း မြို့မဈေးကြီးထဲက ဝယ်ခဲ့တာပါပဲ။

ဝတ်စုံရမှပဲ တူမလေးလည်း ပြုံးရယ်နိုင်တော့၏။ သူ့မောင်က ရှမ်းဘောင်းဘီပေါ့။ အပေါ်ကတော့ ကျောင်းအင်္ကျီ အဖြူပဲ ဝတ်၏။ သူမောင် ဘောင်းဘီရသည့်ရက်မှာ သူ့ ဝတ်စုံ မရသေးတော့ မျက်နှာက မကောင်းပေ။ ဒီအတန်း ဒီအရွယ်လေးတွေက ဆရာ ဆရာမတွေ ပြောသည့်အတိုင်း တသွေမတိမ်းကို လုပ်ချင် ရချင်ကြ၏။ စာက လွဲလို့ပေါ့။ သူ့ အတွက် ဝတ်စုံ လိုက်ရှာသည့်ရက်က သားအမိ နှစ်ယောက် စကားတွေ များချင်ချင် ဖြစ်နေခဲ့၏။
တူမလေး မပါသည့်ရက်မှပဲ ဝတ်စုံက အဆင်ပြေ၏။ သူ ကျောင်းပြန်လာမှ စမ်းဝတ်ရင်း သဘောလည်းကျတော့ အေးဆေး ဖြစ်သွားခဲ့လေ၏။
ဒီနေ့ မနက်ကို အစောကြီး ထကြ၏။ မနက် 6 နာရီ အရောက်လာဖို့ ခေါ်ထား၏။ 7 နာရီ ကထိန် လှည့်မည်ဟု ပြော၏။ ကလေးတွေ သူတို့ဟာ သူတို့ထပြီး ပြင်ကြ ဆင်ကြ၏။ တကယ်ကို တက်တက်ကြွကြွနဲ့။ အရင် ကျောင်းသွားဖို့ဆို သူတို့ အဖွား အတော်လေး နှိုးရလေ့ ရှိ၏။ 10 နာရီလောက်နေတော့ ကျနော့် အမက သူ့သမီးကို သွားကြည့်ချင်တယ် ပြောလို့ ကထိန် လှည့်သည့် နေရာကို သွားပို့ ပေးရသေး၏။
ဒီနှစ် တောင်ကြီး တန်ဆောင်တိုင်က စည်ကားတယ်ထင်ပ။
PIZZA
!MEME
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
ဓါတ်ပုံတွေ ဗီဒီယိုတွေအရေတော့ လူများတယ်ဗျ။
ကျနော်တော့ မလည်ဖြစ်။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOPCheck out our last posts: